Friday, March 28, 2014

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ရဲ့ ၂၀၁၄သန်းခေါင်စာရင်း ကောက်ယူမှုမှာ မသန်စွမ်းသူတွေအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်လျက်ရှိ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မှ မတ်လ ၃၀ မှ ဧပြီလ ၁၀ ရက်နေ့အထိ (၁၂) ရက်ကြာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူတဲ့အခါမှာ မသန်စွမ်းသူတွေအတွက် စာရင်းကောက်ယူမှုကို လူမှုဝန်ထမ်းဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်နေပါတယ် စာရင်းစစ် စာရင်းကောက်တွေအနေနဲ့ မသန်စွမ်းသူတွေရဲ့စာရင်း မှန်ကန်တိကျစွာရရှိဖို့အတွက် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယုယုဆွေ မှ မဲခေါင်ဒေသအတွင်းနိုင်ငံများရဲ့ မသန်စွမ်းသူများ၏ အကျုံးဝင်စီးပွါးရေးအတွေ့အကြုံရှင်းလင်းပွဲမှာ အခုလိုပြောခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မှ စာရင်းစစ် စာရင်းကောက်တွေကို သင်တန်း ပေးတဲ့အခါမှာ လူမှုဝန်ထမ်းဦးစီးဌာနမှ Co- Training ဆိုပြီး သူတို့လုပ်တဲ့သင်တန်းမှာ သွားပြီးသင်တန်း ပေးပါတယ်။ စာရင်းစစ် ( ၄၀၀၀၀ ) လောက်ကို Myanmar Independent Living Invitiative ( MITI ) မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ နဲ့ပူးပေါင်းပြီး အထောက်အကူပြုစာစောင်ထုတ်ပေးတယ်၊ စာရင်းကောက် တစ်သိန်းကျော်ကို The Leprosy Mission Myanmar နဲ့တွဲပြီးအထောက်အကူပြုစာစောင်ထုတ်ပေးတယ် ဒါအပြင့် The Leprosy Mission Myanmar က ဗီဒီယိုသင်ခန်းစာလည်းထုတ်ထားပါတယ်၊ ၅မိနစ် နဲ့ ၁၀မိနစ် ရှိတဲ့ Documentary ရိုက်ပြီး သန်းခေါင်စာရင်းရဲ့လက်ရှိသွားနေတဲ့ မီဒီယာကဏ္ဍကနေအားလုံး ကိုဖြန့်ဖို့ ရှိပါ တယ် ။ မသန်စွမ်းသူတွေရဲ့စာရင်းတွေမှန်ကန်တိကျစွာရရှိဖို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေ နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ စာရင်းစစ် စာရင်းကောက်အဖြစ် ဆရာ၊ဆရာမတွေကို ဆောင်ရွက်စေပြီး တိုင်းဒေသကြီး နဲ့  ပြည်နယ်အသီးသီးမှာ စာရင်းစစ် စာရင်းကောက်သင်တန်းကို ထောင်နဲ့ချီဖွင့်ခဲ့ပါတယ် လို့ နေပြည်တော် ၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုး မှ ပြောပါတယ် မသန်စွမ်းသူတွေ ရဲ့စာရင်းကို မှန်ကန်စွာကောက်ယူနိုင်ဖို့ စာရင်းစစ် စာရင်းကောက် ဆရာ ဆရာမတွေအတွက် စာအုပ်ထုတ်ဝေထားတယ် လို့ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ ၊ Program Director ဦးနေလင်းစိုး မှအခုလိုပြောပါတယ် စာရင်းကောက်တွေအနေနဲ့မသန်စွမ်းသူတွေအတွက်နည်းပညာပိုင်းဆိုင်ရာမေးခွန်းတွေဘယ်လိုမေးရမလဲ၊ မိသားစုထဲမှာမသန်စွမ်းရှိကြောင်းထုတ်မပြချင်မဖြေချင်တဲ့မိသားစုတွေဆိုရင် အချက်အလက် တွေရအောင် ဘယ်လိုဖေါ်ထုတ်မေးမလဲ စသဖြင့်သန်းခေါင်စာရင်းကောက်ယူတဲ့ လုပ်ငန်းစဉ်တွေမှာ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲအပါအ၀င်အားလုံးကိုလွှမ်းခြုံတဲ့လမ်းညွှန်စာအုပ်တစ်အုပ်ပါ ၊ ဒီစာအုပ်ကိုစာရင်းစစ်တွေက စာရင်းကောက်တွေကိုပြန်ဆင့်ပွါးရှင်းပြပေးမယ်ဆိုရင်ပိုမှန်တဲ့အချက်အလက်တွေရရှိနိုင်ပါတယ် ဒါကြောင့် ဒီစာအုပ်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နဲ့ ကျွန်တော်တို့ရှေ့ဆောင်အဖွဲ့တို့ပူးပေါင်းထုတ်ဝေတာဖြစ်ပါတယ်။ အခု National Census မှာ မသန်စွမ်းတွေရဲ့ Data တိကျစွာရရှိဖို့ စာရင်းကောက်တွေ အနေနဲ့ မေးခွန်းမေးတဲ့အပေါ် မူတည်ပါတယ်လို့ မသန်စွမ်းသူတစ်ဦးမှ အခုလိုပြောပါတယ် စာရင်းကောက်တွေ အနေနဲ့ မေးခွန်းမေးတဲ့အခါမှာ မသန်စွမ်းမှုနဲ့ပတ်သက်တဲ့စကားလုံး ဥပမာ ဥာဏ်ရည် မသန်စွမ်းသူကလေးတစ်ယောက် ရှိလာလို့မေးရမည့်အစား အရူးတစ်ယောက်ရှိလားလို့ မေးရင်ဘယ်မိဘက ကိုယ့်သားသမီးကို အရူးတစ်ယောက်ရှိတယ်လို့ပြောမှာမဟုတ်ဘူး ဒါကြောင့်မေးခွန်းမေးတဲ့အပေါ်မူတည်ပါတယ် ၊ ကျွန်မတို့မသန်စွမ်းတွေအတွက် ၂၀၀၉ ခုနှစ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနရဲ့ကောက်ခံထားတဲ့ Data အရ မြန်မာနိုင်ငံလူဦးရေရဲ့ 1.3 သန်းက မသန်စွမ်းတွေဖြစ်တယ်ဆိုတာသိရပါတယ် ၊ အခု National Census မှာ မသန်စွမ်းတွေရဲ့ Data တိကျစွာရရှိမယ်လို့ယုံကြည်ပါတယ် မသန်စွမ်းထဲမှာမှ မသန်စွမ်း(၄)မျိုးကတော့ ဥာဏ်ရည်မသန်စွမ်း ၊ ကိုယ်အင်္ဂါမသန်စွမ်း ၊ အမြင်အာရုံမသန်စွမ်း ၊ အကြားအာရုံ မသန်စွမ်း စသဖြင့် မသန်စွမ်းမှုအသေးစိတ်ကို တိကျမှန်ကန်စွာသိရှိပြီး ဘယ်နေရာမှာ ဘာလိုအပ်လို့ ဆောင်ရွက်ပေးရင် ကျွန်မတို့အတွက် အများကြီး အထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ် ပြည်သူတွေရဲ့အမြင်ကမသန်စွမ်းမှုရဲ့အခြေအနေကို တချို့ကရှက်လို့ပဲဖြစ်ဖြစ် ကြောက်လို့ပဲဖြစ်ဖြစ် မိသားစု အခြေအနေအရ မဖြေတာမျိုးဖြစ်မှာစိုးလို့ သန်းခေါင်စာရင်းရဲ့ဆောင်ပုဒ်အတိုင်း နစ်နာသူမှာပြည်သူပါ ဆိုသလိုပါပဲ မသန်စွမ်းသူတွေ သန်းခေါင်စာရင်းမှာကျန်ခဲ့ရင် မသန်စွမ်းသူတွေအတွက် ဘာလုပ်ရမလဲဆိုတဲ့အပိုင်းပါကျန်ခဲ့မယ် ဒါကြောင့် စာရင်းကောက်တွေ အနေနဲ့မှန်ကန်တဲ့ မေးခွန်းများ ကောက်ယူနိုင်ဖို့အတွက်မသန်စွမ်းသူတွေအနေနဲ့သန်းခေါင်စာရင်းကောက်ယူမှုမှာပူးပေါင်းဆောင်ရွက်ဖို့လိုအပ်နေတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယုယုဆွေ မှ ပြောပါတယ်။

No comments:

Post a Comment