
Sunday, January 18, 2015
အမျိုးသားရေးသီချင်းတွေ ဆိုတဲ့ လင်းထိုက်နဲ့ တွေ့ဆုံခြင်း

Friday, January 16, 2015
ဓမ္မစကူး လှုပ်ရှားမှု သတင်းများ ပေးပို့ပါ
ကလေးမြို့ရှီ ဓမ္မစကူးလ် လှုပ်ရှားမှုများအား atrhkl@gmail.com သို့ ပေးပို့နိုင်ပါသည်။
ကလေးမြို့ မင်္ဂလာဥယျာဉ် ကျောင်းရှိ ရုံးခန်းတွင်လည်း လာရောက် ပေးပို့ နိုင်ပါသည်။
ပြန်ကြားရေးနှင့် ဆက်သွယ်နိုင်ပါသည်။
Sunday, January 4, 2015
ကလေးမြို့ အထက(၃)ဓမ္မစကူးလ်ဌာနကလေးငယ်များအား လေ့လာရေးအနှစ်သာရသိစေရန် လေ့လာရေးခရီးထွက်
ဇန်န၀ါရီ(၄) ကလေး။
ကလေးမြို့ရှိ ဓမ္မစကူးလ် သင်တန်း အထက(၃) စိန်မေရီကျောင်း ဌာနမှ
ကလေးငယ်များအား ဦးဆောင်ဆရာတော်နှင့် ဓမ္မစကူးလ်ကော်မတီတို့ ပူးပေါင်းကာ
ဇန်န၀ါရီလ (၄) ရက်နေ့တွင် လေ့လာရေးခရီး ထွက်စေခဲ့ကြောင်း သိရသည်။
အဆိုပါ လေ့လာရေးခရီးစဉ်အဖြစ် ကလေးငယ်များအား ကလေးဒေသအနီး
ကံကြီး(ကံသာယာ)ကျေးရွာအနီးရှိ မြသိန်းတန် သမိုင်းဝင်စေတီနှင့် ၂၀၁၆ တွင်
စတင် လျှပ်စစ်ထုတ်လွှတ်နိုင်တော့မည်ဖြစ်သည့် ရာဇဂြိုဟ် ရေလှောင်တမံ
စီမံကိန်းများသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ဦးဆောင်ဆရာတော်
ဦးဝိသဒ(သာသနာ့ဓဇဓမ္မာစရိယ) မှ မိန့်သည်။
လေ့လာရေးခရီး ထွက်ရခြင်းနှင့် ပတ်သက်၍ ဦးဆောင် ဆရာတော်မှ ဦးဇင်းတို့
ဒီလို ကလေးတွေကို လေ့လာရေးထွက်ခိုင်းတာ နှစ်ကြိမ်ရှိပါပြီ။ ဒီနှစ်
မြသိန်းတန်စေတီနဲ့ ရာဇဂြိုဟ်ဆည်ကို ပို့ပေးမှာပါ။ အခုလို
လေ့လာရေးခရီးထွက်တာဟာ နားလည်ရင် နားလည်သလောက် ကလေးတွေအတွက်
အကျိုးရှိပါတယ်။ ဦးဇင်းတို့အနေနဲ့ ကလေးတွေကို တောထဲမှာရှိတဲ့
သမိုင်းဝင်စေတီကိုခေါ်မယ်။ တောထဲရောက်ရင် တောတောင်သဘာဝ အေးချမ်းမှုတွေ
လေကောင်းလေသန့်တွေအကြောင်း ပြောမယ်။ တောတောင်တို့ရဲ့ သဘာဝ တန်ဘိုးတွေကို
ကလေးတွေ နားလည်အောင် လက်တွေ့ရှင်းပြမယ်။ ကလေးတွေကို တောတွေတောင်တွေ
မဖျက်စီးအောင် သမိုင်းအမွေအနှစ်တွေရဲ့ တန်ဘိုးနားလည်အောင် ရှင်းပြမယ်။
တချို့ လေ့လာရေး ခရီးဆိုပြီး အမည်ခံထွက်တာတွေ များနေတယ်။ စုရုံးအော်ဟစ်
သွားကြတယ်။ တောထဲရောက် ထမင်းစား၊ ဂိမ်းကစား၊ ဓာတ်ပုံရိုက်နဲ့
ပြီးသာသွားတယ် အနှစ် သာရက ဘာမှ မကျန်ဘူးလေ။ အဲလို အဖြစ်အောင်
ဦးဇင်းတို့ ကလေးတွေကို ဂရုစိုက်ပြီး လေ့လာရေး ခရီးထွက်ခြင်းရဲ့ အနှစ်သာရ
ဘာလဲဆိုတာကိုပါ သိစေမြင်စေအောင် ပြချင်လို့ အခုလို လေ့လာရေး
ခရီးထွက်တာဖြစ်တယ် လို့ ဆက်လက် မိန့်သည်။
လေ့လာရေးခရီးတွင် ဓမ္မစကူးလ် ကလေးငယ်ပေါင်း ပထမတန်းမှ သတ္တမတန်းအထိ (၁၃၅)
ဦးပါဝင် ခရီးထွက်ခဲ့ကြပြီး ကလေးမြို့တွင် ဗုဒ္ဒဘာသာ ဓမ္မစကူးလ်
သင်ကြားရေးအနေဖြင့် (၂) နှစ်ကြာ ကာလသာ ရှိနေသေးပြီး ဓမ္မစကူးလ်ဌာနပေါင်း
(၁၁၀) ကျော် ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။
မင်းရဲစစ်နိုင်
Saturday, January 3, 2015
ကလေးမြို့ပေါ်ရှိ ဥပဒေမဲ့ အလှူခံမှုများအား သံဃာ့စည်းကမ်းထိမ်းသိမ်းရေးမှ စစ်ဆေးအရေးယူတော့မည်
ဇန်န၀ါရီ (၃) ကလေး။
ကလေးမြို့ပေါ်ရှိ သာသနာအား ညှိုးနွမ်း အကျည်းတန်စေသော သံဃာအယောင်ဆောင်များ
ဥပဒေမဲ့ အလှူခံခြင်းများအား ယခုနှစ်မှ စတင်ကာ အဆက်မပြတ် စုံစမ်း
အရေးယူမှုများ ပြုလုပ်သွားတော့မည်ဖြစ်ကြောင်း
သံဃာ့စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ ဥက္ကဌဆရာတော် ဘဒ္ဒန္တနန္ဒ၀ံသ(မင်္ဂလာဥယျာဉ်
ပရိယတ္တိစာသင်တိုက်) မှ မိန့်သည်။
သံဃာ့စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အနေဖြင့် ကလေးမြို့ပေါ်ရှိ ဥပဒေမဲ့
အလှူခံနေသော အဖွဲ့တစ်ဖွဲ့အား ဇန်န၀ါရီလ(၃) ရက်နေ့ကပဲ စစ်ဆေးခဲ့ပြီး
အဆိုပါ အလှူခံအဖွဲ့အား ခံဝန်လက်မှတ်ထိုးကာ ဆက်လက် အလှူခံခွင့်
ပိတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဥက္ကဌ ဆရာတော်မှ ဘုန်းကြီးတို့ ဒီနှစ်မှာ စပြီး
ကလေးမြို့ပေါ်မှာရောက်လာတဲ့ သံဃာအကြည်ညိုပျက်စေမည့် အလှူခံခြင်းတွေ
နောက်ပြီး သက်ဆိုင်ရာ အကြောင်းမကြားပဲ အလှူခံတဲ့ အဖွဲ့တွေ ညအိပ်ညနေ
ဘုန်းကြီးကျောင်းတွေ မှာ မတည်းပဲ အိမ်တွေမှာတည်းတဲ့ သံဃာတွေ
စာရွက်စာတမ်းအတုနဲ့ အလှူခံတာတွေ နောက်ပြီး သက်ဆိုင်ရာက ခွင့်ပြုတဲ့
ရက်ထက် ကျော်လွန်အလှူခံတာတွေ ဈေး လမ်း စတဲ့ လူစည်ကားတဲ့နေရာတွေမှာ
ကြည်ညိုဖွယ်မဆောင်ပဲ လိုက်ပြီး တစ်ပါးစ နှစ်ပါးစ အလှူခံတာတွေ ကို လိုက်လံ
စစ်ဆေးပြီး အရေးယူသင့်တာ အရေးယူ ခွင့်လွှတ်သင့်တာ ခွင့်လွှတ်
အဖွဲ့အစည်းအားလုံးပေါင်း ဆုံးဖြတ် လုပ်ဆောင်တော့မယ် လို့ မိန့်ကြားသည်။
ဇန်န၀ါရီ (၃) ရက်နေ့က စစ်ဆေးခဲ့သော အလှူခံ အဖွဲ့မှာ ပဲခူးတိုင်းမှ
အလှူခံအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ၄င်းတို့ ခွင့်ပြုချက်ရသော နေ့မှာ
ပြီးခဲ့သည့် ဒီဇင်ဘာလကဖြစ်ကြောင်း ယခု နှစ်ကူးသည်အထိ အလှူခံနေသဖြင့်
သွားရောက်စစ်ဆေးရာ လက်မှတ် မိတ္တူများသာ တွေ့ရှိရသဖြင့် အလှူခံခွင့်
ချက်ခြင်းပိတ်သိမ်း အရေးယူခဲ့ကြောင်း သိရသည်။
ကလေးမြို့ရှိ သံဃာ့စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အား ပြီးခဲ့သည့် ၂၀၁၄
ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့တွင် ကလေးမြို့နယ်လုံးဆိုင်ရာ ရတနာဘုံရွှေဘုံသာ
ဘုရားကြီးတွင် သံဃာစုံညီ သဘောတူ ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်
ဖုန်းနံပါတ်များကိုလည်း သက်ဆိုင်ရာ ရပ်ကွက် ကလေးမြို့ ရပ်ကွက် (၁၉)
ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံ ဝေငှ ထားကြောင်း အဖွဲ့အစည်းအား သာသနာတော်
ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သံဃာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့
အစည်းအဝေးမှတ်တမ်းများအရ သိရသည်။
မင်းရဲစစ်နိုင်
တစ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာညီလာခံ ကျင်းပ
ဒီဇင်ဘာ(၂၅)မန္တလေး။
မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာညီလာခံကြီးအား မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ခြေရှိ သစ္စဝေဒဂူ မိုးကုတ်ရိပ်သာတွင် ဒီဇင်ဘာလ (၂၅) ရက်နေ့မှ စတင်ကာ ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ညီလာခံကြီးအား မြန်မာတစ်နိုင်ငံလုံးအဆင့် ညီလာခံကြီးဖြစ်မြောက်ရေး မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေးနှင့် လူမှုကူညီရေးအဖွဲ့ များမှ တာဝန်ယူ ကျင်းပခဲ့ခြင်းဖြစ်ပြီး တတိယအကြိမ်အဖြစ် ကျင်းပခြင်းလည်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ညီလာခံကြီး ကျင်းပခြင်းနှင့် ပတ်သက်၍ ဟိတဓရ ဆရာတော် ဦးဝိမလာဘိဝံသ မှ အလွန်မြင့်မားတဲ့ နည်းပညာတွေကို အသုံးပြုပြီး အလွန်မြင့်မားတဲ့ ဥစ္စာဓနတွေ အသုံးပြုပြီး မီဒီယာလက်နက်နဲ့ ဥစ္စာဓန လက်နက်နဲ့ လက်နက်မျိုးစုံဖြင့် မမြင်နိုင်တဲ့ လက်နက်နဲ့ လက်နက်မျိုးစုံဖြင့် အရှိန်ဟုန် ပြင်းပြင်းဖြင့် တိုက်ခိုက်လာနေတာကို မိမိတို့ ဗုဒ္ဓဘာသာဝင်တွေက တစ်ကျောင်း တစ်ဂါဌာ တစ်ရွာ တစ်ပုဒ်ဆန်းနဲ့ လုပ်နေမယ်ဆိုရင် အခုခေတ် အင်အားကြီးမားတဲ့ မိစ္ဆာဒိဌိ အန္တရာယ်ကို ဘယ်လို နည်းနဲ့မှ ကာကွယ်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ရည်ရွယ်ချက် လုပ်ငန်းစဉ်တူတဲ့ ဆရာတော် သံဃာတော်များ အသင်းအဖွဲ့များ ပူးပေါင်းပြီးတော့ နိုင်ငံနဲ့ အ၀ှမ်း တစ်ခဲနက် ဆောင်ရွက်မှ ဖြစ်နိုင်လိမ့်မယ်လို့ ဘုန်းကြီးတို့ ဆရာတော်ကြီးတွေ ပေါင်းပြီးတော့ သဘောတူညီကြပြီး ဒီနေ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေး အဖွဲ့ကြီးကို ဖွဲ့စည်းလိုက်ပြီး ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွေ အခိုင်အမာ ရေးထားပြီး လှုပ်ရှားဆောင်ရွက်နေပြီဖြစ်ပါတယ်။ နောက်ပြီးနေရာဒေသ အသီးသီးဆိုတော့ အတွေ့အကြုံတွေ မတူညီနိုင်ဘူး အဲလို မတူညီတော့ အချင်းချင်း အပြန်အလှန်ကူညီ ရိုင်းပင်း ဆွေးနွေး ကူညီကြမယ်ဆိုရင် အလွန့်အလွန် ကောင်းမွန်တဲ့ ဘာသာ လူမျိုး နိုင်ငံအတွက် ရလာဒ်ကောင်းတွေ ထွက်လာမယ်။ မှန်ကန်တဲ့ အဖြေတွေ မှန်ကန်တဲ့ လုပ်ငန်းတွေ စနစ်တကျ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို ကောင်းတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာမကို မျှော်မှန်းပြီးတော့ ဒီလို ယဉ်ကျေးလိမ္မာ ညီလာခံကြီးကို ကျင်းပရခြင်းဖြစ်ပါတယ် လို့ မိန့်ကြားခဲ့သည်။
မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာညီလာခံကြီးအား ပထမအကြိမ်အဖြစ် မိုးကုတ်မြို့ ဓမ္မရံသီ ရိပ်သာတွင် တက်ရောက်အင်အား (၁၀၀၀) ကျော်ဖြင့် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို အင်အား (၃၀၀၀) ကျော်တက်ရောက်ခဲ့ကာ ဟိုပုံးမြို့ နောင်တောင်း ပရဟိတ (ဘက) ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ ရေတခွန်တောင် သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာ မဂ္ဂဓမ္မရိပ်သာ တွင် ကျင်းပသော တတိယအကြိမ် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာညီလာခံကြီးသို့ မြန်မာနိုင်ငံ အရပ်ရပ်မှ သံဃာတော် ပါး (၁၁၀၀) ခန့်နှင့် လူအင်အား (၄၀၀၀) ခန့် တက်ရောက်ခဲ့ကာ မန္တလေးတိုင်းဝန်ကြီးချုပ်ကိုတယ်တိုင် ဆရာတော်များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာညီလာခံကြီးကို ဒီဇင်ဘာ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ (၅) ရက် ကျင်းပသွားမည်ဖြစ်သည်။
သတင်းနှင့် ပြန်ကြားရေး(ကလေးမြို့ဓမ္မစကူးလ်)
Subscribe to:
Posts (Atom)