Sunday, July 6, 2014
ဇွန်လကုန်တွင် စတင်ပြေးဆွဲမည့် မန္တလေး-အင်ဖား လေကြောင်းခရီးစဉ် ထပ်မံရွှေ့ဆိုင်း
ဇူလိုင်(၆)၊ကလေး။
ဇွန်လ ၂၄ ရက်နေ့က မဏိပူရပြည်နယ်ရှိ သက်ဆိုင်ရာလေကြောင်းဝန်ဆောင်မှုလုပ်ငန်း၏ ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖားမြို့နှင့် မြန်မာနိုင်ငံ မန္တလေးမြို့သို့ ခရီးသည်တင်ယာဉ်လိုင်း မကြာမီ စတင်ပြေးဆွဲမည့် အစီအစဉ်ကို ထပ်မံရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။
ပထမအကြိမ် ပြီးခဲ့သည့် ၂၀၁၃ နိုဝင်ဘာလကုန်ပိုင်းမှစ၍ စတင်အကောင်ထည်ဖော်နိုင်ရန် စီစဉ်ထားသော်လည်း ယခုဇွန်လ ၂၇ ရက်နှင့်ဇူလိုင်လ ၃ တွင် ရွှေမြန်မာလေကြောင်းလိုင်းဖြင့် စတင်ပျံသန်းပြေးဆွဲရန် နောက်ဆုတ်ခဲ့ရာမှ မန္တလေး-အင်ဖား နှစ်နိုင်ငံအကြား လေကြောင်းဝန်ဆောင်မှုအစီအစဉ်ကိုပါ ယခုထပ်မံရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
၂၀၁၃ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အဆိုပါလေကြောင်းမှ အင်ဖားမြို့လေဆိပ်သို့ ပထမအကြိမ် A-320 အမျိုးအစားလေယာဉ်ဖြင့် စတင်ဆင်းသက်ပျံသန်းခဲ့ပြီး ယင်းခရီးစဉ်ကို မဏိပူရပြည်နယ်အစိုးရအနေဖြင့် ပုံမှန်ပြေးဆွဲရန် စီစဉ်ထားသော်လည်း ၇ လအတွင်း စတင်ပျံသန်းပြေးဆွဲမှု မရှိကြောင်းသိရသည်။
ယခု ခရီးစဉ်ထပ်မံရွှေ့ဆိုင်းရခြင်းနှင့်ပတ်သတ်၍ မဏိပူရပြည်နယ်လေကြောင်းဌာနသို့ အိန္ဒိယဗဟိုလေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ စတင်အကောင်ထည်ဖော်နိုင်ရန် အစီရင်ခံစာကို ပေးပို့အကြောင်းကြားထားခြင်း မရှိသေးကြောင့် ယခုလို အချိန်ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း အင်ဖားလေဆိပ်အခြေစိုက် KB enterprises ထုတ်ပြန်သည်။ အင်ဖားလေဆိပ်အခြေစိုက် KB enterprises ၏ ထုတ်ပြန်ချက်တွင် လေဆိပ်အာဏာပိုင်အဖွဲ့မှ စီစဉ်ဆောင်ရွက်သော အင်ဖာလေဆိပ်မြေယာမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများလည်း ပြီးစီးမှု မရှိသေးသည်ကိုလည်းတွေ့ရကြောင်း ဆက်ဖော်ပြထားသည်။
KB enterprises မှ proprietor P Kunjabihari က ၄င်းတို့အနေဖြင့် အဆင်သင့်ဖြစ်နေသော်လည်း လက်ရှိအချိန်တွင် စတင်အကောင်အထည်ဖော်ရန် အချိန်သတ်မှတ်ခြင်း မရှိသေးကြောင်း။ ဗဟိုအစိုးရနှင့် လိုအပ်သည့်လုပ်ငန်းများအား ဆက်လက်ညှိနှိုင်းပြီး ဖြေရှင်းဆောင်ရွက်နိုင်မှသာ စတင်ပြေးဆွဲမည့်ရက်ကို ကြော်ငြာမည်ဖြစ်ကြောင်း ဇွန်လ ၃ ရက်နေ့က ရွှေမြန်မာလေကြောင်းလိုင်းလုပ်ငန်းနှင့် မဏိပူရ KB Enterprises မှ
တာဝန်ရှိပုဂ္ဂိုလ်များ မန္တလေးမြို့တွင်တွေ့ဆုံခဲ့စဉ်က ပြောခဲ့သည်။
အဆိုပါ တွေ့ဆုံချိန်တွင် မူလအစီစဉ်နှင့်စပ်လျဉ်း၍
ယင်းလေကြောင်းခရီးစဉ်ကို ပုံမှန်ပြေးဆွဲနိုင်ရေးအဆိုကိုလည်း သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု မဏိပူရအခြေစိုက်သတင်း တခုတွင် ဖော်ပြထားသည်။
လေကြောင်းလိုင်း ပြေးဆွဲမည်ဆိုပါက မိုင် ၂၃၇ မိုင် ရှိသော မန္တလေး - အင်ဖာ ခရီးစဉ်အား မိနစ် (၅၈) မိနစ်ကြာ ပျံသန်းရမည်ဖြစ်ပြီး လက်ရှိတွင် ခရီးသည်တစ်ဦး ၀န်ဆောင်ခကို ရူပီး ၁၄၅၀၀ (ငွေကျပ် ၂၂၅၀၀၀) သတ်မှတ်ထားကြောင်း မူလအစီစဉ်အရ မဏိပူရပြည်နယ်လေကြောင်းဌာနအနေဖြင့် လေယာဉ်လက်မှတ်
ကြိုတင်ဝယ်ယူသူ ခရီးသည် ၂၀ ဦးရှိပြီဖြစ်ကြောင်း KB enterprises မှ
proprietor P Kunjabihari ကပြောဆက်လက်ပြောသည်။
မဏိပူရပြည်နယ်ရှိ လေယာဉ်စက်လောင်စာထုတ်လုပ်မှု (Aviation Turbine Fuel) အပေါ် ကောက်ခံနေသည့် နူန်းထား (Value Added Tax) သည် ၂၀% သတ်မှတ်ထားကြောင်း၊ ယခု ခရီးစဉ်သစ် လေယာဉ်လက်မှတ်ခနူန်းထားကို
လျှော့ချနိုင်ရန် ယင်းအခွန်နှုန်းထား (VAT ) အား အတက်နိုင်ဆုံး လျှော့ချနိုင်ရေး ဆောင်ရွက်သွားရန် အိန္ဒိယလေဆိပ် အာဏာပိုင်အဖွဲ့မှ စီစဉ်လျက်ရှိကြောင်း အင်ဖား Free Press က ဖော်ပြထားသည်။
မဏိပူရပြည်နယ် ၀န်ကြီးချူပ်က မူလလေကြောင်းလိုင်းပြေးဆွဲမည့်ကိစ္စနှင့်ပတ်သက်၍ “ နိုင်ငံခြားသားတွေ
အတွက် လုပ်ထားတဲ့ Protected Area Permit (PAP) စနစ်ဟာ မြန်မာနိုင်ငံသားတွေအတွက်တော့ အကျူံးမ၀င် တော့ဘူး၊
ကျနော်တို့ဖြေလျော့လိုက်ပါပြီ၊ ၂ နှစ်သက်တမ်းရှိပါမယ်၊ Visa on Arrival (VoA) ဆိုက်ရောက်ဗီဇာကိုလည်း အလွယ်တကူထုတ်ပေးနိုင်ဖို့ စီစဉ်ထားပါတယ်’’ ဟု ပြောသည်။
လေကြောင်းလိုင်း ခရီးစဉ် ထပ်မံရွေ့စိုင်းရခြင်းမှာ အိန္ဒိယဗဟိုအစိုးရသာမက မြန်မာနိုင်ငံအစိုးရမှာလည်း နှစ်နိုင်ငံ ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအပေါ်တုံ့ပြန်ချက် အားနည်းနေသေးကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြပြီး မန္တလေးမြို့ နှင့် အိန္ဒိယ အရှေ့မြောက်ပိုင်းဒေသ လေကြောင်းခရီးစဉ် ဖွင့်လှစ်ရန် စီစဉ်ရခြင်းသည် ၂၀၁၂ ခုနှစ် မေလပိုင်းက အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် မြန်မာအစိုးရတို့ ဆွေးနွေးခဲ့သည့် နှစ်နိုင်ငံလေကြောင်းဝန်ဆောင်မှု မြှင့်တင်ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်းသိရသည်။
ချစ်သူမောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment