Friday, May 22, 2015

ဓမ္မစကူးလ်ကျောင်းများ ယခုနှစ်တွင် ဆဋ္ဌမတန်းသင်ရိုးထပ်တိုး သင်ကြားမည်

မေ(၁၉) ကလေး။ ကလေးမြို့ရှိ ဓမ္မစကူးလ်ကျောင်းများအနေဖြင့် လာမည့် ဇွန်လ တစ်ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ယခုပညာသင်နှစ်တွင် ယခင်နှစ် ပဉ္စမတန်းသင်ရိုးထက် တစ်တန်းတိုးကာ ဆဋ္ဌမတန်းအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ကလေးမြို့ ဓမ္မစကူးလ်ပြန်ကြားရေးရုံးမှ သိရသည်။ “ ဒီနှစ်မှာ အတန်း တစ်တန်းတိုးဖွင့်လှစ်မယ်။ အရင်နှစ်က ပထမတန်းကနေ ပဉ္စမတန်းအထိ သင်ကြားခဲ့တယ်။ အခုနှစ် တစ်နိုင်ငံလုံးအနေနဲ့ ဆဋ္ဌမတန်းတိုး သင်ကြားမှာဖြစ်ပါတယ်။ ပထမတန်းကနေ စတုတ္ထတန်းအထိ ကလေးငယ်တွေကို ကိုယ်အမူအရာ နှုတ်အမူအရာဦးစားပေးရေးဆွဲတဲ့ သင်ရိုးတွေ သင်ပေးတယ်။ ပဉ္စမတန်းမှာတော့ အဘိဓမ္မာ မိတ်ဆက်တယ်။ အခု ဒီနှစ်တိုးမယ့် ဆဋ္ဌမတန်းမှာတော့ အခြေခံ ပါဠိဖတ်နည်းရယ် မင်္ဂလသုတ် ပါဠိတော်ရယ် သင်ပေးဖို့ပြဌာန်းလာတယ်။ ပြီးတော့ ထူးခြားတာက ပြဌာန်းစာအုပ်တွေမှာ စာပုဒ်အလိုက် ရေးသားသူ ကလောင်ရှင် နာမည်တွေ ဖော်ပြလာတာတွေ့ရတယ်” ဟု ကလေးမြို့ ဓမ္မစကူးလ်ဌာနမှ အရှင်ရေ၀တက မိန့်သည်။ ကလေးမြို့တွင် ဓမ္မစကူးလ်သင်ကြားရေးများအား ၂၀၁၃ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဌာနပေါင်း (၁၂၀) ထိရှိကာ ကျောင်းသားကလေးငယ်ပေါင်း (၁၃၃၇၄) ဦး တက်ရောက်သင်ကြားနေပြီဖြစ်ပြီး ဆရာ ဆရာမပေါင်း (၅၅၅) ဦးဖြင့် ဘာသာရေး ယာဉ်ကျေးမှု စာပေများ သင်ကြားပေးနေပြီဖြစ်သည်။ “ ဒီလို ဘာသာရေးစာပေတွေကို ကလေးတွေအတွက် တနင်္ဂနွေနေ့တိုင်း သက်ဆိုင်ရာကျောင်းတွေမှာ သွားပို့ရတယ်။ သူတို့လေးတွေ ဘုရား တရား သံဃာ ပိုသိလာတယ်။ အိမ်မှာလည်း မိဘကို ကူညီရင်း သူတို့ သင်ယူလာတဲ့ ဇာတ်ပုံပြင်လေးတွေကို ပြောပြကြတယ်။ ညဆို ကလေးတွေ ပြောတာ နားထောင်ရင်း သူတို့က ကျွန်မတို့ကို ချော့သိပ်သလိုပါပဲ။ အရမ်းကို သိမ်မွေ့တဲ့ ဘာသာရေးမှာ ကိုယ့်ကလေးတွေ ငြိမ်းချမ်းနေတော့ ပျော်ရွှင် လိမ္မာနေတော့ ကျွန်မတို့ အရမ်းဝမ်းသာရပါတယ်” ပဉ္စမတန်း ဓမ္မစကူးလ်ကျောင်းသား မိခင်တစ်ဦးက ဆိုသည်။ ကလေးမြို့တွင် ဓမ္မစကူးလ်ဌာနပေါင်း (၁၂၀) ရှိနေပြီဖြစ်သော်လည်း ဗဟိုဖောင်ဒေးရှင်းတွင် ကျောင်းအဆိုပြုလွှာတင်ထားသော ကျောင်း ပေါင်း (၅၁) ကျောင်းသာရှိနေသေးပြီး မှတ်ပုံတင်ရန် ကျန်ရှိနေသေးကာ အတန်းတစ်တန်းလျှင် ကလေးငယ်ပေါင်း (၁၅) ဦးမှ (၄၀) ထိသာ သင်ကြားပေးနေကြောင်း သိရသည်။ မင်းရဲစစ်နိုင်

Monday, May 18, 2015

ကျောင်းမှတ်ပုံတင် အဆိုပြုလွှာများ ပေးပို့ကြပါရန်

ကလေးမြို့ ဓမ္မစကူးလ်သင်ကြားရေးဌာနများအနေဖြင့် သင်ကြားရေးဌာနကျောင်းများ မှတ်ပုံတင် အဆိုပြုလွှာများ ဗဟိုဖောင်ဒေးရှင်းသို့ မပို့ရသေးသည့် ဌာနများ ကျောင်းမှတ်ပုံတင် အဆိုပြုလွှာစာရင်းများ ပို့ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကလေးမြို့ဓမ္မစကူးလ်ရုံးသို့ ဆက်သွယ်ပြီး ဆောင်ရွက်နိုင်ပါသည်။ ဆက်သွယ်ရန် ဦးနိသာကရ ဖုန်း ၀၉-၄၀၀၃၀၉၇၆၉၊ ဦးရေ၀တ - ၀၉ ၄၀၀၄၁၈၁၈၃၊ ဦးက္ကုန္ဒ၀ံသ - ၀၉၄၀၀၄၇၅၁၁၂

ကလေးမြို့ ဓမ္မစကူးလ် ကျောင်းများ မကြာမီ ဖွင့်လှစ်မည်

ကလေးမြို့နယ်ရှိ ဓမ္မစကူးလ်ကျောင်းများအနေဖြင့် ဇါန်လ တစ်ရက်နေ့နေ့မှစပြီး ကျောင်းအပ်လက်ခံမှုများကို ပြုလုပ်ကာ (၇) ရက်နေ့တွင် တစ်ပြီုင်တည်း ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ကလေးမြို့ ပြန်ကြားရေး

Friday, March 13, 2015

ဓမ္မစကူးလ် စွမ်းရည်ပြပွဲ ကလေးမြို့တွင် ကျင်းပမည်

၂၀၁၄- ၂၀၁၅ ပညာသင်နှစ် ကလေးမြို့ရှိ ဓမ္မစကူးလ်ကျောင်းများမှ ရင်သွေးငယ်လေးများ၏ ဓမ္မစကူးလ် စွမ်းရည်ပြပွဲအား ကလေးမြို့ မြို့တော်ခန်းမတွင် ၂၀၁၅ ခုနှစ် မတ်လ (၁၅) ရက် တနင်္ဂနွေနေ့ နေ့လည် (၁း၀၀) အချိန်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ တက်ရောက်ကာ ကလေးငယ်များ၏ စွမ်းရည်ပြသ သရုပ်ဖော် သီဆို တင်ဆက်မှုများအား လာရောက်အားပေးနိုင်ရန် အားလုံးကိုယ်စား ပြန်ကြားရေးမှ လေးစားစွာ ဖိတ်ကြား အသိပေးအပ်ပါသည်။ အဆိုပါ စွမ်းရည်ပြပွဲသို့ ကလေးမြို့နယ်ရှိ ဓမ္မစကူးလ် ဇုံ (၉) ခုမှ ဌာနပေါင်း (၁၀၀) ကျော်၏ ဇုံအလိုက် သရုပ်ပြ တင်ဆက်မှုများအား အားပါးတရ အားပေးနိုင်ရန် တင်ဆက်ပြသဖျော်ဖြေသွားမည်ဖြစ်ပြီး ဓမ္မစကူးလ် ဖြစ်ပေါ်လာပုံ သမိုင်းများအားလည်း မိတ်ဆက် တင်ပြပေးသွားမည်ဖြစ်ပါသည်။ ဓမ္မစကူးလ် သတင်းနှင့် ပြန်ကြားရေး (ကလေးမြို့)

Sunday, January 18, 2015

အမျိုးသားရေးသီချင်းတွေ ဆိုတဲ့ လင်းထိုက်နဲ့ တွေ့ဆုံခြင်း

သူရ(ကလေး) တွေ့ဆုံမေးမြန်းသည်။ အမျိုးသားရေး သီချင်းများကို သီဆိုရင်း ဘာသာရေးပွဲများမှ ပရိတ်သတ်ရင်ထဲ ရောက်လာသူ (သို့မဟုတ် ) အမျိုးသားရေးသီချင်းတွေ သီဆိုနေတဲ့ ကိုလင်းထိုက်နဲ့ တွေ့ဆုံပြီး လင်းထိုက်ဆိုတဲ့ နာမည်တစ်လုံးဖြစ်လာအောင် လူသိများလာအောင် ပို့ဆောင်ပေးခဲ့သည့် သစ္စာ အဓိဋ္ဌာန် သီချင်း ဖြစ်လာပုံလေးနဲ့ နောက်ထပ် အခြား ဘာတွေ ဆက်လက် လုပ်ဆောင်ဖြစ်ဦးမယ်ဆိုတာကို မေးမြန်းဖြစ်ခဲ့တာလေးကို ပရိတ်သတ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ မေး - မင်္ဂလာပါ ကိုလင်းထိုက်ရေ။ ဖြေ - မင်္ဂလာပါ ကိုသူရ ။ မေး - ပထမဆုံး ကိုလင်းထိုက်လို့ လူသိများလာတဲ့ သစ္စာဓိဌာန်သီချင်းလေးဖြစ်လာပုံကို ပြောပြပေးပါလား။ ဖြေ - ကျနော်တို့ မွန်ပြည်နယ် အမျိုးဘာသာသာသနာကာကွယ်စောက်ရှောက်ရေး သာသနာ့ပါလကဂဏဝါစက သံဃာ့ကွန်ယက်ကတပြည်လုံးအတိုင်းတာနဲ့ လှည့်လည်ဟောပြောပေးပြီးကျနော်တို့ မြို့ ကိုလာရောက်ဟောပြောတော့ သွားနားထောင်ဖြစ်တယ် ဘာသာရေးအသိပညာပေးဟောပြောပွဲလည်းဖြစ် စိတ်ဓါတ်ပိုင်းအရရော ယနေ့ ဖြစ်ပျက်နေတာတွေ လေ့လာစဉ်းစားမိလို့  ဆရာတော်တွေ ဟောပြောတဲ့ထဲက မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်အဓိကပေးချင်တဲ့မက်ဆေ့စ်ကိုထုတ်ပြီး ထိရောက်တဲ့တိုက်စစ်ဆင်မူတွေကိုချရေးပြီးသီချင်းအဖြင့်ဖန်တီးဖို့ စတင်စိတ်ကူးခဲ့တာပါ။ မေး - ကိုလင်းထိုက်အနေနဲက ဒါလေးကို သီချင်းအဖြစ်အသက်သွင်းပေးခဲ့တာကရော ဖြေ - ကျနော်လုပ်ချင်တဲ့ပုံစံလေးကို ကျနော့ဘုန်းဘုန်းအရှင်ဓမ္မိက(ငြိမ်းချမ်း) ကိုအရင်ဆုံးလျောက်ပြီး မြနန်းဆရာတော်အရှင်ဘဒ္ဓန္တသဒ္ဓမ္မကို ပြကြည့်တဲ့ခါ ဆရာတော်က သဘောကျပြီး အဖွဲ့ အတွက်သီချင်းအဖြစ်သုံးမယ် တီးလုံးနဲ့ အသံသွင်းဖို့ တိုက်တွန်းပြီး သီချင်းအဖြစ် ၂၀၁၃ခုနှစ်၃လပိုင်းမှာစပြီးဖြစ်လာတော့တာပါပဲ။ နောက်ပြီးသီချင်းက ဆရာတော်တို့ အဖွဲ့ တွေ ဟောပြောနေတဲ့အဓိက အကြောင်းရင်းသစ္စာဓိဌာန် သုံးရပ်နဲ့ ဆောင်ပုဒ် ကို ပေါ်လွင်စေပြီး လူငယ်ထုစိတ်ဝင်စားတဲ့  ဂီတပုံစံမျိုးနဲ့ ဆိုတော့ခရီးလဲတော်တော်ရောက်ခဲ့ပါတယ်။ မေး- ကိုလင်းထိုက်အနေနဲ့ အမျိုးသားရေးသီချင်းအပြင်နောက်ထပ်ပြင်ပအချစ်သီချင်းတွေရောလုပ်ဖြစ်သေးလား ဖြေ - ပြင်ပသီချင်းတွေ အနေနဲ့ အိမ်မက်ဆောင်းစီးရီးထဲမှာဆောင်းမင်းသမီးလေးသီချင်းကိုဝင်ဆိုတယ် အဲ့နောက်ပိုင်း အမျိုးသားရေးသီချင်းတွေနဲ့ သာလုံးပန်းနေတော့ သိပ်မဆိုဖြစ်တော့ဘူး ဒါပေမဲ့ခု ပြင်ပတစ်ကိုယ်တော်အချစ်သီချင်းခွေလုပ်ဖို့ တဖက်ကလဲ အားထုတ်နေပါတယ် ငွေးကြေးပိုင်းအရအခက်ခဲတွေ နဲနဲ ကြုံနေသေးတော့ထင်သလောက်ခရီးမရောက်သေးတာလဲပါပါတယ် အမျိုးသားရေးသီချင်းတွေကတော့မရှိတဲ့ကြားကဆက်တိုက်လုပ်ဖြစ်ပါတယ်။ မေး - ကိုလင်းထိုက်အနေနဲ့ မျိုးစောင့်ဥပဒေကို ကန့် ကွက်ကြတဲ့ သူတွေအပေါ် ဘယ်လိုအမြင်မျိုး မြင်ပါသလဲ။ ဖြေ - ကန့် ကွက်နေကြတဲ့အမျိုးစောင့်ဥပဒေဆိုတာ ဘာမှန်းအရင်သိအောင်လေ့လာဖက်ရူစေချင်ပါတယ် ပြီးမှ အများသဘောထားခံယူပြီးမကြိုက်ရင် ကန့် ကွက်နိုင်ပါတယ် ကန့် ကွက်ဖို့ အတွက်တော့ခိုင်လုံတဲ့ အကြောင်းတော့ပြဖို့ လိုပါလိမ့်မယ် ဘာလို့ လဲဆိုတော့ ကျနော်တို့  မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးတို့ ရဲ့ ဘဝပါ ဒီလောက်ပါပဲ။ မေး - ကိုလင်းထိုက်အနေနဲ့ အမျိုးသားရေးလောကထဲမှာခု လက်ရှိနဲ့ နောက်ဆက်ပြီး ဘာတွေ ဆက်လုပ်ဖို့ မျှော်မှန်းထားလဲ ရည်မှန်းထားလဲ သိချင်ပါတယ်။ ဖြေ - ခုလက်ရှိကတော့ကိုယ်တတ်ထားတဲ့ဂီတအနုပညာနဲ့  ယဉ်ကျေးဘိမ္မာအခမ်းနားတွေ ဘာသာရေးအသိပညာပေးဟောပြောပွဲတွေ မှာနိုးဆော်သီဆိုပေးပါတယ် ဆက်ပြီးတော့လဲ အမျိုးသားရေးသီချင်းတွေဆက်ဆိုသွားဦးမှာပါ။ နောက်ပြီး ကျွန်တော် မပြောတတ်ဘူး။ ဖြစ်လာတဲ့ အခြေအနေအရပ်ရပ်ကို ကိုယ်ပိုင်ဥာဏ်နဲ့ သုံးသပ်ပြီး လုပ်စရာတွေတော့ ပေါ်လာနိုင်ပါတယ်။ မေး - နောက်ဆုံး ကိုလင်းထိုက်အနေနဲက လူငယ်တွေကိုပြောချင်တာလေး ဖြေ - ယနေ့ ခေတ်ရေစီးကြောင်းပေါ်မှာ ပြင်ပသီချင်းတွေနီးတူ ကျနော့အမျိုးသားရေးသီချင်းများကို အားပေးလာတာ အရမ်းကျေးဇူးတင်ပါတယ် ဒီသီချင်းတွေကြောင့်လဲ လူငယ်တွေ အမျိုးသားရေးရူ့ ထောင့်ကနေ ဘာသာရေးအပေါ်ကာကွယ်ရမှန်းစောက်ရှောက်ရမှန်း သိတတ်ခဲ့လို့ လဲ ကျေးဇူးတင်ပါတယ် ။ဆက်လက်ပြီးလဲ တတ်ကြွစွာပါဝင်လူပ်ရှားလာကြလိမ့်မယ်လို့ လဲမြော်လင့်မိပါတယ် ။လူကြီးများကလဲ လူငယ်တွေကိုကြိုဆို နေရာပေးရမှာပါ ။လူငယ်တွေအနေနဲ့  စိတ်ဓါတ်ပိုင်းအရ လူမူကွန်ယက်facebookမှာဘာသာခြားတို့ ရဲ့  အကောင့်အတုများကြောင့်လဲစိတ်ဓါတ်ပိုင်း ဆိုင်ရာတိုက်ခိုက်မူတွေကို ကြံ့ကြံ့ခံနိုင်ဖို့ အရေးကြီးပါတယ် ။ နောက်ဆုံးစကားလက်ဆောင်လေးများပေးချင်သလား ဟုတ်ကဲ့ (တိုင်မြင့်မြင့်စိုက်ချင် ကျင်းနက်နက်တူး)ဆို တာလေးပါပဲ ဒီစကားလေးနဲ့ ကျနော်တို့ ဘာသာသာသနာကို ယိမ်းယိုင်အောင်ထိုးနက်မဲ့အန္တရယ်ကို ကာကွယ်နိုင်မှာပါ ။ဒါကြောင့် ကျနော်တို့ စိုက်ချင်တဲ့ အမျိုးဘာသာသာသနာ စောက်ရှောက်ရေး တိုင်ကြီးကိုကျင်းနက်နက်နဲ့ စိုက်ထူမှ မယိုင်လဲမှာဖြစ်ပါတယ် လို့ ပြောချင်ပါတယ်။ ဟုတ်ကဲ့ ကိုလင်းထိုက်ရေ ခုလို ဖြေကြားပေးတာကို ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ ကျွန်တော်လည်း ကျေးဇူးတင်စကား ခုလို ဖြေဆိုခွင့်ရလို့ အကိုတို Reality News Journal ကိုအထူးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

Friday, January 16, 2015

ဓမ္မစကူး လှုပ်ရှားမှု သတင်းများ ပေးပို့ပါ

ကလေးမြို့ရှီ ဓမ္မစကူးလ် လှုပ်ရှားမှုများအား atrhkl@gmail.com သို့ ပေးပို့နိုင်ပါသည်။ ကလေးမြို့ မင်္ဂလာဥယျာဉ် ကျောင်းရှိ ရုံးခန်းတွင်လည်း လာရောက် ပေးပို့ နိုင်ပါသည်။ ပြန်ကြားရေးနှင့် ဆက်သွယ်နိုင်ပါသည်။