Sunday, July 6, 2014

မြန်မာ-အိန္ဒိယနယ်စပ် အပြည်ပြည်ဆိုင်ရာ နယ်မြေဒေသ သတ်မှတ်မှုအပေါ် ကန့်ကွက်ဆန္ဒဖော်ထုတ်မည်

ဇူလိုင် (၆)၊ကလေး။ မဏိပူပြည်နယ် မိုးရေးမြို့ အရှေ့မြောက်ဘက်ဒေသအချို့အား အပြည်ပြည်ဆိုင်ရာ နယ်မြေဒေသအဖြစ် သတ်မှတ်ရန် အိန္ဒိယ အစိုးရမှ စီစဉ်နေမှုအား အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက် (ကလေးမြို့) မ ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ နယ်နိမိတ်အား အပြည်ပြည်ဆိုင်ရာ နယ်မြေအဖြစ် သတ်မှတ်မှုအပေါ် အဆိုပါ နယ်နိမိတ်သည် နှစ်နိုင်ငံအကြား နယ်စည်း သတ်မှတ်ချက် ဘုတ်တိုင်များ မစိုက်ထူသေးသော နေရာများ ရှိနေခြင်းကြောင့် ဒေသခံများကလည်း စိုးရိမ်ပူပန်မှုများ ရှိနေသောကြောင့် ယခုကဲ့သို့ ကန့်ကွက်သွားရန် စီစဉ်ကြောင်းကိုလည်း အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက်မှ ကိုကြည့်ရအောင်က ပြောသည်။ ဆက်လက်ပြီး ကိုကြည်ရအောင်ကပဲ "အရင်တစ်ခါဆန္ဒထုတ်ဖော်မှုတွေလုပ်တော့သူတို့ဘက်က ICP စုပေါင်းရုံး ကျုးကျော်ဆောက်လုပ်မှုတွေရပ်သွားတယ်။နယ်စပ်ခြံစည်းရိုးခတ်မှုတွေ ဒီဘက်ကိုရွာတွေကိုဆောက်လုပ်နေမှုတွေရပ်သွားတယ်။ ၂၀၁၃ ဒီဇင်ဘာလက ပထမ ဆန္ဒထုတ်ဖော်မှုတွေကြောင့် အခုအချိန်ထိရပ်တန့်နေတယ်။ အခုအချိန်ထိလည်းပွင့်လင်းမြင်သာ ဘာအကြောင်းအရာမှလည်းမကြားသိရသေးဘူး။ အခုတစ်ဖြန် မဏိပူပြည်နယ် မိုးရေးမြို့အရှေ့မြောက်ဘက်ဒေသအချို့ကို အပြည်ပြည်ဆိုင်ရာနယ်မြေဒေသအဖြစ်သတ်မှတ်ဖို့ အိန္ဒိယအစိုးရကစီစဉ်နေတယ်။ မြေနေရာဧကပေါင်း ၃၀၀၀ကျော်လျာထားကြောင်းလည်း မဏိပူရပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်အရကျွန်တော်တို့သိရတယ်။” လို့ ပြောသည်။ အပြည်ပြည်ဆိုင်ရာ နယ်မြေဒေသအဖြစ် သတ်မှတ်ရန်စီစဉ်နေသည့် အိန္ဒိယ အစိုးရအား အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက် (ကလေးမြို့)မှ ဇူလိုင်လ ၁၃ရက် နေ့တွင် ကလေးမြို့တွင်ပင် ကန့်ကွက်ဆန္ဒဖော်ထုတ်မှု ပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၁၃ဒီဇင်ဘာလ ကလည်း တမူးမြို့၊ကလေးမြို့၊မင်းကင်းမြို့များတွင်ဆက်တိုက်ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။ ချစ်သူမောင်

No comments:

Post a Comment