ဇူလိုင်(၂၇)၊ကလေး။
ကလေးမြို့
၈၈ မျိုးဆက် ငြိမ်းချမ်းရေနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း နှင့် ဒေသခံ စာပေသမားများ မြို့မိမြို့ဖများ
ပူးပေါင်း၍ ကလေးမြို့တွင် စာပေဟောပြောပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
စာပေဟောပြောပွဲကျင်းပရန်
ကလေးမြို့ မြို့တော်ခန်းမနှင့် ပြည်တော်ချစ် ရုပ်ရှင်ရုံ တို့တွင် နေရာ လျာထားပြီး
မြို့တော်ခန်းမတွင် ကျင်းပနိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း သိရသည်။
မြို့တော်ခန်းမတွင်
ကျင်းပရန် ရည်ရွယ်ခြင်းနှင့် ပတ်သက်၍ ကိုကျော်သူစိုးမှ “ကလေးမြို့ မြို့တော်ခန်းမဟာ
ဌာနဆိုင်ရာပွဲတော်တွေချည်းပဲ ကျင်းပတယ်။ မြို့အရပ်ဖက်ပွဲတွေ ကျင်းပလို့ မရဘူးလားဆိုတဲ့
လူထု အသံတွေကြားရတော့ ကျွန်တော်တို့ မြို့တော်ခန်းမမှာ ကျင်းပပြချင်တယ်။ နောက်ပြီး
စာပေဟောပြောပွဲတွေ နောက်ထပ်လည်း ဒီခန်းမမှာပဲ ကျင်းပတဲ့ ဓလေ့လည်းဖြစ်သွားစေချင်တယ်။
ဒါ့ကြောင့် မြို့တော်ခန်းမကို ပထမ ဦးစားပေး နေရာအဖြစ် အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာပါ”
လို့ပြောသည်။
ပွဲဖြစ်မြောက်ရေး
အစည်းအဝေးတွင် စာပေဟောပြောပွဲအား လာမည့်သြဂုတ်လ (၁၃) ရက်နေ့တွင် ကျင်းပရန် စီစဉ်အတည်ပြုခဲ့ပြီး
ဟောပြောမည့် ဆရာများမှာ ဆရာ ဦးကိုလေ (အင်းဝဂုဏ်ရည်)၊ ဆရာ နေ၀င်းမြင့်၊ ဆရာညီပုလေးတို့
သုံးဦးက ဟောပြောမည်ဖြစ်ကာ ကလေးမြို့ ကဗျာဆရာများ၏ ကဗျာရွတ်ခြင်း အစီအစဉ်များပါ ထည့်ဝင်ကျင်းပမည်ဖြစ်ကြောင်း
သိရသည်။
ပွဲစီစဉ်ရခြင်း
ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ၈၈ မျိုးဆက်မှ ဥက္ကဌ ဦးအောင်သက်တင်က “ ဒီလို စာပေဟောပြောပွဲကို
ကျွန်တော်တို့ ဘာကြောင့် ကျင်းပသလဲဆိုရင် လူထုကို ဒီမိုကရေစီ ပွင့်လင်း အမြင်တွေ ရစေချင်တယ်။
နောက်ပြီး အားလုံးလည်း ပါဝင်နိုင်အောင် စီစဉ်ထားတဲ့အတွက် စုစည်းညီညွှတ်အားကိုလည်း ဖြစ်စေမယ်။
နောက်ပြီး ဒီလို စာပေဟောပြောပွဲကို ကျွန်တော်တို့ နှစ်စဉ် တစ်နှစ်ကို (၂) ကြိမ် ကျင်းပမယ်”
လို့ ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ကလေးမြို့စာပေဟောပြောပွဲ
များအား ယခင်က ကလေးမြို့ ရုပ်ရှင်ရုံ၊ ဗိုလ်ချုပ်လမ်းပေါ်နှင့် ရွှေဘုံသာ ဘုရားရှိ ဇာတ်ရုံတို့တွင်
ကျင်းပခဲ့ကာ ယခု စီစဉ်သည့် စာပေဟောပြောပွဲအား ကလေးမြို့ မြို့တော်ခန်းမတွင် ကျင်းပဖြစ်မည်ဆိုပါက
မြို့တော်ခန်းမတွင် ပထမဆုံး ကျင်းပခွင့်ရသော စာပေဟောပြောပွဲ တစ်ပွဲ ဖြစ်မည် ဖြစ်ပြီး
စာပေဟောပြောပွဲ ကျင်းပရေးတွင် တတ်အားသမျှ အလှူငွေ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
အလှူငွေထည့်ဝင်လှူဒါန်းလိုပါက ဖုန်းနံပါတ် ၀၉ ၄၇၀၇၂၇၅၀ ၊ ၀၉ ၄၀၀၃၀၇၇၀၀ သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။
ချစ်သူမောင်
No comments:
Post a Comment