Tuesday, March 18, 2014
၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမှုတွင် တချို့မျိုးနွယ်စုများ ရွေးကောက်ပွဲအတွက် ကိုင်တွယ်လာမှု ရှိနိုင်
မတ်လ (၁၈)၊ ရန်ကုန်။
၂၀၁၄ခုနှစ် နိုင်ငံလုံးကျွတ် သန်းခေါင်စာရင်းကောက်ခံမှု ၂၀၁၅ ရွေးကောက်ပွဲနှင့် လုံးဝ ပတ်သက်မှုမရှိကြောင်း သန်းခေါင်စာရင်း ဗဟိုကော်မရှင်မှ ထုတ်ဖော် အသိပေးထားသော်လည်း အဆိုပါ အသိပေးချက်အား တိုင်းရင်းသား အဖွဲ့စည်းတချို့အမြင်များနှင့် အစိုးရအမြင်များ ကွဲလွဲမှု ရှိနေကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကချင်ပြည်နယ် ငြိမ်းချမ်းရေးကွန်ရက်မှ ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက “တစ်ချို့တိုင်းရင်းသားတွေကသန်းခေါင်စာရင်းနဲ့မပတ်သက်ပေမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့သန်းခေါင်စာရင်းကိုကိုင်တွယ်လာကြတယ်။ ဥပမာ လူဦးရေကဏ္ဍပေါ့၊ မွန်နဲ့ရှမ်းဖို့ရန်ကုန်တိုင်းမှာ မွန်နဲ့ရှမ်းလူဦးရေကို တိတိကျကျသိနိုင်ဖို့တစ်နေ့နေ့မှာ သူတို့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး၊မွန်တိုင်းရင်းသားရေးရာဝန်ကြီးတို့ ရရှိအောင်စတင်လုပ်ဆောင်ဖို့ဆောင်ရွက်နေပါတယ်။ကျွန်မတို့ ကချင်နဲ့ချင်းကကိုယ့်ဒေသမှာ ဒီဟာကို ဘယ်လိုကိုင်တွယ်မလဲဆိုပြီး ဆွေးနွေးလာကြတယ်” ပြောသည်။
တိုင်းရင်းသားလူမျိုးစု တစ်ခု အဖြစ် တည်ရှိပြီး ဒေသတစ်ခုထဲတွင် ၄င်းလူမျိုးစုမှ လူမျိုးစု လူဦးရေ ငါးသောင်းပြည့်လျှင် တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး ရရှိကြောင်း သိရသည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဦးညီညီ ကလည်း သန်းခေါင်စာရင် ရှေ့ပြေးလူဦးရေထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး “ကျနော်တို့ မှန်းတာကတော့ စာရင်းဇယားပြုစုခြင်းလုပ်ငန်းဟာ စာရင်းစာပြုစုတဲ့အဆင့်အထိ တော့ မရောက်သေးဘူးပေါ့နော် အဲဒါ ၇ လလောက် ပြီးမယ်လို မှန်းပါတယ်။ ဒီနောက်မှာတော့ ထွက်လာတဲ့ အချက်အလက်တွေကို အန်ဒါလိုက်စ် လုပ်မယ်။ ဒါတွေလုပ်ဖို့အတွက် တော့ ၂ လလောက် အချိန်ယူတဲ့အတွက် ပထမဆုံး မိန်းရီပို့ကတော ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ ထွက်မယ်လို့ မှန်းထားပါတယ်။ ၂၀၁၅ ဆိုတာက စာရင်းကောက်ပြီးမှ တစ်နှစ်နီးပါးလောက်မှ စာရင်းဇယားတွေ ပြုစုပြီး ထုတ်ပြန်နိုင်မှာပါ“ လို့ ပြောကြားခဲ့သည်။
ချစ်သူမောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment