ဇူလိုင်(၁၆)၊ကလေး။
ကလေးမြို့တွင်
ပြုလုပ်ခဲ့သော ဇူလိုင်လ (၁၃) ရက်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒဖော်ထုတ်မှုတွင် ကလေးမြို့တွင်း
လူမှုပရဟိတ အဖွဲ့များ ပါဝင်ဆန္ဒဖော်ထုတ်ခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံရေးနဲ့ပတ်သက်ရင် နိုင်ငံရေးအခြေပြု
အဖွဲ့အစည်းတွေနဲ့ပဲ လှုပ်ရှားတာကောင်းပါတယ် လို့၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့(ကလေးမြို့)
ဥက္ကဋ္ဌ ဦးအောင်သက်တင်က ပြောသည်။
အိန္ဒိယ နိုင်ငံ
မဏိပူပြည်နယ်အစိုးရ၏ အိန္ဒိယမြန်မာ နယ်စပ် ဟောင်လင်းဖိုင်ကျေးရွာအနီး မြေဧက (၃၀၀၀) ကျော်အား
အပြည်ပြည်ဆိုင်ရာဒေသအဖြစ် သတ်မှတ်ရန် စီစဉ်နေမှုအပေါ် ကန့်ကွက်ခဲ့သော ဆန္ဒဖော်ထုတ်မှု တစ်ရပ်အား
ကလေးမြို့တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် နိုင်ငံရေးအင်အားစုကြီးများ
ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရပြီး အထက်ချင်းတွင်းဒေသလူငယ်ကွန်ရက် (ကလေး)၊ နေရဉ္စရာလူငယ်ကွန်ရက်(ကံကြီး-အင်ဒိုင်းကြီး)၊
ကလေးမြို့ ကလေး ဆိုရှယ် နက်ဝပ်၊အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့(ကလေးမြို့)၊
မင်္ဂလာဥယျာဉ်စာသင်တိုက်၊ ဗမာ မိသားစု၊ မီးအိမ်ငယ် နာမှုကူညီရေးတို့ ပါဝင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကိစ္စနှင့်
ပတ်သက်ပြီး ဦးအောင်သက်တင်က “နိုင်ငံရေးလုပ်တဲ့ နိုင်ငံရေးပိုင်းက သပ်သပ်လေ။ ဘာသာရေးဆိုတာက
အင်မတန် နူးညံ့သိမ်မွေ့ပြီးမှ ချစ်စရာကောင်းတယ်။ ဒါကို ဒီလိုအယူဝါဒတွေကွဲပြီးတော့ အသုံးချခံရတယ်ဆိုလို့ရှိရင်
ရိုးသားစွာ ဖွဲ့ထားတဲ့ ပရဟိတအဖွဲ့တွေက ပြိုကွဲသွားနိုင်တယ်လို့ ကျွန်တော်ထင်တယ်”လို့
လို့ Popular News သို့ သုံးသပ်ပြောကြားခဲ့သည်။
ဇူလိုင်
(၁၃) ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သည့် လူမှုကူညီရေးအသင်းများမှ ကလေးမြို့တွင် ထင်ရှားသည့်
နေသာ နာမှုကူညီရေးအသင်းမှ ဦးဆောင်ဆရာတော် နေသာဆရာတော်အရှင် ဓမ္မိက ဆရာတော်ပါ ပါဝင်ခဲ့သည်။
ဆန္ဒဖော်ထုတ်ရခြင်းနှင့်
ပတ်သက်ပြီး နေသာဆရာတော်ကလည်း “တို့က ပါတီနိုင်ငံရေးလုပ်တာမဟုတ်ဘူးလေ။ ပါတီနိုင်ငံရေးဆိုတဲ့
လူတွေကလည်း ဒီနိုင်ငံအရေးအတွက် နိုင်ငံ့ရေမြေ အချုပ်အခြာအာဏာအတွက် တာဝန်ရှိတယ်လေ။ ဘယ်သူ
အာဏာရစေလို့ လုပ်တာမဟုတ်ဘူး။ ဒါဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ပဲ။ အာဏာရဖို့အတွက် လူထုထောက်ခံမှုရဖို့
လှုပ်ရှားတဲ့ ပါတီစည်းရုံးရေးလုပ်ဆောင်ချက်မဟုတ်ဘူးလေ။ ဒါက မြန်မာနိုင်ငံသားတိုင်းရဲ့တာဝန်ပဲ
အကုန်လုံးပါဝင်ပြီးလုပ်ရမှာပေါ့” လို့ Popular News သို့ မိန့်ကြားသည်။
ဇူလိုင်
(၁၃) ဆန္ဒဖော်ထုတ်မှုပြုလုပ်ရန် နေသာ နာမှုကူညီရေးအသင်း၏ ဦးဆောင်ဆရာတော် နေသာ ဆရာတော်မှ
ပြည်ခိုင်ဖြိုး ၊NLD ၊ရှစ်လေးလုံးအင်အားစု(ကလေးမြို့)၊၈၈ မျိုးဆက်သစ်ကျောင်းသားများအဖွဲ့
များသို့ ဖိတ်ကြားခဲ့ပြီး ဖိတ်ကြားမှု အနည်းငယ် နောက်ကျသွားခဲ့ခြင်း အားနည်းမှု နှင့်
ကြုံခဲ့ရခြင်းဖြစ်ခဲ့ခြင်းကြောင်း ဆန္ဒဖော်ထုတ်မှုတွင် နိုင်ငံရေးအင်အားစု အဖွဲ့များ
ပါဝင်နိုင်ခြင်းမရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချစ်သူမောင်
No comments:
Post a Comment