Thursday, March 27, 2014

လွှတ်တော်က ပြဌာန်းထားသည့် သန်းခေါင်စာရင်းဥပဒေကို မျက်ကွယ်ပြုမည်လား

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူဖို့ နီးကပ်လာသည်နှင့် အမျှ ပြည်သူ များအနေဖြင့်စိုးရိမ်စိတ်က တစ်နေ့ထက်တစ်နေ့ ပိုလို့လာသည်။ သန်းခေါင်စာရင်းကောက်ခံရာတွင် မေးမြန်းမည့်မေးခွန်း (၄၁)ချက်မှာပါရှိတဲ့ ပိုင်ဆိုင်မှုကို မေးမြန်းသော မေးခွန်းများက ဖြေဆိုမည့် ပြည်သူများအတွက် အဓိက အခက်အခဲပင်။ ပိုင်ဆိုင်မှုများကို လူသိမခံချင်သည်က မြန်မာလူမျိုးတို့၏ ရှေးရိုးစွဲ အစဉ်အလာလို ဖြစ်နေမှုကြောင့် ထုတ်ဖော်ပြောဆိုရန် စိုးရိမ်စိတ်ရှိနေသလို သန်းခေါင်စာရင်းတွင် ပိုင်ဆိုင်မှုများ လိုအပ်လေသလားပာု မေးခွန်းထုတ်မှုများ ကလည်းရှိနေပြန်ပါသည်။တစ်ချို့ တစ်ချို့က အခွန်အခ တိုး၍ ကောက်ခံလေမည်လား ပာူ၍လည်း စိုးရိမ်ကြပြန်သည်။ သန်းခေါင်စာရင်းကောက်ခံမှု သည်အခွန်အခ တိုးကောက်လိုခြင်း နှင့် မသက်ဆိုင်ကြောင်း သန်းခေါင်စာရင်း ဖြေဆိုမှုပုံစံများကို သန်းခေါင်စာရင်းကောက်ခံသူမှလွဲ၍ မည်သူမှ သိရှိနိုင်မည် မပာုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနက ကတိပေးထုတ်ပြန်ထားသည်။သို့သော် သန်းခေါင်စာရင်း ကောက်ခံမည့်သူများကလည်း မည်သည့် အတိုင်းအတာထိ ယုံကြည်စိတ်ချ ရမည်နည်း ဆိုသည်ကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပြန်သည်။ သန်းခေါင်စာရင်းကောက်ခံမည့်သူများကို မှုယုံကြည်စိတ်ချမှုရှိနိုင် ရန်လူအများလေးစားမှုရနိုင်ရန် ကျောင်းဆရာမများကို ခန့်ထားသည်ပာု လူဝင်မှုကြီးကြပ်ရေးက ညွှန်ကြားရေးမှုးချုပ်က ဆိုသည်။သန်းခေါင်စာရင်းကောက်ခံမည့်ကျောင်းဆရာမများကို လည်းခရိုင်မြို့နယ် အလိုက်ခွဲ၍ လေ့ကျင့်ရေးသင်တန်းများပေးနေသည်။ သန်းခေါင်စာရင်းကောက်ယူမှုတွင် ဖြေဆိုမည့်သူများမှာလည်း မှန်ကန်စွာ တာဝန်ရှိသကဲ့ သို့ သန်းခေါင်စာရင်းမေးမြန်းမည့်သူများတွင်လည်းတာဝန်ရှိနေသည်။နှစ်(၃၀)ကြာမှပြန်လည်ကောက်ယူမည့် သန်းခေါင်စာရင်းတွင် အချက်အလက်မှန်ကန်စွာရနိုင်ရေးအတွက် နှင့်ပြည်သူများ၏ကိုယ်ရေးကိုယ်တာ များမပေါက်ကြားစေရေးအတွက် ယခင်ရှိပြီးသား သန်းခေါင်စာရင်းဥပဒေကို ပြန်လည်ပြုပြင်ပြီး ဥပဒေတစ်ရပ်ပြဌာန်းထားပြီးဖြစ်သည်။ဥပဒေကို ပြည်ထောင်စုလွတ်တော်က(၂၀၁၃)ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့က အတည်ပြု၍ ပြဌာန်းထားခဲ့ပြီးဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်က ပြဌာန်းထားသည့်ဥပဒေတွင် သန်းခေါင်စာရင်းကောက်ယူထားသော အချက်အလက်များကို တာဝန်ရှိသူမှအပမည်သူမျှစစ်ဆေးခြင်း (သို့မဟုတ်)ကူးယူသိမ်းဆည်းခြင်းမပြုရ ပာူ၍လည်းကောင်း၊အချက်အလက်များကို သန်းခေါင်စာရင်းဆိုင်ရာ ကိစ္စမှတစ်ပါး အခြားမည်သည့် ကိစ္စအတွက်မှ အသုံးပြုခြင်း (သို့မဟုတ်)စစ်ဆေးခြင်းမပြုရ ဟူ၍လည်းကောင်း၊သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့စာရင်းစစ်များနှင့် စာရင်းကောက်များသည် တာဝန်ကျရာဒေသ၌ အဆောက်အဦအတွင်းသို့ သတ်မှတ်ချိန်အတွင်းဝင်ရောက်ခြင်းနှင့် အဆောက်အဦများတွင် လိုအပ်သည့် အမှတ်အသားများပြုလုပ်ခြင်းကို နှောင့်ယှက်ခြင်း (သို့မဟုတ်)ဟန့်တားခြင်းမပြုစေရ ဟူ၍ လည်းကောင်း၊သန်းခေါင်စာရင်းမေးခွန်းများဖြေဆိုရန် ငြင်းဆိုခြင်း သိလျှက်နှင့် မှားယွင်းစွာ ဖြေဆိုခြင်း(သို့မဟုတ်)မှားယွင်းစွာ ထည့်သွင်းခြင်းမပြုရဟူ၍လည်းကောင်း သန်းခေါင်စာရင်းကောက်ယူသည့် အခါမမှန်မကန် ဖြေဆိုရန် မေးခွန်း ဖြေဆိုမည့်သူအား တိုက်တွန်းခြင်း၊ခြိမ်းခြောက်ခြင်း၊သွေးဆောင်ဖြားယောင်းခြင်း မပြုရ ဟူ၍လည်းကောင်း တားမြစ်ချက်များပြဌာန်းထားပြီး၊ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျတ်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင် ခြင်းခံရလျှင် ထိုသူကိုထောင်ဒဏ် တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည် ဟူ၍ပြဌာန်းပါရှိသည်။ သန်းခေါင်စာရင်းကောက်ခံမည့် စာရင်းစစ်နှင့် စာရင်းကောက်များ သည်သန်းခေါင်စာရင်းကောက်ယူရေးနှင့် စပ်လျဉ်းပြီး ပေးအပ်သောလုပ်ငန်းတာဝန်ကို ခိုင်လုံသောအကြောင်းပြချက် မရှိဘဲ ငြင်းဆိုခြင်း ပျက်ကွက်ခြင်းမရှိစေရဘဲ သန်းခေါင်စာရင်းတွင် မပါဝင်သောမေးခွန်းများမေးမြန်းခြင်းမပြုရန်နှင့် သန်းခေါင်စာရင်းကောက်ယူရာတွင် သိရှိရသော တစ်ဦးတစ်ယောက်၏ကိုယ်ရေးကိုယ်တာကို ထုတ်ဖော်ခြင်းမပြုရန်လည်း ဥပဒေနှင့်ထိန်းချုပ်ထားပြီးဖောက်ဖျတ်သူများကို အထက်ပါအတိုင်း ပြစ်ဒဏ်တူ ချမှတ်ခြင်းခံရမည်။ မည်သူတစ်ဦးတစ်ယောက်ကမှ သန်းခေါင်စာရင်း စာရင်းကောက် အဖြစ်အယောင်ဆောင်ခြင်းမပြုရ ကြောင်းကြေညာထားပြီး တားမြစ်ချက်ကိုဖောက်ဖျတ်ကျူးလွန်ပါက ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ငွေကျပ်ငါးသိန်းဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်း ဥပဒေပြဌာန်းထားသည်။သန်းခေါင်စာရင်းကောက်ခံမည့်သူများအား သိသာထင်ရှားစေရန် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာန နှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့တို့ပူးပေါင်း၍ တူညီဝတ်စုံများ လိုအပ်သော ပစ္စည်းများကို ချမှတ်ပေးထားပြီးဖြစ်သည်။ဥပဒေတွင် ပြဌာန်းထားသည့် အတိုင်း ဖောက်ဖျတ်ကျူးလွန်သူများကို မည်သို့စုံစမ်းဖော်ထုတ်အရေးယူမည်ကိုတော့ မပြောတတ်ပေ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှုးဒေါက်တာဒေါ်ခိုင်ခိုင်စိုးက “ဥပဒေနဲ့အရေးမယူချင်ပါဘူး၊အရေးမယူရအောင်လည်းစီမံဆောင်ရွက်နေပါတယ်၊သန်းခေါင်စာရင်းသည် ပြည်သူတွေအတွက်လုပ်တာ ပြည်သူတွေကို အရေးမယူချင်ပါဘူး။”ပာု အရေးယူခြင်းနှင့်ပက်သက်၍ မတ်လ(၁၄)ရက်နေ့က နေပြည်တော်တွင် ပြောသည်။ဥပဒေရှိပါလျှက်နှင့်“ ဥပဒေနဲ့ အရေးမယူချင်ပါဘူး”ပာုပြောဆိုသည်က ဥပဒေကို မျက်ကွယ်ပြုမလားပာု မေးခွန်းထုတ်စရာ ဖြစ်နေသည်။မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှုမရှိသည်မှာ ဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ၀န်ခံပြောဆိုပြီးသား ဖြစ်သည့်အတွက် အထူးပြောစရာ မလိုပေ။ “ဘူးအပေါက်(၁၀၀)ကို ပိတ်လို့ရပေမယ့် ပါးစပ်တစ်ပေါက် ပိတ်လို့မရဘူး”ပာုရှေး ဆိုရိုးစကား တစ်ခု ကဲ့သို့ပင် သန်းခေါင်စာရင်းကောက်ခံမည့် စာရင်းကောက်များအနေနှင့်လည်း မည်မျှထိ သန်းခေါင်စာရင်း ကိုယ်ရေး ကိုယ်တာ အချက်အလက်များကိုစောင့်ထိန်းနိုင်မည်ဆိုသည်ကိုစောင့်ကြည့်ရမည် ပင်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment