Tuesday, March 18, 2014

ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမပြီးပြတ်မီ သန်းခေါင်စာရင်းကောက်မှုကြောင့် နိုင်ငံရေးပြဿနာများ ကြုံနိုင်

ပြည်တွင်း ငြိမ်းချမ်းရေး မရသေးမီကာလတွင် ပြုလုပ်မည်ဖြစ်သည့် မြန်မာတစ်နိုင်ငံလုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံခြင်းလုပ်ငန်းစဉ်ကြောင့် လက်ရှိ နိုင်ငံရေး ပြဿနာများကို ပိုမိုကြီးထွားလာစေနိုင်ကြောင်း တိုင်းရင်းသား အဖွဲ့အစည်းများမှ ပြောသည်။ “သန်းခေါင်စာရင်းကောက်တာက လက်ရှိငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ အချိန်နဲ့ နိုင်ငံရေး တည်ဆောက်နေတဲ့ အချိန်ဆိုရင်တော့ ပြဿနာကို နည်းနည်း ပိုကြီးလာစေနိုင်တဲ့ အနေအထားရှိတယ် ။ဒါပေမဲ့ စီးပွားရေးအရ ဆိုရင်တော့ လိုအပ်ကောင်းလိုအပ်မှာဖြစ်တယ်။ လက်ရှိတိုက်ပွဲ အခြေအနေကကျွန်တော်လည်း ဒီရန်ကုန်ဘက်ရောက်နေတော့ သိပ်ပြီးပြောလို့ မဖြစ်ဘူး။တိုက်ပွဲတွေရှိရင် လည်းကြီးကြီး မားမားမရှိနိုင်ပါဘူး၊ကြီးကြီး မားမားရှိရင် လည်း အားလုံးကြားကြမှာပါ ။အနည်းအကျဉ်းတော့ရှိမှာပေါ့၊ရှေ့တန်းမှာထိခိုက်မှုတွေလည်းရှိနိုင်ပါတယ်”ပာု KIO တပ်မှ ဗိုလ်မှုးကြီး ဆင်ဝါးက ပြောကြားခဲ့သည်။ လက်ရှိ အချိန်တွင် မြန်မာ့တပ်မတော်နှင့် ကချင်နှင့် ရှမ်းတို့၏ ဆက်ဆံရေးမှာ ပြီးပြတ်သော ငြိမ်းချမ်းရေးအား ဖော်ဆောင်ခြင်း မပြုနိုင်သေးပဲ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ရှမ်းအဖွဲ့အစည်းများဖြစ်သည့် SSPP/SSA အဖွဲ့အစည်းများ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “တပ်တွေတိုက်တာကိုရပ်ထားကြရမယ်။အခုက ဒီဘက်တပ်က စစ်တပ်အင်အားကို ထပ်ပြီးတိုးနေတော့ တစ်ဖက်ကတိုက်ဖို့ ပြင်ဆင်ရင် တစ်ဖက်က KIO ကလည်းကာကွယ်ဖို့ပြင်ဆင်မှာပဲ။အဲဒီတော့ ဘယ်လိုလုပ်သန်းခေါင်စာရင်းကောက်မလဲ။စစ်တပ်နှစ်ဘက်လုံးက ပူးပေါင်းပါဝင်မှ သန်းခေါင်စာရင်းကောက်ဖို့ကောက်နိုင်မှာဖြစ်တယ်။ KIO က ကချင်လူမျိုးတွေရဲ့ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ အတွက်ကြောင့် ကချင်ပြည်နယ်တွင်းမှာသာ မှန်ကန်တဲ့ အချက်အလက်သန်းခေါင်စာရင်းကောက်နိုင် မှာမပာုတ်ရင် ကချင်ဘက်ကလည်းခံနိုင်မှာမပာုတ်ဘူး။အဲဒီကြရင် အခုငြိမ်းချမ်းရေး လုပ်နေတာတွေထက်ပိုဆိုးပြီး တိုက်ပွဲတွေပိုလို့ ပြင်း ထန်လာနိုင်တယ်”ပာု ကချင် ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ခံရာတွင် မှန်ကန်သောအချက်အလက်ရရှိရန်အတွက် ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာက သုံးသပ်ပြောကြားသည်။ ကချင်ပြည်နယ် KIO ဒေသများတွင် သန်းခေါင်စာရင်းကောက်ယူ မှု မပြုလုပ်တော့ဟု သတင်းများ ပျံ့နှံ့နေသော်လည်း ၄င်းကိစ္စနှင့်ပက်သက်၍ KIO ထိန်းချုပ်ဒေသတွင် မည်ကဲ့သို့ကောက်ခံမည်ဆိုခြင်းကို တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် ၂၀၁၄ ခုနှစ် ဧပြီလ သန်းခေါင် စာရင်းစကောက်ချိန်တွင် အပစ်အခက်ရပ်စဲရေး သဘောတူညီမှုများ ရရှိနိုင်မည်ပာု ယုံကြည်မျှော်လင့်ကြောင်း ၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာန ၀န်ကြီးအနေဖြင့် လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များနှင့် တွေ့ဆုံပြီး သန်းခေါင်စာရင်း အကြောင်း ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်လျှက်ရှိကြောင်း စသည့်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက သန်းခေါင်စာရင်း ကောက်ယူမှုနှင့်ပက်သက်၍ တရားဝင် ထုတ်ပြန်ထားသည့်စာအုပ်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ ချစ်သူမောင်

No comments:

Post a Comment