Saturday, August 16, 2014

ကလေးခရိုင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ ဖွဲ့စည်း



သြဂုတ် ၆ ကလေး။

သြဂုတ်လ ၆ ရက် နေ့လည် ၂ နာရီက ကလေးမြို့နယ်လုံးဆိုင်ရာ ရတနာပုံ ရွှေဘုံသာ ဘုရားကြီး ဓမ္မာရုံတွင် ကလေးခရိုင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့အား စတင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အဆိုပါ ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး ကလေးခရိုင်စီမံ ခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်ထူး က "  ဒီလို ဖွဲ့စည်းရခြင်းဟာ အဓိက ဘာသာပေါင်းစုံ ငြိမ်းချမ်းစေဖို့ပါ။ ဒီလိုဖွဲ့စည်းခြင်းအားဖြင့် ဘာသာရေး ပွတ်တိုက်မှုလေးတွေ ဖြစ်တဲ့ အခါ သူ့ဘာသာ ကိုယ့်ဘာသာ ဝိုင်းထိန်းသိမ်းကြဖို့ အတွက်ပါ။ ဒါမှ ဘာသာရေး ပဋိပက္ခတွေ ဖြစ်မလာမှာ ဖြစ်ပါတယ်။ အဖွဲ့ ဖွဲ့တဲ့ အခါမှာလည်း သူ့ဘာသာ ကိုယ့်ဘာသာ လေးစားရတဲ့ လူတွေကို ထည့် ဖွဲ့စည်းခဲ့တာပါလို့ " ပြောသည်။

အဆိုပါ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ ခရိုင် အား ယခု လက်ရှိ နာယကများ အပါအဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းထားခဲ့ပြီး ဗုဒ္ဓဘာသာ ဟိန္ဒူဘာသာ ခရစ်ယာန် ဘာသာနှင့် အစ္စလာမ် ဘာသာဝင်များ ပါဝင်ကြောင်း သိရပြီး ဖွဲ့စည်းရေး အစည်းအဝေးတွင် ခရိုင်အဖွဲ့ဆိုသော်လည်း ကလေးခရိုင်တွင်း ကလေးဝ မင်းကင်း ဒေသများမှ ဘာသာရေး အဖွဲ့များ တက်ရောက်ခြင်းမရှိခဲ့ကြောင်းလည်
း သိရသည်။

ချစ်သူမောင်

No comments:

Post a Comment