Sunday, July 6, 2014

ကလေးမြို့ အထက(၃) ဓမ္မစကူးလ်ကျောင်းသားများအတွက် အလှူငွေလှူဒါန်းပွဲ ကျင်းပ

ဇူလိုင် (၆)၊ကလေး။ ဗုဒ္ဓဓမ္ဓစာပေများကို သင်ကြားနေကြသည့် ကလေးငယ်များအတွက် ကျောင်းဝတ်စုံ၊ စာအုပ်များ ၀ယ်ယူရေးနှင့် အထွေထွေ သုံး ငွေပဒေသာပင်အတွက် အလှူရှင်များမှ အလှူငွေပေးအပ်ပွဲ အခမ်းအနားအား ကလေးမြို့ အထက(၃)စာသင်ကျောင်း ကျောင်းဆောင်သစ်တွင် ဇူလိုင်လိုင် (၆) ရက်နေ့ နံနက်တွင် ကျင်းပခဲ့သည်။ အဆိုပါ အလှူရှင်များ လှူဒါန်းမှု အစုစုအတွက် ဓမ္မစကူးလ်တာဝန်ခံ ဆရာတော် ဦးဝိသဒမှ “ ကိုယ့် ဘာသာရေးကို ကိုယ်မလုပ်ရင် ဘယ်သူလုပ်မလဲ။ ထိုအတူပဲ အခုလို ဦးဇင်းတို့ လုပ်နေတာတွေကို ကိုယ့် ဒါယကာ ဒါယိကာမတွေကပါ ထောက်ပံ့ပေးတော့ ပိုပြည့်စုံသွားတာပေါ့။ ဦးဇင်းတို့ ဓမ္မစကူးလ်ကျောင်းတွေမှာ လိုအပ်ချက်ဆိုတာ အခြား လုပ်ငန်းစဉ်လိုပဲ လိုအပ်ပါတယ်။ ကလေးတွေ ကို ကျွေးမွေးရတဲ့ အာဟာရတွေရှိတယ်။ ကလေးတွေ ကျန်းမာရေး စောင့်ရှောက်မှုတွေရှိတယ်။ ဆရာ/ဆရာမတွေအတွက် ဦးဇင်းတို့ ထောက်ပံ့မှု လိုအပ်ရင် လိုအပ်သလိုလည်း ထောက်ပံ့ချင်တယ်”လို့ မိန့်ကြားခဲ့သည်။ အထက(၃) ဓမ္မစကူးလ် ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံနှင့် စာအုပ်များ အတွက် အလှူငွေ (၈၄၀၀၀၀) ကျပ်အား မိဘများဖြစ်ကြသော ဦးကျော်ငြိမ်း၊ ဒေါ်ကြည်ဝင်း တို့အား အမှူးထားပြီး ဦးမင်းလွင် ဒေါ်တင်တင်ဌေး (သား) မောင်အောင်အောင်ဦး။ ဦးကျော်မိုး ဒေါ်တင်တင်ဌေး (သား) မောင်ပိုင်ဖြိုးကျော် မိသားစုတို့မှ လှူဒါန်းခဲ့ပြီး စုစုပေါင်း မတည်အလှူရှင်များ စာရင်းအရ (၁၃) ဦးရှိကာ လှူဒါန်းငွေကျပ် စုစုပေါင်း (၁၅၂၅၀၀၀) ကျပ်အား အလှူရှင်သီးသီးမှ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ ကလေးခရိုင်တွင် ဓမ္မစကူးလ် သင်တန်းကျောင်းပေါင်း (၁၃၅) ကျောင်း ရှိနေပြီး အထက (၃) ဓမ္မစကူးလ်ဌာနတွင် ဗုဒ္ဓဓမ္မစာပေများအား ပထမတန်းမှ ပဉ္စမတန်းအထိ သင်ကြားနေသော ကျောင်းသား/သူပေါင်း (၂၀၀) ဦး ပညာသင်ကြားနေကြောင်း သိရသည်။ ချစ်သူမောင်

No comments:

Post a Comment