Sunday, June 22, 2014
ပိုင်ဆိုင်ကြောင်း အထောက်အထားခိုင်လုံပါက ဆင်းကတ်ပျောက်ပျက်များ (၅) ရက်အတွင်း ပြန်လည်ရရှိအောင်ဆောင်ရွက်ပေးမည်
ဇွန်(၆)၊ကလေး။
ကလေးမြို့ အော်တိုအိတ်ချိန်းရုံးတွင် ဆင်းကတ် ပျောက်ဆုံး ပျက်စီးမှုများအား (၅) ရက်အတွင်း ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ကလေးအိတ်ချိန်းရုံး တာဝန်ခံ အင်ဂျင်နီယာ ဦးမြင့်သန်းမှ ပြောသည်။
ဖုန်းဆင်းကတ်ပျောက်ဆုံး ပျက်စီးသူများ အနေဖြင့် အပတ်စဉ် ရုံးဖွင့်ရက်များအတွင်း အစဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိနေကြောင်း သိရသည်။
ကလေးအိတ်ချိန်းရုံး တာဝန်ခံ အင်ဂျင်နီယာ ဦးမြင့်သန်းက “ ဆင်းကတ်ပျက်စီးတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ငွေကြေးမယူပဲ အခမဲ့ ဆောင်ရွက်ပေးပါတယ်။ ပျောက်ဆုံးကဒ်တွေအတွက်တော့ အထောက်အထားအခိုင်အလုံနဲ့ ကျွန်တော်တို့ဆီ လာပြောရင် DM စာရွက် ထုတ်ပေးပြီး စာတိုက်ရုံးမှာ ငွေ နှစ်သောင်းကျပ် သွင်းရပါမယ်။ ဒီလိုကိစ္စလေးတွေ ပြီးတာနဲ့ (၅) ရက်လောက်နဲ့ ရအောင် ကြိုးစားပေးနေပါတယ်” လို့ ပြောသည်။
ကလေးမြို့တွင် ဆင်းကတ်ချထားပေးမှုနှင့် ပျောက်ဆုံး ပျက်စီးမှုများမှာ အနည်ငယ်သာ ဖြစ်ပေါ်လျှက်ရှိပြီး ဖုန်းဆင်းကတ်ပျက်စီးသူများအတွက် ဖုန်းကတ်ပြန်လျှောက်ရန် ဖုန်းစာချုပ် မိတ္တူ၊ မှတ်ပုံတင်မိတ္တူနှင့် ဖုန်းဆင်းကတ်အပျက်ကို ပူးတွဲ တင်ပြရမှာဖြစ်ပြီး ပျောက်ဆုံးသူများအတွက် ရဲစခန်းနှင့် သက်ဆိုင်ရာရပ်ကွက်ရုံးမှ ပျောက်ဆုံးကြောင်း ထောက်ခံစာပါ ပူးတွဲတင်ရမည်ဖြစ်ကြောင်း သိရသည်။
ဖုန်းဆင်းကတ် ပျောက်ပျက်သူများအား ကလေးမြို့ အော်တိုအိတ်ချိန်းရုံးတွင် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် (၉း၃၀) နာရီမှ နေ့လည် (၁း၃၀) နာရီ အချိန်အတွင်း ဆောင်ရွက်ပေးနေပြီး GSM ဆင်းကတ်များအား မန္တလေးရုံးသို့တဆင့် ပြန်လျှောက်ကာ Mec ဆင်းကတ်မျညးအား ရန်ကုန်သို့ တဆင့် ပြန်လျှောက်ပေးရကြောင်း သိရသည်။
ချစ်သူမောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment