Sunday, June 22, 2014

တပ်ပိုင်မြေပေါ် ထွန်တုံးတိုက်ပွဲဆင်နွှဲသည့် တောင်သူများ ဒေသကွပ်ကဲရေးမှူးနှင့် ထိပ်တိုက်ဖြေရှင်း

ဇွန် (၁၂)၊ကလေး။ ကလေးမြို့နယ် ကြံသာရွာအနီးရှိ ဒကစ(ကလေး) ပိုင် လယ်ယာမြေဧက (၆၀) ကျော် အပေါ် မူလလက်ငုတ် ပိုင်ရှင်ဟုဆိုသော တောင်သူ (၉) ဦးသည် ဇွန်လ (၁၇) ရက်နေ့မှ (၂၀) ရက်နေ့အထိ ထွန်းတုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း သိရသည်။ ထွန်းတုံးတိုက်ပွဲဆင်နွှဲခဲ့သော တောင်သူများတောင်သူများ၏ မြေများမှာ တပ်မတော်မှ ၁၉၉၈-၉၉ ခုနှစ်တွင် သိမ်းယူထားခဲ့သော မြေများဖြစ်ပြီး တပ်ပိုင်မြေများမှ ပြန်လည်စွန်လွှတ်သည့် မြေများတွင် ပါဝင်ခဲ့ခြင်း မရှိပဲ ကျန်နေခဲ့ခြင်းကြောင့် ယခု ကဲ့သို့ ထွန်းတုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ထွန်တုံးတိုက်ပွဲတွင် ပါဝင်ခဲ့သော တောင်သူတစ်ဦးက “ အခုထိ ဘာမြေမှ လုပ်ကိုင်စရာ ကိုယ်ပိုင်မရှိဘူးဗျ။ အဲဒါကြောင့် ဒါကို ပြန်ရအောင်ဆိုပြီး လုပ်ကြတာပါ။ တပ်ကပြန်စွန့်တဲ့မြေထဲမှာ သူများတွေက ရပြီးမှ ကျွန်တော်တို့က ကျန်နေလို့ အဖြေတစ်ခုခုထွက်အောင် လုပ်လိုက်တာပါ” လို့ ပြောသည်။ နောက်ထပ် တောင်သူတစ်ဦးကလည်း “ ကျွန်တော်တို့ မြေတွေကို တပ်က သိမ်းပြီးကတည်းက ကျွန်တော်တို့ မိသားစုတွေ သူများဆီမှာ အခစား နေ့စား လုပ်ကြရတယ်။ အခုထိပဲ။ မိသားစုဝင် (၆) ဦးရှိပါတယ်။ အားလုံး အငှားလိုက်နေရတာပါ။ အငှားလုပ်ငန်းနဲ့ပဲ လုပ်ကိုင်အသက်မွေးနေရတာပါ” လို့ ပြောသည်။ ထွန်းတုံးတိုက်ပွဲ ဆင်နွှဲခဲ့သော လယ်ယာမြေများနှင့် ပတ်သက်ပြီး တပ်ပိုင် မြေဧက (၅၀၀၀) ကျော်အား တပ်မတော်မှ ယခုစိုက်ပျိုးချိန်အမီ ဧကပေါင်း (၄၆၀၀) ကျော်ကို ပြန်လည်စွန်လွှတ်ခဲ့ပြီး တပ်မတော်က ဆက်လက် လုပ်ကိုင်ဖို့ လုပ်ကိုင်နိုင်သလောက် ဧကပေါင်း (၃၃၂) ဧကသာ ချန်ထားကာ အဆိုပါ (၃၃၂) ဧက အား တပ်မတော်မှ စွန်လွှတ်ရန် အစီအစဉ် မရှိကြောင်း ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ကလေး) မှ ဒေသကွပ်ကဲရေးမှူးကြီး ဗိုလ်မှူးချုပ် အောင်သူဦးမှ ပြောသည်။ တပ်မတော်မှ သိမ်းယူခဲ့သည့် မြေဧကများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအစပ် အဆက်အစပ်ရှိ မြေဧကပေါင်း (၅၀၀၀) ကျော် ဧကရှိခဲ့ပြီး အဆိုပါ မြေဧက (၅၀၀၀)ကျော်ထဲမှ (၄၆၅၀) ဧကအား မေလ (၁၀) ရက်နေ့က ပြန်လည်စွန့်လွှတ်ခဲ့ပြီး တပ်မတော်မှ ပြန်လည်လုပ်ကိုင်ရန် (၃၃၂) ဧက သာ ချန်ထားခဲ့ကြောင်း သိရပြီး ချန်ထားမြေ (၃၃၂) ဧက ပေါ်တွင် တောင်သူ (၉) ဦးမှ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြောင်း သိရသည်။ ထွန်းတုံးတိုက်ပွဲဆင်နွှဲခဲ့သော တောင်သူ (၉) ဦးအား ဒကစ(ကလေး) မှ ဒေသကွပ်ကဲရေးမှူးကြီးမှ တပ်မတော်မှ စွန့်ခဲ့သည့်မြေများမှ အသစ်ပြန်လည်လျှောက်ယူ အကြံပြုညှိနှိုင်းခဲ့ပြီး မြို့နယ် မြေစာရင်းဦးစီးဌာနသို့လည်း ဦးစားပေးဆောင်ရွက်ပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။ တပ်မတော်အနေဖြင့် ကလေးမြို့ရှိ တပ်သိမ်းမြေ ဧကပေါင်း (၇၆၁၂.၄၄) ဧကအား မေလ (၇) ရက်နေ့က ကလေးမြို့ မြို့တော်ခန်းမတွင် ဌာနှဆိုင်ရာနှင့် ပိုင်ဆိုင်ကြောင်း အထောက်အထားခိုင်လုံသော တောင်သူများသို့ ပြန်လည်ပေးအပ်ခဲ့ပြီး ယခု စွန့်လွှတ်ခဲ့သည့် ဧကပေါင်း (၄၆၀၀) ကျော်ကိုလည်း ဧကပေါင်း (၆၀၀) နီးပါးသာ မြေစာရင်းအနေဖြင့် စီမံနိုင်သေးပြီး ကျန် မြေဧက (၄၀၀၀) ထောင်ကျော် ချထားပေးရန် ရှိနေသေးကြောင်း သိရသည်။ ချစ်သူမောင်

No comments:

Post a Comment