Thursday, April 3, 2014

သန်းခေါင်စာရင်း အဆင်ပြေစွာ ကောက်ယူနိုင်ရေး ကြိုတင်မေးခွန်း လက်ကမ်းစာရွက်များ ရပ်ကွက်တွင်း ဖြန့်ဝေ

ရန်ကုန်၊မတ်-၃၁ သန်းခေါင်စာရင်းကောက်ယူရာတွင် အဆင်ပြေစေရန် ကြိုပွိုင့်အဖြစ် မေးခွန်းအချို့ပါရှိသော လက်ကမ်းစာစောင်းများအား ရပ်ကွက်တွင်း နေအိမ်များသို့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ ဖြန့်ဝေခဲ့သော ကြိုပွိုင့်မေးခွန်း စာရွက်များအား သန်းခေါင်စာရင်းရည်ညွှန်ချိန်မတိုင်မီ တစ်ရက်အလို (၂၈.၃.၂၀၁၄) ရက်တွင် ဖြန့်ဝေခဲ့ပြီး ဖြန့်ဝေခဲ့သော စာရွက်တွင် အမျိုးအစား(၂) မျိုး ရှိပြီး ကြောင်း သိရသည်။ “ဒီအစီအစဉ်လေးတွေက သန်းခေါင်စာရင်းကောက်တဲ့အခါမှာ အဆင်ပြေအောင် ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ကြတာပါ။ ဒါက တစ်နိုင်ငံလုံးမဟုတ်ပါဘူး။ ကိုယ့် ရပ်ကွက်ကလေးတွေအတွက်ပဲ ကိုယ့်ဖာသာကို လုပ်တာပါ။ သန်းခေါင်စာရင်းကောက်ချိန် အပြင်သွားရင်လည်း အိမ်မှာ ကျန်ခဲ့တဲ့သူ ကို ဖြည့်ထားပေးနိုင်အောင် စီစဉ်တာပါ”လို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ကမာရွတ်မြို့နယ်လ၀ကမှူး ဦးကိုကိုမှ ပြောသည်။ ကမာရွက်မြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ခံရန် စာရင်း ကောက်ကွက် (၁၂၃) ကွက်၊ အဖွဲ့အစည်းကောက်ကွက် (၅) ကွက် ရှိပြီး သန်းခေါင်စာရင်းကောက် အဖွဲ့များနှင့်အတူ ရပ်ကွက်အတွင်းနေထိုင်သည့် စေတနာရှင် (၁၂) ဦးကလည်း ဆရာ/မများနှင့်အတူ ကမာရွတ် (၆) ရပ်ကွက်တွင် လိုက်ပါကူညီခဲ့သည်။ ”မေးခွန်းစာရွက် (၂) မျိုးကြိုပို့ထားပါတယ်။ အဲဒါတွေက သန်းခေါင်စာရင်းလာကောက်ရင် ဖြေရမယ့် မေးခွန်းတွေ ဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်ထားတာဟာလည်း လက်တလော အဆင်ပြေစေပါတယ်။ အဲဒီလို မလုပ်ရင် ဘာဖြေရမှန်းမသိ အချိန်ကုန်ခံ မေးမြန်းနေရမှာလေ။ အခုတော့ အဆင်ပြေပါတယ်” လို့ ကမာရွတ်(၆) ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောသည်။ အဆိုပါ ကြိုပွိုင့် လက်ကမ်းစာရွက် (၁) တွင် (၂၉.၃.၂၀၁၄) ရက်နေ့ ညအိပ်သူများစာရင်းအား မှတ်တမ်းတင်ပေးထားပါရန် မေတ္တာရပ်ခံထားပြီး မေးခွန်း (၁၄) ချက် ပါဝင်သည်။ဒုတိယ စာရွက်တွင် အသိပေးညာစာစောင်မှ လူတိုင်းအားမေးရန် မေးခွန်း(၄၁) ချက်အား ကူးယူဖော်ပြ အသိပေးထားသည်။ ချစ်သူမောင်

No comments:

Post a Comment