Saturday, August 16, 2014

ဓမ္မစကူးလ်း ဆရာမများ ၂ ပတ်တစ်ကြိမ် အစည်းအဝေးသို့ ပညာရှင်များ ဖိတ်ကြား အသိဖလှယ်



သြဂုတ် ၁၀ ကလေး။

ကလေးခရိုင် တနင်္ဂနွေ ဓမ္မစကူးလ် ကျောင်းများရှိ သင်ကြားရေး ဆရာမများ ၂ ပတ်တစ်ကြိမ် အစည်းအဝေ့း မင်္ဂလာဥယျာဉ် ဌာနသို့ ကလေးခရိုင်အုပ်ချုပ်ရေးမှူးကို
ယ်တိုင် တက်ရောက်ခဲ့ကြောင်း ဌာနပြန်ကြားရေးတာဝန်ရှိသူတစ်ဦးမှ ပြောသည်။

အဆိုပါ ၂ပတ် တစ်ကြိမ် အစည်းအဝေးသို့ ကလေးခရိုင် အုပ်ချုပ်ရေးမှူး တက်ရောက်ခြင်းနှင့် ပတ်သက်၍ ဓမ္မစကူးလ် သတင်းနှင့် ပြန်ကြားရေးမှ ဆရာတော် ဦးဓမ္မာနန္ဒ မှ "  ဒီနေ့ ခရိုင် အုပ်ချုပ်ရေးမှူး တက်တယ်ဆိုတာကို ကျေးဇူးတင်ပါတယ်။ ဦးဇင်းတို့ ရည်ရွယ်ချက်ကတော့ ဒီအပတ်က ဒီ အပတ်ကစပြီး ဌာနဆိုင်ရာတွေက ပုဂ္ဂိုလ်တွေ နောက်ပြီး ဆေးဆရာဝန်တွေ ရဲဌာနတွေ လက်လှမ်းမီသမျှ ပညာရှင်တွေကို ဖိတ်ကြားပြီး သူတို့ အနေနဲ့ လေ့လာစေချင်တာထက် သူတို့ ဆီက အသိပညာတွေကို မျှဝေစေချင်လို့ ဖိတ်ကြားတာပါ။ ဓမ္မစကူးလ်မှာ ဘာသာရေးစာပေ သင်ကြားမှု တစ်ခုထဲ မဟုတ်ပဲ ကလေးတွေကို ဘက်ပေါင်းစုံ ထူးချွန်သူများဖြစ်လာအောင် ပြုစုပျိုးထောင်တဲ့ ဆရာမတွေ အနေနဲ့ စာပဲသင်တတ်ရုံနဲ့ မလုံလောက်ဘူး ထင်လို့ ခုလို ပညာသင်ပေးမယ့် ဆရာမတွေကို ပညာရှင်တွေနဲ့ တွေ့ဆုံ အသိဖလှယ်ပေးစေရေး အကောင် အထည်ဖော်တာပါ " လို့ မိန့်ကြားခဲ့သည်။

ကလေးဒေသတွင် ကလေးမြို့ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးမှ လပ်ငန်းစဉ် ၂ ရပ် အဖြစ် ကာကွယ်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းကြီး ၂ ရပ်အား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပြီး ကာကွယ်ရေးအနေဖြင့် ဘာသာရေး အမြင်ဖွင့်ဟောပြောပွဲများပြုလုပ်ပြီး ကလေးငယ်များအားလည်း ဘာသာစာပေများ သင်ကြားနိုင်ရန် ကျောင်းများ ၁၄၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး စောင့်ရှောက်ရေးအနေဖြင့် ပဋိပက္ခများမဖြစ်စေရေး ကယ်ဆယ်ရေး လှူဒါန်းမှုများပြုလုပ်ကာ ဆောင်ရွက်နေကြောင်း သိရသည်။

ဓမ္မစကူးလ်များနှင့်ပတ်သက်၍ ကလေးခရိုင် အုပ်ချုပ်ရေးမှူးကြီးမှလည်း ၄င်းအနေဖြင့် ယခုလို တက်ရောက်ပြီးလေ့လာရတာ ဝမ်းမြောက်မိကြောင်း ကလေးငယ်များ အနာဂတ် တောက်ပြောင်လင်းလက်ရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အစုံအစုံသော ပညာရှင်များ ဖိတ်ကြားကာ အသိဖလှယ်ခြင်းအား ကျေနပ်မိပါကြောင်း ပြောသည်။

ကလေးခရိုင်တွင် ဓမ္မစကူးလ် ဌာနပေါင်း ၁၄၈ ဌာန ထိ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပြီး ဆရာမများ ၂ ပတ်တစ်ကြိမ် အစည်းအဝေး များအားလုံးတွင် ပညာရှင် တစ်ဦးစီအား ဆက်လက်ဖိတ်ကြားကာ ပြုလုပ်မည်ဖြစ်ပြီး လာမည့် အစည်းအဝေးတွင် မှုခင်းဆိုင်ရာ အသိပညာဖလှယ်နိုင်ရေး ကလေးခရိုင် ရဲဌာန ခရိုင်ရဲမှူးအား ဖိတ်ကြားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သူမောင်

No comments:

Post a Comment