Sunday, June 22, 2014

ရာဇဂြိုဟ်ဆည် လျှပ်စစ်ထုတ်လုပ်ရေး စက်နှင့် ဆက်စပ်ပစ္စည်းများ စတင်သယ်ယူမှု ပြုလုပ်

ဇွန်(၁၁)၊ကလေး။ ကလေးမြို့ မြောက်ပိုင်းဒေသရှိ ရာဇဂြိုဟ်ဆည်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စက်နှင့် ဆက်စပ်ပစ္စည်းများ ဇွန်လကုန်တွင် ရောက်ရှိတော့မည်ဖြစ်ကြောင်း ကလေးမြို့ တည်ဆောက်ရေး (၄) မှ AE ဦးဗညားစိုးမှ ပြောသည်။ ရာဇဂြိုဟ်ဆည်မှ ရေအားလျှပ်စစ်ထုတ်ယူနိုင်ရေးအတွက် (၄) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်စက် တပ်ဆင်မည်ဖြစ်ပြီး ၄င်းစက်နှင့် ဆက်စပ်ပစ္စည်းအား တရုပ်နိုင်ငံမှ မှာယူကြောင်း သိရသည်။ လျှပ်စစ်ဓာတ်အား ထုတ်စက်နှင့် ပတ်သက်ပြီး AE ဦးဗညားစိုးမှ “ ကျွန်တော်တို့ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မယ့်စက်နဲ့ဆက်စပ်ပစ္စည်းတွေ ရောက်တော့မှာပါ။ မေလကုန်ကတည်းက စက်နဲ့ ပစ္စည်းတွေ တင်လာတဲ့ သဘောင်္ဟာ တရုပ်နိုင်ငံကနေ သဘောင်္နဲ့ တင်လာပါပြီ” လို့ ပြောသည်။ ရာဇဂြိုဟ်ဆည် လျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် စက်နှင့် ဆက်စပ်ပစ္စည်းများအား တရုပ်နိုင်ငံ ကုမ္ပဏီတစ်ခုဖြစ်သည့် CGGC ကုမ္ပဏီမှ မှာယူပြီး တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ မေလ (၃၁) ရက်နေ့ သင်္ဘောဖြင့် ဆည်တွင် တပ်ဆင်ရန် ပို့ဆောင်နေပြီဖြစ်ပြီ စက်ပစ္စည်းများအာ သင်္ဘောဖြင့် လေးကြိမ်ခွဲပို့ဆောင်ရမည်ဖြစ်ကာ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရန် (၂) ပတ်ခန့် ကြာမည်ဖြစ်ပြီး ရန်ကုန်ဆိပ်ကမ်းမှ ရာဇဂြိုဟ်ဆည်သို့ သယ်ယူရန် (၂) ပတ်ခန့် စုစုပေါင်း တစ်လခန့် ကြာမည်ဖြစ်ကြောင်း သိရသည်။ ရာဇဂြိုဟ်ဆည် စီမံကိန်း လျှပ်စစ်ဓာတ်အား ထုတ်ယူမှုလုပ်ငန်း အရည်အသွေးမြင့်မားရေးအတွက် နိုင်ငံတော်မှ အစဉ်တစိုက်ကြိုးစားလျှက်ရှိပြီး လုပ်ငန်း ချောမွေ့အဆင်ပြေစေရေးအတွက် ဆည်းမြောင်းဌာန ကျွမ်းကျင်ပညာရှင်များ၊ ဂျပန် နည်းပညာအတိုင်ပင်ခံ ကုမ္ပဏီတစ်ခုဖြစ်သည့် Sanyu Consultant Inc Co.,ltd နှင့် တရုပ်ကုမ္ပဏီ (CGGC) တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။ တရုပ်နိုင်ငံ CGGC ကုမ္ပဏီမှ မှာယူသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စက်နှင့် ဆက်စပ်ပစ္စည်းများအနေဖြင့် တန်ဘိုး အမေရိကန်ဒေါ်လာ ၆ ဒဿမ ၈ သန်း (၆၈သိန်း) ဖြစ်ပြီး အဆိုပါ ကန်ဒေါ်လာ (၆၈) သိန်းတွင် သယ်ယူစရိတ်များ မပါဝင်သေးကြောင်း သိရသည်။ ချစ်သူမောင်

No comments:

Post a Comment