Thursday, March 27, 2014

သန်းခေါင်စာရင်းတွင် ရိုပာင်ဂျာ ပာု ထည့်သွင်းပါက ဥပဒေနှင့် ငြိစွန်းမည်။

နေပြည်တော်၊ မတ် (၁၄) ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရာတွင် မျိုးနွယ်စု၌ ရိုပာင်ဂျာပာု ထည့်သွင်းပါက လွှတ်တော်က ပြဌာန်းထားသည့် သန်းခေါင်စာရင်းဥပဒေနှင့် ငြိစွန်းမည်ဖြစ်ကြောင်း ပြည်သူ့အင်အား ဦးစီးဌာန က ညွှန်ကြားရေးမှုးဒေါက်တာ ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။ ရိုပာင်ဂျာ မျိုးနွယ်စု သည်မြန်မာနိုင်ငံတွင် မရှိသောကြောင့် သန်းခေါင်စာရင်းကောက်ခံရာတွင် ရိုပာင်ဂျာ ပာုဖြေဆိုပါက လိမ်လည်ခြင်းသာဖြစ်သည့်အတွက် ယခုကဲ့သို့ဥပဒေနှင့် ငြိစွန်းနေခြင်းဖြစ်သည်ပာုဆိုသည်။ “ရိုပာင်ဂျာဆိုတာ မြန်မာနိုင်ငံမှာမရှိဘူးလို့ကြေညာထားပါတယ်။အဲဒီအတွက် ရိုပာင်ဂျာလို့ ထည့်ရင် ဥပဒေနဲ့ ငြိစွန်းမယ်။”ဟုဒေါ်ခိုင်ခိုင်စိုးကပြောသည်။ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းထားည့် သန်းခေါင်စာရင်းဥပဒေတွင် သန်းခေါင်စာရင်းမေးခွန်းဖြေဆိုသူများသည် မှားယွင်းစွာဖြေဆိုပါက ထိုသူကို တစ်လထက်မပိုသောထောင်ဒဏ် ဖြစ်စေ၊ကျပ်ငါးသောင်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟူ၍ ပြဌာန်းပါရှိသည်။ “ဥပဒေနဲ့အရေးမယူချင်ပါဘူး၊အရေးမယူရအောင်လည်းစီမံဆောင်ရွက်နေပါတယ်၊သန်းခေါင်စာရင်းသည် ပြည်သူတွေအတွက်လုပ်တာ ပြည်သူတွေကို အရေးမယူချင်ပါဘူး။”ပာုဒေါ်ခိုင်ခိုင်စိုးက ဆက်လက်ပြောဆိုသည်။ “ပြည်တွင်းမှာနေတဲ့ တိုင်းရင်းသားဆိုရင် တိုင်းရင်းသား(၁၃၅)မျိုးကို အခြေခံတယ်၊ပြည်ပ ကနိုင်ငံခြားသားဆိုရင် နိုင်ငံကို အခြေခံမယ်၊တရုတ်နိုင်ငံမရှိဘူးလို့ ငြင်းလို့မရဘူး၊ဘဂ်လားဒေ့ရှ် နိုင်ငံမရှိဘူးလို့ ငြင်းလို့မရဘူး၊တရုတ်လူမျိုးရှိတယ်တရုတ်နိုင်ငံရှိတယ်၊ဘဂ်လီလူမျိုးရှိတယ်၊ဘဂ်လားဒေ့ရှ် နိုင်ငံရှိတယ်။မငြင်းဘူး တို့ဆီမှာဘဂ်လီတွေ သန်းနဲ့ချီပြီးရှိပါတယ်။တိုင်းရင်းသားဖြစ်ရင် ပြည်တွင်းမှာလူမျိုးရှိရမယ်၊ပြည်ပက လူမျိုးဆိုရင် နိုင်ငံရှိရမယ်။နိုင်ငံမရှိတဲ့ လူမျိုးဆိုတာဘယ်မှာမှမရှိဘူး၊မရှိတဲ့ လူမျိုးကိုဘာလူမျိုးပါလို့ လိမ်လည်လှည့်ဖြားပြီးထည့်လို့မရဘူး”ပာုဒေါ်ခိုင်ခိုင်စိုးက ထပ်မံရှင်းပြသည်။ လက်ရှိတွင် မြန်မာနိုင်ငံတွင်းတွင် နေထိုင်နေသည့် ဘဂ်လီ လူမျိုးများက ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် မျိုးနွယ်စု၌ ရိုဟင်ဂျာ ဟူ၍ ထည့်သွင်းမည်ကို တိုင်းရင်းသားအများစုက စိုးရိမ်ပူပန်နေကြသည်။သို့ဖြစ်၍ ဘဂ်လီများ အများစုနေထိုင်သည့် ရခိုင်ပြည်နယ်တွင် ရိုပာင်ဂျာလူမျိုး ဟု သန်းခေါင်စာရင်း၌ ထည့်သွင်းကောက်ခံမည်ကို လက်မခံကြောင်း ဆန္ဒပြတောင်းဆိုရန် စီစဉ်နေမှုများလည်းရှိကြောင်း သတင်းများက ဖော်ပြနေသည်။ စောဖိုးခွား

No comments:

Post a Comment