Saturday, August 16, 2014

အော်ရီဒူး ဆင်းကတ်လှိုင်းက ကလေးမြို့ ဆင်းကတ်ဈေးကွက်ကို မလှုပ်ခတ်နိုင်



သြဂုတ် ၁၅ ကလေး။

မြို့ကြီးတွေမှာ ရုတ်ရုတ်သည်းသည်း ဖြစ်ခဲ့သည့် အော်ရီဒူး ဆင်းကတ်ပေါ်ထွက်ဈေးကွက်ဝင်လာမှုက ကလေးမြို့ ဆင်းကတ်အရောင်းအဝယ် ဈေးကွက်ကို လှုပ်ခတ်လာမှု မရှိကြောင်း ဆင်းကတ် အရောင်းအဝယ်ပြုလုပ်သူ တစ်ဦးက ပြောသည်။

ကလေးမြို့တွင် သြဂုတ်လအစပိုင်းက မြို့ကြီးများဈေးကွက်ဝင်ခဲ့သော အော်ရီဒူး ဆင်းကတ်များကြောင့် GSM ဆင်းကတ်ဈေး ၃၅၀၀၀ ထိ တစ်ရက်ခန့် ကျဆင်းခဲ့သော်လည်း နောက်ပိုင်း ၅ သောင်းနှင့်အထက်သာ ဈေးပြန်လည်တည်ခဲ့သည်။

ဆင်းကတ်ဈေးနှင့်ပတ်သက်ပြီး ဖုန်းသုံးစွဲသူ တစ်ဦးကလည်း ကျွန်တော်တို့ ကလေးမြို့ကို အော်ရီဒူး ကတ်တွေ မန်းလေးသွားတဲ့သူတချို့ ဝယ်ခဲ့တာ ဒီမှာက သုံးလို့မရဘူးလေ နောက်ပြီး သူက မော်ဒယ်မြင့် ဟန်းဆက်မှဆိုတေnာ့ ကိုင်ချင်ကြတော့ဘူး။ နောက်ပြီး ကလေးမြို့က ဘာသာရေး ခံယူချက်ပြင်းတယ်ဗျ။ ဘာသာရေးအဖွဲ့အစည်းတွေ ပြောမှာလည်း မလိုချင်ဘူးထင်ပါတယ်။ ဘယ်ဆိုင်မှတောင် ရောင်းတာ မတွေ့ဘူး လို့ ပြောသည်။

ကလေးမြို့တွင် နိုင်ငံတော်အစိုးရမှ ၁၅၀၀ ကျပ်ဖြင့် ချပေးသည့် GSM , WCDMA,CDMA ဆင်းကတ်များ စတင်ပေါ်ချိန်က တစ်သိန်းခွဲကျပ်အထိ ပြင်ပ ဈေးကွက်တွင် ပေါက်ဈေးရှိသော်လည်း ၂၀၁၄ သြဂုတ်လ ၁၅ ရက်အထ GSM ငါးသောင်းခွဲ ကျပ် CDMA လေးသောင်းခွဲကျပ်ထက် ဈေးမကျသေးကြောင်း သိရသည်။

ချစ်သူမောင်

No comments:

Post a Comment