Tuesday, March 18, 2014
၂၀၁၄ သန်းခေါင်စာရင်း KNU နယ်မြေတွင် KNU ကိုယ်တိုင် ကောက်ယူမည်
၂၀၁၄ ခုနှစ် တစ်နိုင်ငံလုံးကျွတ် သန်းခေါင်းစာရင်း ကောက်ယူနိုင်ရေး KNU ထိန်းချုပ်နယ်မြေဒေသများတွင် KNU ကိုယ်တိုင် သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး Saw Kwe Htoo Win မှ ပြောသည်။
“ကျွန်တော့်အမြင်က လူဦးရေသန်းခေါင်စာရင်းကောက်တာပဲ ဘယ်အချိန်ကောက်ကောက် ကောက်လို့ရပါတယ်။ တချို့ဒေသမှာ တိုက်ပွဲဖြစ်နေတာတော့ ကောက်လို့မရဘူးပေါ့။ အဲဒီကြတော့ ကျွန်တော်တို့နိုင်ငံရဲ့ လူမျိုးထဲမ၀င်ဘူးပေါ့။တစ်ခါပြီး တစ်ခါတော့ကောက်ရမှာပဲ။ပြည့်စုံမှုတော့ရှိမှာ မပာုတ်ဘူး။ ဒါပေမယ့် ပြည့်စုံမှုတော့ ရှိမှာ မဟုတ်ဘူး။ ကျွန်တော်တို့ နယ်မြေမှာတော့ ဒီလိုပဲ ကောက်ရမှာပဲ။ သန်းခေါင်စာရင်းကိုလည်း သူတို့ ပေးတဲ့ အတိုင်း ကောက်မှာပါ။ ”ပာု ၄င်းကပဲ ဆက်လက် ပြောသည်။
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ်လ(၂၉)ရက်နေ့ညသန်းခေါင်ယံအချိန်ကို ရည်ညွှန်းချိန် အဖြစ်သတ်မှတ် ၍ စတင်ကောက်ခံမည်ဖြစ်ပြီး ဧပြီလ(၁၀)ရက်နေ့ထိ ကောက်ခံမည်ဖြစ်သော်လည်း ကချင်ဒေသ ဝေလံခေါင်ဖျားနေရာများသို့ သန်းခေါင်စာရင်းအား အချိန်စော၍ ကြိုတင်ကောက်ခံနေမှုများရှိခဲ့ပြီး လက်ရှိတွင်မြန်မာနိုင်ငံ လ၀က နယ်နိမိတ် သတ်မှတ်ဧရိယာ အတွင်း မပါဝင်နိုင်သော ဒေသများလည်း ရှိသေးမည်ဖြစ်ကြောင်းနှင့် သန်းခေါင်စာရင်းကောက်ယူရာတွင်ပါဝင်၍သန်းခေါင်စာရင်းပေးသွင်းနိုင်ရန်အတွက် နယ်စပ်ဒေသများသို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့်ကရင် တိုင်းရင်းသားများနေရပ်သို့ ပြန်လာလျှက်ရှိကြောင်းလည်း သတင်းစာမျက်နှာတချို့ကဖော်ပြနေပြီး လူဝင်မှု ကြီးကြပ်ရေးမှ ညွှန်ကြားရေးမှူး ဦးညီညီကတော့ သန်းခေါင်စာရင်းကောက်ခံရုံလောက်ဆိုရင်တော့ နိုင်ငံခြားမှာ နေတဲ့သူတွေ မြန်မာပြည် ပြန်မလာတာ ကောင်းသည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ချစ်သူမောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment