
ဇူလိုင်(၅)၊ကလေး။
ပဋိပက္ခဖြစ်ပေါ်နေသော ပုဒ်မ (၁၄၄) အမိန့်ထုတ်ထားသော မန္တလေးမြို့ တွင်ဖြစ်ပွားလျှက်ရှိသော အဖြစ်အပျက်များ အမြန်ဆုံး အဆုံးသတ်နိုင်ပါစေ ဆိုသော ရည်ရွယ်ချက်ဖြင့် ဇူလိုင်လ (၅) ရက်နေ့က Campaign တစ်ရပ်အဖြစ် ဘောလုံးကစားခဲ့ကြောင်း သိရသည်။
ကလေးမြို့ ရွှေဘုံသာ ဘုရားကြီး အားကစားကွင်းတွင် ကလေးမြို့ ကဗျာဆရာများ နှင့် တမူးမြို့ ကဗျာဆရာများ ပေါင်းစုပေါင်းကာ ငြိမ်းချမ်းပါစေ မန္တလေး ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ပြီး အားကစား ပြိုင်ပွဲအပြီး ပါဝင်ကစားခဲ့သော ကဗျာဆရာများမှ ငြိမ်းချမ်းပါစေ မန္တလေး၊ မန္တလေး အမြန်ဆုံး ငြိမ်းချမ်းပါစေ၊ ကျန်းမာပါစေ မန္တလေး ၊ မန္တလေး နေကောင်းပါစေ စသည့် ကျွေးကြော်သံများဖြင့် ကြွေးကျော်ခဲ့ကြသည်။
ငြိမ်းချမ်းပါစေ မန္တလေး ဘောလုံးပြိုင်ပွဲတွင် တမူးမြို့မှ ကဗျာဆရာ ရင်ရိုး မှ “ ကျွန်တော်တို့ ဒီလို ဘောလုံးကစားတာဟာ မန္တလေးမြို့ အမြန်ငြိမ်းချမ်းစေချင်လို့ Campaign တစ်ရပ်အဖြစ် ကစားကြတာပါ။ တစ်ဂိုးသွင်းပြီးတိုင်း တစ်ဂိုးသွင်းပြီးတိုင်း အဲဒီ သွင်းခဲ့တဲ့ ဂိုးပေါက်ဟာ ငြိမ်းချမ်းပါစေလို့ ဆုမွန်ကောင်းတောင်းထားတဲ့ ဂိုးပေါက်ဖြစ်တဲ့အတွက် အလိုလို ဆုတောင်းပြီးသားဖြစ်သွားပါတယ်။ စိတ်ထဲကလည်း တစ်ဂိုးရှူးပြီးတိုင်း ဘယ်သူမဆို မန္တလေးမြို့ ငြိမ်းချမ်းဖို့အတွက်လို့ ကြွေးကျော်ပြီး ကစားပါတယ် ” လို့ ပြောသည်။
ဇူလိုင်လ ပထမရက်များကတည်းက မန္တလေးမြို့တွင် ဖြစ်ပွားလျှက်ရှိသာ ပဋိပက္ခအတွက် မန္တလေးမြို့တွက် တစ်နိုင်ငံလုံးမှ ၀ိုင်းဝန်းစိုးရိမ်လျှက်ရှိကြကြောင်း လူမှုကွန်ရက် စာမျက်နှာများ ပေါ်တွင်လည်း ၀ိုင်းဝန်းဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရပြီး ကလေးတမူး ကဗျာဆရာများ အနေဖြင့်လည်း မန္တလေးမြို့ အမြန်ဆုံး ငြိမ်းချမ်းရေးအတွက် လိုလားနေပြီး သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများအနေဖြင့်လည်း အဆိုပါ ပဋိပက္ခအား အမြန် ငြိမ်းချမ်းအောင် ဖြေရှင်းပေး စေချင်ကြောင်း ကဗျာဆရာများမှလည်း အသီးသီးပြောကြားခဲ့သည်။
ကဗျာဆရာများ သမဂ္ဂ ဥက္ကဋ္ဌ (ကလေးမြို့)မှ ကဗျာဆရာ မောင်ကိုမောင် (ကလေး) မှ “ အမြန် ငြိမ်းသတ်ပေးပါ။ ကျီးလန့်စာစား ဘ၀တွေ သမိုင်းဝင်မြို့ကြီးမှာ နေထိုင်ကြတဲ့ ကိုယ့်နိုင်ငံသားတွေ ရင်ဆိုင်နေရတာဟာ ကျွန်တော်တို့အတွက်လည်း လုံးဝ စိတ်မကောင်းစရာကြီးပါ။ ကျွန်တော်တို့လည်း ညစဉ်ညတိုင်း မန္တလေး မငြိမ်းချမ်းသရွေ့ စိုးရိမ်သောက ရောက်ရပါတယ် ” လို့ ပြောသည်။
ကလေးတမူး ကဗျာဆရာများအနေဖြင့် အဆိုပါ ဘောလုံးပွဲအပြီး ငြိမ်းချမ်းပါစေ မန္တလေး ခေါင်းစဉ်ဖြင့်ပင် ကဗျာရွတ်ပွဲကိုပါ ဆက်လက်ကျင်းပခဲ့ပြီး ကလေးတမူးကဗျာဆရာများတင် မကပဲ ရန်ကုန် မန္တလေး ကဗျာဆရာများကပါ တယ်လီဖုန်းဖြင့် ကဗျာများ ၀င်ရောက်ရွတ်ဆိုခဲ့ကြောင်း သိရသည်။
ကဗျာဆရာများ၏ တူညီသော အဓိဌာန်မှာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်အစိုးရတက်မယ် မြန်မာနိုင်ငံကို ဘယ်သူ အုပ်ချုပ်မယ်ဆိုတာထက် လက်ရှိ အမြန်ဆုံး မန္တလေးမြို့ ငြိမ်းချမ်းပါစေ ဆိုသည့် သံဓိဌာန်ဖြစ်ကြောင်း သိရသည်။
ချစ်သူမောင်
No comments:
Post a Comment