ဇူလိုင်
(၂၄)၊ကလေး။
ကလေးမြို့တော်သာယာလှပရေးနှင့်
အမှိုက်စနစ်တကျစွန့်ပစ်ရေး အမှိုက်ကင်းစင်ရေးလုပ်ငန်းများအား အုပ်ချုပ်ရေးဌာနများနှင့်
အရပ်ဖက် လူမှု ပရဟိတအဖွဲ့စည်းများ ပူးပေါင်းဆောင်ရွက်သွားရန် အစီအစဉ်များရှိကြောင်း
ကလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူး မှ ပြောသည်။
ကလေးမြို့ရှိ
အမှိုက်စွန့်ပစ်မှု အနေဖြင့် ဒေသခံ မြို့လူထုအနေဖြင့် အမှိုက်စွန့်ပစ်ခြင်းနှင့် ပတ်သက်၍
စည်းကမ်းတကျ စနစ်ကျမှု အားနည်းနေပြီး အမှိုက်များအား ချောင်းမြောင်းများတွင် သာ စွန့်ပစ်မှု
များပြားနေခြင်းကြောင့် ချောင်းမြောင်းများ အမှိုက်ဆို့မှုပြဿနာနှင့်ရင်ဆိုင်နေရကာ မိုးရာသီတွင်
ရပ်ကွက်လမ်းများပေါ် ရေတင်မှုများနှင့် ကြုံနေရပြီး ချောင်းမြောင်းများ ကမ်းပါးပြိုမှုကြောင့်
ချောင်းဘေးနေအိမ်များ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။
အဆိုပါ ကိစ္စနှင့်
ပတ်သက်၍ ကလေးခရိုင်အုပ်ချုပ်ရေးမှူးမှ အစိုးရဌာနများအနေဖြင့် ကလေးမြို့ သာယာရေးနှင့်
အမှိုက် စနစ်တကျ စွန့်ပစ်ရေး ပညာပေးဟောပြောမှုများ ပြုလုပ်မည်ဖြစ်ပြီး လက်ရှိ အမှိုက်များအား
ရှင်းလင်းရန် ကလေးမြို့တွင်းရှိ လူမှု ပရဟိတ အဖွဲ့များအား ဖိတ်ခေါ်ကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး
ဘော်လန်ဒီယာ တင်းမ် အဖွဲ့ငယ်များ ရပ်ကွက်အလိုက် မကြာမီ ဖွဲ့စည်းကာ ရှင်းလင်းသွားမည်ဖြစ်ကြောင်း
ပြောသည်။
ကလေးမြို့တွင်
အမှိုက်များမှာ လမ်းပေါ်တွင် မရှိပဲ အဓိက ဖြစ်သော မြို့လယ်ရှိ ဥပုသ်ချောင်းတွင်းတွင်သာ
စွန့်ပစ်ခြင်းများ တွေ့ရပြီး အဆိုပါ စွန်ပစ်မှုများအား ထိန်းချုပ်ရန်အတွက်မှာ အုပ်ချုပ်ရေး၊
စည်ပင်သာယာရေးနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ ရှင်းလင်းရန်မှာ ရေရှည်မလွယ်ကူပဲ အမှန်တကယ်
အမှိုက်ရှင်းလင်းရေး ကင်းစင်ရေး ကိစ္စအတွက် ရပ်ကွက်တိုင်းတွင် စည်ပင်အနေဖြင့် နေမြေတစ်ခုလျှင်
အမှိုက်စွန့်ပစ်ရန် တစ်နေရာစီ သတ်မှတ်ပေးသင့်ကြောင်း သတ်မှတ်ပေးသည့် နေရာတွင် အမှန်တကယ်စွန့်ပစ်ရန်
ပညာပေးမှုများ လူထုအတွင်း တွင်ကျယ်စွာ ဆောင်ရွက်သင့်ကြောင်း ချောင်းမြောင်းတွင် အမှိုက်ကင်းစင်စေရန်
ပညာပေးမှုများ အချိန်ယူပြုလုပ်ပြီးပါက ဒေသန္တရ ဥပဒေဖြစ်သည့် အမှိုက်မပြစ်ရ ဒဏ်ငွေ ဘယ်လောက်
စသည်ဖြင့် တင်းကျပ်စွာ အမှန်တကယ် ဥပဒေအား အကောင်ထည်ဖော်သင့်ကြောင်း ရပ်ကွက် နယ်မြေ
တစ်ခုခြင်းစီရှိ အမှိုက်ပုံများကိုသာ စည်ပင်နှင့် ရပ်ကွက် ဘော်လန်ဒီယာ တင်းမ် များ ပေါင်းကာ
ရှင်းလင်းမှသာ ရေရှည် အဆင်ပြေနိုင်ကြောင်း ပရဟိတ လုပ်ငန်းလုပ်ကိုင်နေသူ လူငယ်တစ်ဦးကလည်း
၎င်း အကြံပေးလိုသည့် သဘောထားအား ပြောသည်။
ကလေးမြို့တွင်
လက်ရှိ စွန့်ပစ်အမှိုက်များအား မြို့တော်စည်ပင်သာရေး ကော်မတီမှ ယဉ်သွားအလာကောင်းသော
လမ်းအနည်းငယ်သာ အမှိုက်သိမ်းမှုများ ပြုလုပ်နေပြီး စည်ပင်သာရေးအနေဖြင့် အမှိုက်သိမ်းယဉ်
အစီရေ (၅)စီးဖြင့် ရပ်ကွက် (၁၉) ရပ်ကွက်အား ရှင်းလင်းနေရကြောင်း သိရသည်။
ချစ်သူမောင်
No comments:
Post a Comment