ဇူလိုင်(၁၆)၊ကလေး။
အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက်နှင့်
ရှေ့ဆက် လုပ်ဆောင်ရန် အလားအလာ လုံးဝ မရှိတော့ကြောင်း ကလေးမြို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့
ဥက္ကဌမှ ပြောသည်။
ကလေးမြို့
ရှစ်လေးလုံးအင်အားစု နှင့် ၈၈ မျိုးဆက်သစ်ကျောင်းသားများအဖွဲ့တို့ ပူးပေါင်း၍ ဇူလိုင်လ
(၁) ရက်နေ့က အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက်အပေါ် ၄င်းအဖွဲ့နှင့်လုံးဝမသက်ဆိုင်တော့ကြောင်းကြောငြာချက်တစ်စောင်
ထုတ်ပြန်ထားခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်အရ ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ဆက်လက်ပြီး
၎င်းကပဲ “အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက်ကို အပြတ်ထုတ်ရတယ်ဆိုတဲ့ အကြောင်းအရင်းက
ကျွန်တော် အရင်နေ့တုန်းက မင်းကိုနိုင်နဲ့ စကားပြောတယ်။ ကျွန်တော် အဲဒီကိစ္စကို တင်ပြတယ်။
မင်းကိုနိုင်က ဘယ်လိုပြောလဲဆိုတော့ အသက် (၂၀) ကျော်ပြီး မိန်းမတောင်ယူပြီးပဲကွာ ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တဲ့အခါမှာ
ရိုးသားမှုနဲ့ ကိုယ့်ရဲ့ ရပ်တည်ချက် ခိုင်မာဖို့ အရေးကြီးတယ်တဲ့။ အခုလို စီးပွားရေးလုပ်တာပဲဖြစ်ဖြစ်
နိုင်ငံရေးလုပ်တာပဲ ဖြစ်ဖြစ် ဟိုဘက်လည်း ပါသလိုလို ဒီဘက်လည်း ပါသလိုလို လုပ်တဲ့သူက
မရိုးသားမှုက စအခြေခံထားတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ ခွဲထုတ်လိုက်တာ မှန်တယ်လို့
ပြောတယ်။ အဲလို အဖွဲ့အစည်းမျိုး နောက်လဲ ကြုံဦးမှာပဲလေ” လို့ ပေါ်ပြူလာနယူးစ်သို့ ပြောကြားခဲ့သည်။
အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက်(ကလေးမြို့)
အနေဖြင့်လည်း ရှစ်လေးလုံးအင်အားစုနှင့် ၈၈ မျိုးဆက်သစ်ကျောင်းသားများအဖွဲ့၏ သဘောထားထုတ်ပြန်ချက်အပေါ်
ဇူလိုင်လ (၂) ရက်နေ့တွင် ပြန်လည် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
၈၈ ကလေးမြို့
အဖွဲ့များနှင့် ရှေ့ဆက် နိုင်ငံရေးလုပ်ဆောင်မှု ပူးပေါင်းခြင်း မပူးပေါင်းခြင်းအပေါ်
အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက်မှ ကိုကြည်ရအောင်ကလည်း “သူတို့နဲ့ ပူးပေါင်းခြင်း
မပူးပေါင်းခြင်းထက် နိုင်ငံရေးမှာ ကျွန်တော်တို့ကို
ဆက်လက် ထောက်ခံနေတဲ့ ပြည်သူတွေရှိရင် ကျွန်တော်တို့က ရှေ့ဆက်လုပ်ဆောင်မှာပါ။ ဒါပေမယ့်
ပြည်သူတွေက ဘယ်သူ့ကို ထောက်ခံတယ်။ ဘယ်သူကို မထောက်ခံဘူးဆိုတာတော့ သေချာ သိဖို့လိုအပ်တယ်”လို့
ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက်
(ကလေးမြို့) သည် ၂၀၁၂ခုနှစ် သြဂုတ်လ (၂၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး စတင်ဖွဲ့စည်းချိန်မှ
စတင်ကာ ရှစ်လေးလုံးအင်အားစု ကလေးမြို့ အဖွဲ့နှင့် အတူ ပြည်သူအခြေပြု နိုင်ငံရေးလုပ်ငန်းများ
အတူတကွ ပူးပေါင်းလုပ်လာခဲ့ပြီး ၂၀၁၄ ခုနှစ် နှစ်စပိုင်းမှစတင်တာ လုပ်ဆောင်ချက်များ
သဘောထား အမြင်များကွဲလွဲမှုတို့ကြောင့် ၈၈ အဖွဲ့များမှ သဘောထားထုတ်ပြန်ခဲ့ကြောင်း သဘောထားထုတ်ပြန်ချက်အရ
သိရသည်။
ချစ်သူမောင်
No comments:
Post a Comment