(မူရင်း ကြေးမှုံနှင့် မြန်မာ့အလင်း)
မန္တလေးမှ အကြမ်းဖက်မှု စတင်ဖြစ်ပေါ်စေသည့် “ဆန်းကဖီး” ပိုင်ရှင်များမှ သားမယားပြုကျင့်သည့်ဟု အမှုဖွင့်တိုင်ကြားမှုမှာ လိမ်လည် လုပ်ကြံတိုင်ကြားမှုဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြိးဌာ၏ သတင်း ထုတ်ပြန်ချက်ကို ယနေ့ထုတ် ကြေးမုံနှင့် မြန်မာအလင်း သတင်းစာများမှာ ဖော်ပြပါရှိပါတယ်။ ထုတ်ပြန်ကြေညာချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါတယ်။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၂၈)လမ်း နှင့်(၈၂)လမ်းထောင့်ရှိ “ဆန်းကဖီး” လက်ဖက်ရည် ဆိုင်၌ ၁-၇-၂၀၁၄ ရက်နေ့တွင် ပဋိပက္ခအသွင် လူအုပ်စုစတင်ဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေးပူးပေါင်း အဖွဲ့ဝင်များက ထိန်းသိမ်းဆောင်ရွက်ခဲ့သည်။
လူအုပ်စုချင်း ပဋိပက္ခများဆက်လက်ဖြစ်ပွားခြင်း ကြောင့် လူနှစ်ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိကာ အဆောက်အအုံများနှင့် မော်တော်ယာဉ်များ ဖျက်ဆီး ခံရပြီး တည်ငြိမ်အေးချမ်းရေးထိန်းသိမ်း ရန် လိုအပ် လာသဖြင့် ၄-၇-၂၀၁၄ ရက်နေ့တွင် မြို့နယ် (၇)မြို့နယ်၌ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ် မ ၁၄၄ထုတ်ပြန်၍ ထိန်းသိမ်းခဲ့သည်။
ထိုသို့ဖြစ်ပွားရခြင်းသည် နေပြည်တော် ပျဉ်းမနား မြို့တွင် မြန်မာအမျိုးသမီးတစ်ဦးအား အခြားဘာသာဝင် ညီအစ်ကိုနှစ်ဦးက သားမယားအဖြစ် အဓမ္မပြုကျင့်ကြောင်းသတင်းကို ဇွန် ၃၀ ရက် အင်တာနက်၊ လူမှုကွန်ရက်စာမျက်နှာများ၌ စတင် ဖော်ပြရာမှ လူအုပ်စုဖြင့် ပဋိပက္ခများစတင်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
မှုခင်းဖြစ်ရပ်မှာ ၂၈-၆-၂၀၁၄ ရက်နေ့ ည ၁၀ နာရီတွင် မန္တလေးမြို့ (၂၈)လမ်းနှင့် (၈၂) လမ်းထောင့်ရှိ “ဆန်းကဖီး” လက်ဖက်ရည်ဆိုင်၌ ဆိုင်ဝန်ထမ်း မစိုးစိုး(၂၅)နှစ် ဗန္ဓုလရပ်ကွက် ဘုတလင်မြို့နယ်နေသူသည် ဆိုင်ပိတ်သိမ်းနေစဉ် ဆိုင်ရှင်ဖြစ်သူ ဆန်းမောင်(၄၄)နှစ် (ဘ) ဦးမောင်မောင်အောင်မြေသာစံမြို့ နယ် မေဃဂီရိရပ်ကွက် လေလာဝန်းအကွက်အမှတ်(၁၄၆)နေသူနှ င့်
ယင်း၏ အစ်ကို နေဝင်း(၄၅)နှစ် (ဘ) ဦးမောင်မောင် အောင်မြေသာစံမြို့နယ်
ပုလဲငွေရောင်ရပ်ကွက် ကွက်အမှတ်(၁၄၇) နေသူတို့ နှစ်ဦးက
အမျိုးအစားနှင့်ယာဉ်အမှတ် မမှတ်မိသည့် အဖြူရောင်ယာဉ်ဖြင့် နေပြည်တော်တွင်
လက်ဖက်ရည်ဆိုင် အသစ်ဖွင့်မည်ဖြစ် ကြောင်းနှင့် အလုပ်လုပ် ရမည်ဟု
ပြောဆိုခေါ်ဆောင် ပြီး၂၉-၆-၂၀၁၄ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ပျဉ်းမနားမြို့
ယောက်သွားအင်းအုပ်စု ပျဉ်းမနား-တောင်ညိုကားလမ်း တော်ဝင်နန်း
စားသောက်ဆိုင်အနီး ကားလမ်းဘေး၌ ကားကိုရပ်၍ ညီအစ်ကိုနှစ်ဦးက ၄င်းအား သားမယား
အဖြစ်ပြုကျင့်၍ တိမ်းရှောင်သွားကြောင်း တရားလို မစိုးစိုး၏
တိုင်ကြားချက်အရ ယင်းနေ့ည ၇ နာရီခွဲတွင် ပျဉ်းမနား မြို့မရဲစခန်း
(ပ)၂၉၃/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့်
အမှုဖွင့်အရေးယူခဲ့မှုဖြစ်သည်။
အဆိုပါအမှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့ က စစ်ဆေးခဲ့ရာ တရားလိုမစိုးစိုး၏ တိုင်ကြားချက်ပါ ယင်း၏ကိုယ်ရေး အချက်အလက်များ၊ “ဆန်းကဖီး”တွင် အလုပ်လုပ်ကိုင်ခဲ့ခြင်းနှင့် စပ်လျဉ်းသည့်အခြေအနေများ၊ အတူတကွ အလုပ်လုပ်ခဲ့သည် ဆိုသော တောင်သာမြို့နယ်မှ အလုပ်သမားများ၊ ယခင်က အလုပ်လုပ်ကိုင်ခဲ့ဖူးကြောင်း ထွက်ဆိုခဲ့သည့် လားရှိုး၊ မူဆယ်နှင့် နမ့်ခမ်းမြို့များသို့ အသေးစိတ်စုံစမ်းစစ်ဆေးခဲ့သည်။ စစ်ဆေးချက်များအရ ၄င်း၏အမည်ရင်းမှာ ဖြူဖြူမင်း (ခ) ကတုံးမ (၃၀)နှစ်ဖြစ် ကြောင်း၊ အဖအမည်မှန်မှာ ဦးအောင်မင်း (ကွယ်လွန်) ဖြစ်ကြောင်း၊ မွေးရပ်ဇာတိမှာ မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်ဖြစ်ကြောင်း၊ “ဆန်းကဖီး”တွင် အလုပ်လုပ်ကိုင်ခဲ့ ဖူးခြင်း မရှိကြောင်း၊ မှုခင်းဆိုင်ရာဆေးပညာနှင့် ဓာတုဗေဒ ဆိုင်ရာစစ်ဆေးချက်များအရလည်း ယင်းအပေါ် အဓမ္မ ပြုကျင့်ခံထားရသည့် လက္ခဏာနှင့် ပြင်ပဒဏ်ရာများလည်း မရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် ယင်းအားအသေးစိတ် ဆက်လက်စစ်ဆေးခဲ့ရာ ကိုယ်တိုင် ဝန်ခံချက်အရ ရဲထွဋ် (ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့၏ ငွေပေး၍ခိုင်းစေမှုအရ ဆန်းမောင်နှင့် နေဝင်းတို့က ယင်း အပေါ်သားမယားအဖြစ်ပြုကျင့်ကြောင်းဖြင့် ပျဉ်းမနားရဲစခန်းတွင် လီဆယ်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြော င်း ပေါ်ပေါက်သည်။
မှုခင်းဆိုင်ရာစစ်ဆေးချက်များအရ မစိုးစိုးအမည်ခံ၍ လီဆယ်တိုင်ကြားသူ ဖြူဖြူမင်း (ခ) ကတုံးမသည် ၂၀ဝ၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း အဘ ဦးကျော်ဆန်း- အမိ ဒေါ်မာလာတို့၏သား မင်းသူရဇော် (ခ) နိုမိုဟာမက်နှင့် အိမ်ထောင်ကျခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ခင်ပွန်းဖြစ်သူမှာ မူးယစ်ဆေးဝါးမှုဖြင့် တရားရုံးတွင် ရင်ဆိုင်နေရစဉ် အမှုမှလွတ်မြောက်ရေးကူညီပေးသူ ရဲထွဋ် (ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့အား ရင်းနှီးခဲ့ကြောင်း၊ အမှု အား ၁၀-၄-၂၀၁၄ ရက်နေ့တွင် မန္တလေးခရိုင် တရားရုံးကတရားခံ မင်းသူရဇော် (ခ) နိုမိုဟာမက်အပေါ် ထောင်ဒဏ် ၁၆ နှစ်နှင့် ပူးတွဲ တရားခံ မင်းသူရဇော် (ခ) နိုမိုဟာမက်၏အဒေါ် ခင်မာလွင်နှင့် နီနီဌေးတို့ အပေါ် ထောင်ဒဏ် ၁၂ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပြစ်ဒဏ် ချမှတ်ခံရမှုအပေါ် ခင်မာလွင်၏ခင်ပွန်း ခင်မောင်ထွေး (ခ) ကိုထွေး၊ ရဲထွဋ် (ခ) သူရရဲထွဋ်နှင့် မင်းသူရဇော် (ခ) နိုမိုဟာမက်၏မိခင် ဒေါ်မာလာတို့က မကျေနပ်၍ တရားရုံးအတွင်း အော်ဟစ် ဆဲဆိုခြိမ်းခြောက်မှုများပြုလုပ် ခဲ့ခြင်းကြောင့် မန္တလေးခရိုင်တရားရုံးမှ စာရေးဦးတင်မောင်ဝင်းကတရားလို ပြုလုပ်တိုင်ကြားသဖြင့် အမှတ်(၃)ရဲစခန်း (ပ)၁၄၉/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄/၅၀၆/၃၅၃ အရ အမှုဖွင့်အရေးယူခံရကာ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် စစ်ဆေးနေဆဲဖြစ်သည်။
ထိုသို့ပြန်လည် အမှုဖွင့်အရေးယူခံရမှုအပေါ် ခင်မောင်ထွေး(ခ)ကိုထွေး၊ ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် ဒေါ်မာ လာတို့က မကျေနပ်သဖြင့် မန္တလေးခရိုင်တရားရုံးမှ စာရေး ဦးတင်မောင်ဝင်းက ဟေမာကျော်အား သားမယားအဖြစ်ပြု ကျင့်ကြောင်း လီဆယ်တိုင်တန်းရန် စီစဉ်ခဲ့ပြီး ၂၁-၅-ကျော်တို့အား နေအိမ်သို့ခေါ်ယူ၍ လီဆယ်တိုင်ကြားမည့် အစီအစဉ်ကို သင်ကြားပေးခဲ့ကြောင်း၊ ယင်းနေ့ နေ့လယ်ပိုင်းတွင် ခင်မောင်ထွေး(ခ)ကိုထွေး၊ ဒေါ်မာလာနှင့်၎င်း၏ သမီး ဖြူမ(ခ) ဖြူဖြူဇော်၊ ဟေမာကျော်တို့သည် မော်တော် ယာဉ်ဖြင့် ပြင်ဦးလွင်သို့ သွားရောက်ပြီး ဟေမာကျော်အား လီဆယ်တိုင်ကြားမည့် ဖြစ်စဉ်နှင့်သက်ဆိုင်သည့် လက်ဖက်ရည်ဆိုင်၊ တည်းခိုခန်းနှင့် စတိုးဆိုင်တို့အားပြသခဲ့ကြောင်း ၊ ထို့နောက် ဒေါ်မာလာ၊ ဖြူမ(ခ)ဖြူဖြူဇော်နှင့်ဟေမာကျော်တို့သည်
ပြင်ဦးလွင်မြို့မရဲစခန်းသို့ သွားရောက်ပြီး ရဲထွဋ်(ခ)သူရရဲထွဋ်နှင့်
နုနုမြတ်တို့သင်ကြား ပေးသည့်အတိုင်း ပုလဲတည်းခိုခန်းတွင် ဦးတင်မောင်ဝင်းက
၎င်းအားသားမယား အဖြစ်ပြုကျင့်ခဲ့ကြောင်းဖြင့် ဟေမာကျော်က တရားလိုပြုလုပ်၍
လီဆယ်တိုင်ကြားခဲ့ရာ ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၁၀၇/ ၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် ဦးတင်မောင်ဝင်းအပေါ် အမှုဖွင့်အရေးယူ ခဲ့သည်။
ထို့ပြင် ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် နုနုမြတ်တို့သည်မန္တလေးမြို့ စစ်ကိုင်းလမ်းခွဲနေ ဟာဂျီထွန်းထွန်းဆိုသူနှင့်ရင်းနှီးမှုရှိပြီး
ဟာဂျီထွန်းထွန်းနှင့် “ဆန်းကဖီး”ပိုင်ရှင်ဆန်းမောင်၊ “နေကဖီး” ပိုင်ရှင်
နေဝင်းတို့မှာလည်း လူမှုရေးပြဿနာများကြောင့် မှုခင်းများအပြန်အလှန်ဖြစ်ပွားမှု များ ရှိကြောင်း စစ်ဆေးသိရှိရသည်။ ဟာဂျီထွန်းထွန်းသည် ၄င်းကြက်ခြံမှ အလုပ်သမား မကေသီခိုင်(ခ)ချယ်ရီသိန်း(၂၇)နှ စ်(ဘ)ဦးရဲမြင့်အား ၉-၅-၂၀၁၄ ရက်နေ့တွင်စစ်ကိုင်းမြို့တည်းခိုခန်း၌ သားမယားအဖြစ်ပြုကျင့်ကြောင်းတို င်ကြားခံရသဖြင့်
၁၇-၅-၂၀၁၄ ရက်နေ့တွင် စစ်ကိုင်း မြို့မရဲစခန်း(ပ)၂၈၁/၂၀၁၄၊
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆အမှုဖြင့် အရေးယူခံရသည်။ ယင်းသို့ အရေးယူခံရမှု
အပေါ် ဆန်းမောင်နှင့်နေဝင်း တို့က သွေးထိုးမြှောက်ပင့်ခဲ့သည်ဟု
ဟာဂျီထွန်းထွန်းက ယူဆယုံကြည်ခဲ့သည်။ ထို့နောက် ဟာဂျီထွန်းထွန်းသည်
ဆန်းမောင်နှင့် နေဝင်းတို့ အပေါ် ပြစ်ဒဏ်ကြီးစွာရရှိနိုင်သည့် အမှုတစ်ခုဖြင့်
လီဆယ်တိုင်ကြားနိုင်ရေးအတွက် ရဲထွဋ်(ခ)သူရရဲထွဋ်ထံ အကူအညီတောင်းခံခဲ့သည်။
ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် နုနုမြတ်တို့က ခင်ပွန်းဖြစ်သူ
မူးယစ်ဆေးဝါးမှုဖြင့်ထောင် ကျပြီး ငွေကြေးလိုအပ်နေသူ ဖြူဖြူမင်း(ခ)
ကတုံးမအား အသုံးချ၍ သားမယားပြုကျင့်မှုဖြင့် လီဆယ်တိုင်ကြားရန် စီစဉ်ခဲ့သည်။
ဇွန်လအတွင်း၌ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ် တို့သည်
ဖြူဖြူမင်း(ခ)ကတုံးမအား မန္တလေးမြို့ရှိ ၄င်းတို့၏
နေအိမ်သို့ခေါ်ယူနေထိုင်စေကာ သားမယား ပြုကျင့်သည့် လုပ်ကြံဖြစ်စဉ်ကို
အသေးစိတ်ဇာတ်လမ်းဆင် သင်ကြားပေးခဲ့ပြီး အောင်မြင်ပါက ဖြူဖြူမင်း(ခ)ကတုံးမ
အား ငွေကျပ် ၁၀ သိန်းပေးမည်ဟု သွေးဆောင်စည်းရုံး ခဲ့ကြောင်း
စစ်ဆေးပေါ်ပေါက်သည်။
ထို့နောက် ဖြူဖြူမင်း(ခ)ကတုံးမ၊ ရဲထွဋ်(ခ)သူရရဲ ထွဋ်၊ နုနုမြတ်၊ ဖြူဖြူဇော်(ခ)ဖြူမတို့သည် ဆန်းမောင်နှင့်နေဝင်းတို့အပေါ် သားမယားအဖြစ်ပြုကျင့်မှုဖြင့် လီဆယ် အမှုဖွင့်ရန် ၂၈-၆-၂၀၁၄ ရက်နေ့ ညပိုင်းတွင် ပျဉ်းမနားသို့ ရဲထွဋ်(ခ) သူရရဲထွဋ်၏ တိုရိုတာမတ်တူးယာဉ်ဖြင့် အမြန်လမ်းမကြီးအတိုင်း သွားရောက်ခဲ့ကြောင်း၊ ပျဉ်းမနားသို့ရောက်ရှိပြီး ရွှေတောင်တည်းခိုခန်းတွင် တည်းခိုခဲ့ကြောင်း၊သားမယားအဖြစ် ပြုကျင့်ခံရသည်ဟု
လုပ်ကြံဖော်ပြမည့်နေရာနှင့် ပျဉ်းမနားမြို့၏အနေအထားကို
ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် နုနုမြတ်တို့က မော်တော်ယာဉ်ဖြင့်
လိုက်လံပြသခဲ့ကြောင်း၊ ၂၉-၆-၂၀၁၄ ရက်နေ့ နေ့လယ်ပိုင်း
တွင်ဖြူဖြူမင်း(ခ)ကတုံးမအား ငွေကျပ် ၂၅၀ဝ၀ ပေး၍
ပျဉ်းမနားမြို့မြင်းရတနာရုပ်တု အနီးတွင်ထားခဲ့ပြီး
မန္တလေးသို့ပြန်သွားခဲ့ကြောင်း သိရသည်။ ဖြူဖြူမင်း(ခ)ကတုံးမသည်
ဆိုင်ကယ်ကယ်ရီဖြင့် ပျဉ်းမနားရဲစခန်းသို့ သွားရောက်ကာ မစိုးစိုးအမည်ခံ၍
နေဝင်းနှင့် ဆန်းမောင်တို့က ၄င်းအားသားမယား အဖြစ်ပြုကျင့်ကြောင်း
လီဆယ်တိုင်ကြားခဲ့သည်ကိုစစ်ဆေးေ ပ်ါပေါက်သည်။
ဖြူဖြူမင်း(ခ)ကတုံးမသည် ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့၏ စည်းရုံးသင်ကြားပေးမှုအရ ဆန်းမောင်နှင့်နေဝင်းတို့က ယင်းအား သားမယားအဖြစ်ပြုကျင့်ကြောင်း လီဆယ်တိုင်ကြားခဲ့ရခြင်းဖြစ်သည် ကို
အမှုစစ်ရဲအရာရှိထံ ဝန်ခံထွက်ဆိုခဲ့သည်။ ထို့နောက် ၉-၇-၂၀၁၄ ရက်နေ့ တွင်
ပျဉ်းမနားမြို့နယ်တရားရုံး၌ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၆၄/၃၆၄ အရ
ထိုသို့လီဆယ်အမှုတိုင်ကြား ခဲ့ရသည့် ဖြစ်စဉ် အပြည့်အစုံကို
ဖြူဖြူမင်း(ခ)ကတုံးမကဖြောင့်ဆို ချက်ပေးခဲ့၍ ပျဉ်းမနားမြို့နယ် တရားရုံးမှပြစ်မှုသေးအမှတ်၊ ၁၂၂/၂၀၁၄ ဖြင့်လက်ခံခဲ့သည်။ ထို့ပြင် ပျဉ်းမနားနှင့်ပြင်ဦးလွင်တို့တွ င်
တိုင်ကြားခဲ့သည့် သားမယားအဖြစ်ပြုကျင့်မှုများမှ ဟေမာကျော်၏ ဦးလေးတော်စပ်သူ
ခင်မောင်ထွေး(ခ)ကိုထွေး၊ ဆက်စပ်သက်သေ ဇင်မင်းထွန်း(ခ)ဇင်လေးနှင့်ဖိုး ခွား (ခ)ပြားကြီး(ခ)တင်မင်းထက်တို့ ကလည်း ယင်းအမှုများသည် လီဆယ် တိုင်ကြားခြင်းသာဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် တရားရုံး၌ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ် မ ၁၆၄ အရကြိုတင်ထွက်ဆိုချက်များပေးခဲ့ ကြသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့သည် စစ်ဆေးပေါ်ပေါက်ချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေ အကြံပြုချက်အရ စိုးစိုး(ခ)ကတုံးမက တိုင်ကြားခဲ့သော ပျဉ်းမနားမြို့မရဲစခန်း (ပ)၂၉၃/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အမှုအား ၁၇-၇-၂၀၁၄ ရက်နေ့တွင် လီဆယ်မှုဖြင့်ပိတ်သိမ်းပြီး လီဆယ်တိုင်တန်းသူဖြူဖြူမင်း(ခ) ကတုံးမ(ဖမ်းမိ)နှင့်
ထိုသို့လီဆယ်တိုင်တန်းရ န်ညွှန်ကြားစီစဉ်သူ နုနုမြတ်(ဖမ်းမိ)၊
ရဲထွဋ်(ခ)သူရရဲထွဋ် (တိမ်းရှောင်)တို့အပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်
ရွက်လျက်ရှိသည်။ အလားတူ ပြင်ဦးလွင်မြို့မရဲစခန်း(ပ) ၁၀၇/၂၀၁၄၊
ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အမှုကိုလည်း စစ်ဆေးပေါ်ပေါက်ချက်နှင့်
ပြင်ဦးလွင်ခရိုင် ဥပဒေရုံး၏ ဥပဒေအကြံပြုချက်အရ ၁၈-၇-၂၀၁၄
ရက်နေ့တွင်လီဆယ်မှုဖြင့် ပိတ်သိမ်းခဲ့ပြီး လီဆယ်တိုင်တန်းသူ ဟေမာကျော်
(တိမ်းရှောင်)နှင့်ဒေါ်မာလာ(တိမ်းရှောင်)တို့အပေါ် ဥပဒေနှင့်အညီ အရေးယူရန် ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ပျဉ်းမနားမြို့တွင် လီဆယ်တိုင်ကြားခဲ့သော အမှုကို အကြောင်းပြု၍ မန္တလေးမြို့၌ ၁-၇-၂၀၁၄ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် လူအုပ်စုချင်း ပဋိပက္ခဖြစ်စဉ်များတွင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာလူသတ်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ ဘာသာရေး အဆောက်အအုံများဖျက်ဆီးမှု၊ ရုန်းရင်းဆန်ခတ်မှု၊ ငြိမ်ဝပ်ပိပြားရေးကိုပျက်ပြားေ စရန်သွေးထိုးလှုံ့ဆော်မှု၊
လက်နက်မှုနှင့် ရဲအက်တို့ဖြင့် အမှုပေါင်း ၁၉ မှု အရေးယူနိုင်ခဲ့ပြီး တရားခံ
၄၉ ဦးဖမ်းဆီးရမိကာ တရားခံရှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင် လျက်ရှိသည်။
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားသောအမိန့်ကို ချိုးဖောက်သဖြင့် ပညာပေး၍ ခံဝန်ချုပ်ဖြင့်ပြန်လည်စေလွှတ်သူ ၁၅၇ ဦး၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အရေးယူမှုမှာ ၁၇-၇-၂၀၁၄ ရက်နေ့ထိ အမှုပေါင်း ၃၄၉ မှု၊ အရေးယူခံရသူပေါင်း ၈၃၄ ဦးဖြစ်သည်။ ကျူးလွန်ခဲ့သောတရားခံများနှင့် ဆက်စပ်ပါဝင်သူများကို ဥပဒေအရ အရေးယူရန် ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိပြီး အများပြည်သူတို့ သတင်းအမှန်သိရှိစေရန်အတွက် ဆက်လက်ထုတ်ပြန် သွားမည်ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာန
မန္တလေးမှ အကြမ်းဖက်မှု စတင်ဖြစ်ပေါ်စေသည့် “ဆန်းကဖီး” ပိုင်ရှင်များမှ သားမယားပြုကျင့်သည့်ဟု အမှုဖွင့်တိုင်ကြားမှုမှာ လိမ်လည် လုပ်ကြံတိုင်ကြားမှုဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြိးဌာ၏ သတင်း ထုတ်ပြန်ချက်ကို ယနေ့ထုတ် ကြေးမုံနှင့် မြန်မာအလင်း သတင်းစာများမှာ ဖော်ပြပါရှိပါတယ်။ ထုတ်ပြန်ကြေညာချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါတယ်။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၂၈)လမ်း နှင့်(၈၂)လမ်းထောင့်ရှိ “ဆန်းကဖီး” လက်ဖက်ရည် ဆိုင်၌ ၁-၇-၂၀၁၄ ရက်နေ့တွင် ပဋိပက္ခအသွင် လူအုပ်စုစတင်ဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေးပူးပေါင်း အဖွဲ့ဝင်များက ထိန်းသိမ်းဆောင်ရွက်ခဲ့သည်။
လူအုပ်စုချင်း ပဋိပက္ခများဆက်လက်ဖြစ်ပွားခြင်း ကြောင့် လူနှစ်ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိကာ အဆောက်အအုံများနှင့် မော်တော်ယာဉ်များ ဖျက်ဆီး ခံရပြီး တည်ငြိမ်အေးချမ်းရေးထိန်းသိမ်း
ထိုသို့ဖြစ်ပွားရခြင်းသည် နေပြည်တော် ပျဉ်းမနား မြို့တွင် မြန်မာအမျိုးသမီးတစ်ဦးအား အခြားဘာသာဝင် ညီအစ်ကိုနှစ်ဦးက သားမယားအဖြစ် အဓမ္မပြုကျင့်ကြောင်းသတင်းကို ဇွန် ၃၀ ရက် အင်တာနက်၊ လူမှုကွန်ရက်စာမျက်နှာများ၌ စတင် ဖော်ပြရာမှ လူအုပ်စုဖြင့် ပဋိပက္ခများစတင်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
မှုခင်းဖြစ်ရပ်မှာ ၂၈-၆-၂၀၁၄ ရက်နေ့ ည ၁၀ နာရီတွင် မန္တလေးမြို့ (၂၈)လမ်းနှင့် (၈၂) လမ်းထောင့်ရှိ “ဆန်းကဖီး” လက်ဖက်ရည်ဆိုင်၌ ဆိုင်ဝန်ထမ်း မစိုးစိုး(၂၅)နှစ် ဗန္ဓုလရပ်ကွက် ဘုတလင်မြို့နယ်နေသူသည် ဆိုင်ပိတ်သိမ်းနေစဉ် ဆိုင်ရှင်ဖြစ်သူ ဆန်းမောင်(၄၄)နှစ် (ဘ) ဦးမောင်မောင်အောင်မြေသာစံမြို
အဆိုပါအမှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့ က စစ်ဆေးခဲ့ရာ တရားလိုမစိုးစိုး၏ တိုင်ကြားချက်ပါ ယင်း၏ကိုယ်ရေး အချက်အလက်များ၊ “ဆန်းကဖီး”တွင် အလုပ်လုပ်ကိုင်ခဲ့ခြင်းနှင့် စပ်လျဉ်းသည့်အခြေအနေများ၊ အတူတကွ အလုပ်လုပ်ခဲ့သည် ဆိုသော တောင်သာမြို့နယ်မှ အလုပ်သမားများ၊ ယခင်က အလုပ်လုပ်ကိုင်ခဲ့ဖူးကြောင်း ထွက်ဆိုခဲ့သည့် လားရှိုး၊ မူဆယ်နှင့် နမ့်ခမ်းမြို့များသို့ အသေးစိတ်စုံစမ်းစစ်ဆေးခဲ့သည်။ စစ်ဆေးချက်များအရ ၄င်း၏အမည်ရင်းမှာ ဖြူဖြူမင်း (ခ) ကတုံးမ (၃၀)နှစ်ဖြစ် ကြောင်း၊ အဖအမည်မှန်မှာ ဦးအောင်မင်း (ကွယ်လွန်) ဖြစ်ကြောင်း၊ မွေးရပ်ဇာတိမှာ မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်ဖြစ်ကြောင်း၊ “ဆန်းကဖီး”တွင် အလုပ်လုပ်ကိုင်ခဲ့ ဖူးခြင်း မရှိကြောင်း၊ မှုခင်းဆိုင်ရာဆေးပညာနှင့် ဓာတုဗေဒ ဆိုင်ရာစစ်ဆေးချက်များအရလည်း ယင်းအပေါ် အဓမ္မ ပြုကျင့်ခံထားရသည့် လက္ခဏာနှင့် ပြင်ပဒဏ်ရာများလည်း မရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် ယင်းအားအသေးစိတ် ဆက်လက်စစ်ဆေးခဲ့ရာ ကိုယ်တိုင် ဝန်ခံချက်အရ ရဲထွဋ် (ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့၏ ငွေပေး၍ခိုင်းစေမှုအရ ဆန်းမောင်နှင့် နေဝင်းတို့က ယင်း အပေါ်သားမယားအဖြစ်ပြုကျင့်ကြောင်
မှုခင်းဆိုင်ရာစစ်ဆေးချက်များအရ မစိုးစိုးအမည်ခံ၍ လီဆယ်တိုင်ကြားသူ ဖြူဖြူမင်း (ခ) ကတုံးမသည် ၂၀ဝ၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း အဘ ဦးကျော်ဆန်း- အမိ ဒေါ်မာလာတို့၏သား မင်းသူရဇော် (ခ) နိုမိုဟာမက်နှင့် အိမ်ထောင်ကျခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ခင်ပွန်းဖြစ်သူမှာ မူးယစ်ဆေးဝါးမှုဖြင့် တရားရုံးတွင် ရင်ဆိုင်နေရစဉ် အမှုမှလွတ်မြောက်ရေးကူညီပေးသူ ရဲထွဋ် (ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့အား ရင်းနှီးခဲ့ကြောင်း၊ အမှု အား ၁၀-၄-၂၀၁၄ ရက်နေ့တွင် မန္တလေးခရိုင် တရားရုံးကတရားခံ မင်းသူရဇော် (ခ) နိုမိုဟာမက်အပေါ် ထောင်ဒဏ် ၁၆ နှစ်နှင့် ပူးတွဲ တရားခံ မင်းသူရဇော် (ခ) နိုမိုဟာမက်၏အဒေါ် ခင်မာလွင်နှင့် နီနီဌေးတို့ အပေါ် ထောင်ဒဏ် ၁၂ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပြစ်ဒဏ် ချမှတ်ခံရမှုအပေါ် ခင်မာလွင်၏ခင်ပွန်း ခင်မောင်ထွေး (ခ) ကိုထွေး၊ ရဲထွဋ် (ခ) သူရရဲထွဋ်နှင့် မင်းသူရဇော် (ခ) နိုမိုဟာမက်၏မိခင် ဒေါ်မာလာတို့က မကျေနပ်၍ တရားရုံးအတွင်း အော်ဟစ် ဆဲဆိုခြိမ်းခြောက်မှုများပြုလုပ် ခဲ့ခြင်းကြောင့် မန္တလေးခရိုင်တရားရုံးမှ စာရေးဦးတင်မောင်ဝင်းကတရားလို ပြုလုပ်တိုင်ကြားသဖြင့် အမှတ်(၃)ရဲစခန်း (ပ)၁၄၉/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄/၅၀၆/၃၅၃ အရ အမှုဖွင့်အရေးယူခံရကာ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် စစ်ဆေးနေဆဲဖြစ်သည်။
ထိုသို့ပြန်လည် အမှုဖွင့်အရေးယူခံရမှုအပေါ် ခင်မောင်ထွေး(ခ)ကိုထွေး၊ ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် ဒေါ်မာ လာတို့က မကျေနပ်သဖြင့် မန္တလေးခရိုင်တရားရုံးမှ စာရေး ဦးတင်မောင်ဝင်းက ဟေမာကျော်အား သားမယားအဖြစ်ပြု ကျင့်ကြောင်း လီဆယ်တိုင်တန်းရန် စီစဉ်ခဲ့ပြီး ၂၁-၅-ကျော်တို့အား နေအိမ်သို့ခေါ်ယူ၍ လီဆယ်တိုင်ကြားမည့် အစီအစဉ်ကို သင်ကြားပေးခဲ့ကြောင်း၊ ယင်းနေ့ နေ့လယ်ပိုင်းတွင် ခင်မောင်ထွေး(ခ)ကိုထွေး၊ ဒေါ်မာလာနှင့်၎င်း၏ သမီး ဖြူမ(ခ) ဖြူဖြူဇော်၊ ဟေမာကျော်တို့သည် မော်တော် ယာဉ်ဖြင့် ပြင်ဦးလွင်သို့ သွားရောက်ပြီး ဟေမာကျော်အား လီဆယ်တိုင်ကြားမည့် ဖြစ်စဉ်နှင့်သက်ဆိုင်သည့် လက်ဖက်ရည်ဆိုင်၊ တည်းခိုခန်းနှင့် စတိုးဆိုင်တို့အားပြသခဲ့ကြောင်း
ထို့ပြင် ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် နုနုမြတ်တို့သည်မန္တလေးမြို့ စစ်ကိုင်းလမ်းခွဲနေ ဟာဂျီထွန်းထွန်းဆိုသူနှင့်ရင်းန
ထို့နောက် ဖြူဖြူမင်း(ခ)ကတုံးမ၊ ရဲထွဋ်(ခ)သူရရဲ ထွဋ်၊ နုနုမြတ်၊ ဖြူဖြူဇော်(ခ)ဖြူမတို့သည် ဆန်းမောင်နှင့်နေဝင်းတို့အပေါ် သားမယားအဖြစ်ပြုကျင့်မှုဖြင့် လီဆယ် အမှုဖွင့်ရန် ၂၈-၆-၂၀၁၄ ရက်နေ့ ညပိုင်းတွင် ပျဉ်းမနားသို့ ရဲထွဋ်(ခ) သူရရဲထွဋ်၏ တိုရိုတာမတ်တူးယာဉ်ဖြင့် အမြန်လမ်းမကြီးအတိုင်း သွားရောက်ခဲ့ကြောင်း၊ ပျဉ်းမနားသို့ရောက်ရှိပြီး ရွှေတောင်တည်းခိုခန်းတွင် တည်းခိုခဲ့ကြောင်း၊သားမယားအဖြစ်
ဖြူဖြူမင်း(ခ)ကတုံးမသည် ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့၏ စည်းရုံးသင်ကြားပေးမှုအရ ဆန်းမောင်နှင့်နေဝင်းတို့က ယင်းအား သားမယားအဖြစ်ပြုကျင့်ကြောင်း လီဆယ်တိုင်ကြားခဲ့ရခြင်းဖြစ်သည်
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့သည် စစ်ဆေးပေါ်ပေါက်ချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေ အကြံပြုချက်အရ စိုးစိုး(ခ)ကတုံးမက တိုင်ကြားခဲ့သော ပျဉ်းမနားမြို့မရဲစခန်း (ပ)၂၉၃/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ အမှုအား ၁၇-၇-၂၀၁၄ ရက်နေ့တွင် လီဆယ်မှုဖြင့်ပိတ်သိမ်းပြီး လီဆယ်တိုင်တန်းသူဖြူဖြူမင်း(ခ)
ထို့သို့ ပျဉ်းမနားမြို့တွင် လီဆယ်တိုင်ကြားခဲ့သော အမှုကို အကြောင်းပြု၍ မန္တလေးမြို့၌ ၁-၇-၂၀၁၄ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် လူအုပ်စုချင်း ပဋိပက္ခဖြစ်စဉ်များတွင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာလူသတ်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ ဘာသာရေး အဆောက်အအုံများဖျက်ဆီးမှု၊ ရုန်းရင်းဆန်ခတ်မှု၊ ငြိမ်ဝပ်ပိပြားရေးကိုပျက်ပြားေ
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားသောအမိန့်ကို ချိုးဖောက်သဖြင့် ပညာပေး၍ ခံဝန်ချုပ်ဖြင့်ပြန်လည်စေလွှတ်သူ ၁၅၇ ဦး၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အရေးယူမှုမှာ ၁၇-၇-၂၀၁၄ ရက်နေ့ထိ အမှုပေါင်း ၃၄၉ မှု၊ အရေးယူခံရသူပေါင်း ၈၃၄ ဦးဖြစ်သည်။ ကျူးလွန်ခဲ့သောတရားခံများနှင့်
ပြည်ထဲရေးဝန်ကြီးဌာန
No comments:
Post a Comment