Friday, March 13, 2015
ဓမ္မစကူးလ် စွမ်းရည်ပြပွဲ ကလေးမြို့တွင် ကျင်းပမည်
၂၀၁၄- ၂၀၁၅ ပညာသင်နှစ် ကလေးမြို့ရှိ ဓမ္မစကူးလ်ကျောင်းများမှ ရင်သွေးငယ်လေးများ၏ ဓမ္မစကူးလ် စွမ်းရည်ပြပွဲအား ကလေးမြို့ မြို့တော်ခန်းမတွင် ၂၀၁၅ ခုနှစ် မတ်လ (၁၅) ရက် တနင်္ဂနွေနေ့ နေ့လည် (၁း၀၀) အချိန်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ တက်ရောက်ကာ ကလေးငယ်များ၏ စွမ်းရည်ပြသ သရုပ်ဖော် သီဆို တင်ဆက်မှုများအား လာရောက်အားပေးနိုင်ရန် အားလုံးကိုယ်စား ပြန်ကြားရေးမှ လေးစားစွာ ဖိတ်ကြား အသိပေးအပ်ပါသည်။
အဆိုပါ စွမ်းရည်ပြပွဲသို့ ကလေးမြို့နယ်ရှိ ဓမ္မစကူးလ် ဇုံ (၉) ခုမှ ဌာနပေါင်း (၁၀၀) ကျော်၏ ဇုံအလိုက် သရုပ်ပြ တင်ဆက်မှုများအား အားပါးတရ အားပေးနိုင်ရန် တင်ဆက်ပြသဖျော်ဖြေသွားမည်ဖြစ်ပြီး ဓမ္မစကူးလ် ဖြစ်ပေါ်လာပုံ သမိုင်းများအားလည်း မိတ်ဆက် တင်ပြပေးသွားမည်ဖြစ်ပါသည်။
ဓမ္မစကူးလ် သတင်းနှင့် ပြန်ကြားရေး (ကလေးမြို့)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment