Sunday, June 22, 2014
၂၀၁၅ ခုနှစ် ရာဇဂြိုဟ်ရေလှောင်တမံ တမံပိုင်းလုပ်ငန်းပြီးဆုံးမည်ဖြစ်သော်လည်း လျှပ်စစ်ထုတ်နိုင်ဦးမည်မဟုတ်
ဇွန်(၁၁)၊ကလေး။
ကလေးမြို့ မြောက်ပိုင်း ရာဇဂြိုဟ်ရေလောင်တမံစီမံကိန်း၏ တမံပိုင်း ချောင်းပိတ်လုပ်ငန်းများ ၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ပြီးဆုံးတော့မည်ဖြစ်ကြောင်း သိရသည်။
ရာဇဂြိုဟ်ဆည် ရေလောင်တမံ တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ၂၀၁၄ ခုနှစ် ဇွန်လအတွင်း လုပ်ငန်းပြီးစီးမှုအနေဖြင့် ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီနေပြီဖြစ်ပြီး ရေအားလျှပ်စစ် စက်တပ်ဆင်ရန် အပိုင်းနှင့် နေရဉ္စရာချောင်းပိတ်တမံ လုပ်ငန်းသာ ကျန်ရှိတော့ကြောင်း သိရသည်။
ကလေးမြို့ တည်ဆောက်ရေး (၄) မှ AE ဦးကောင်းမြတ်အောင်မှ “ တမံပိုင်း တည်ဆောက်မှု ပြီးစီးသွားလျှင်လည်း လတ်တလောချက်ခြင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု အတွက် ဆည်အတွင်း ရေအားလျှပ်စစ်စက် အနိမ့်ဆုံး လည်ပတ်နိုင်မည့် ရေအမှတ် (RL 597) ပေအထိ ရေလှောင်ဖို့ လိုအပ်မှာပါ။ အဲဒီ အနိမ့်ဆုံးရေအမှတ် ပြည့်ဖို့က ၂၀၁၆ ခုနှစ် မေလကုန်လောက်လို့ ခန့်မှန်းထားပါတယ်။ အဲဒီလို ရေအမှတ်ပြည့်မှ လျှပ်စစ်ဓာတ်အား ထုတ်စက်ကို စမ်းသပ်လည်ပတ်မှုတွေ လုပ်ရမှာပါ ” လို့ ပြောသည်။
ကလေးမြို့ မြောက်ပိုင်းရှိ ရာဇဂြိုဟ်ဆည် စီမံကိန်း ပြီးဆုံးပါက လျှပ်စစ် (၄) မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ကာ အဆိုပါ ထုတ်လုပ်နိုင်မည် လျှပ်စစ် (၄) မဂ္ဂါဝပ်ဖြင့် ကလေးတစ်နယ်လုံး လျှပ်စစ်ဓာတ်အား အသုံးပြုမှုနိုင်မည်ဖြစ်သည်။
သစ်လုပ်ငန်းရှင်တစ်ဦးကလည်း “ ကလေးဒေသမှာ လျှပ်စစ်မီး ပြည့်ပြည့်စုံစုံ ရလို့ရှိရင် သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်မှာပါ။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ မြို့မှာ ထင်းသုံးတာကိုက တစ်နှစ်ကို တန်ပေါင်း သောင်းကျော်မယ် ထင်ပါတယ်” လို့ ပြောသည်။
ရာဇဂြိုဟ်ရေလောင်တမံ စီမံကိန်းအား ၂၀၀၃-၂၀၀၄ ခုနှစ် ဘဏ္ဍာရေးနှစ်က စတင်လုပ်ဆောင်ခဲ့ပြီး ယခု ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်၏ ၂၀၁၄ ခုနှစ် ဇွန်လ လ၀က်ခန့်မှာပင် တမံတည်ဆောက်မှုအပိုင်း အနေဖြင့် (၈၃ ဒဿမ ၆၁)ရာခိုင်နှုန်းအထိ ပြီးစီးကာ ဓာတ်ဖြန့်ဖြူးနိုင်ရေး သွယ်သန်းမှု ကိစ္စရပ်များကိုပါ စက်စမ်းသပ်လည်ပတ်ချိန်အမှီ ဆောင်ရွက်မည်ဖြစ်ပြီး ဆည်ရေ၀ပ်ဧရိယာ (၉၈၀) ဧက ရှိကြောင်း သိရသည်။
ချစ်သူမောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment