
စက်တင်ဘာ ၂၁ ကလေး
ကလေးမြို့နယ်လုံးဆိုင်ရာ ဓမ္မကူးလ် သင်ကြားရေး ဆရာများ နှစ်ပတ်တစ်ကြိမ် အစည်းအဝေးနှင့် စွမ်းရည်မြှင့်တင်ရေး အစီအစဉ်သို့ ကလေးခရိုင် ခေတ္တရဲတပ်ဖွဲ့မှူး ဦးစိုးမြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆရာ ဆရာမများ အစည်း အဝေးနှင့် စွမ်းရည်မြှင့် အစီအစဉ် ပြုလုပ်ရခြင်းနှင့် ပတ်ကသ်၍ ဓမ္မစကူးလ် သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးမှ " ဆရာ ဆရာမတွေ အနေနဲ့ ဒီအပတ် ကလေး ရဲဌာနက ရဲမှူးကို ဖိတ်ကြား အသိဖလှယ်ရတာကတော့ ဆရာမတွေ မှု့ခင်းဆိုင်ရာ ဖြစ်စဉ်တွေ နားလည်စေချင်တယ်။ နောက်ပြီး နားလည်ပြီး ကလေး ရာဇဝတ်မှု့တွေကနေလည်း ကြိုတင်ကာကွယ် နိုင်မှာဖြစ်ပါတယ် " လို့ ပြောကြားခဲ့သည်။
ဓမ္မစကူလ် သင်တန်း ဆရာများ နှစ်ပတ်တစ်ကြိမ်အစည်း တွင် ရဲမှူးဦးစိုးမြင့်မှ သင်တန်း မှုခင်းကျဆင်းရေး အသိပညာ ဗဟုသုတများနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ကာကွယ်တားဆီးရေး ကိစ္စရပ်များအား မျှဝေကာ အသိဖလှယ် ဆွေးနွေးခဲ့ပြီး အစည်းအဝေးနှင့် စွမ်းရည် မြင့် အစီအစဉ်သို့ တက်ရောက် ဆရာ/ဆရာမပေါင်း ၅၀ ဦး ကျော်ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်သူမောင်
No comments:
Post a Comment