သြဂုတ် ၁၃ ကလေး။
၈၈ မျိုးဆက်ကျောင်းသားများ ငြိမ်း/ပွင့် ၏ သွေးသစ်အရုဏ် စာကြည့်တိုက်ဖွင့်ပွဲ အမှတ်တရ အဖြစ် ကလေးမြို့ မြို့တော်ခန်းမတွင် သြဂုတ် ၁၃ ရက်နေ့က စာပေဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာပေဟောပြောပွဲသို့ နိုင်ငံကျော် စာရေးဆရာကြီးများအား ဖိတ်ကြားခဲ့ပြီး ၈၈ ငြိမ်း/ပွင့် ဥက္ကဋ္ဌ မှ ဒီလို စာပေဟောပြောပွဲ လုပ်တာဟာ ကလေးနယ်မှာ စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားစေချင်လို့ပါ။ ကလေးမြို့မှာ မြို့နယ် စာကြည့်တိုက်လို့လည်း မရှိတော့ပါဘူး။ ဒါကြောင့် မြို့နယ်စာကြည့်တိုက်လည်း ပေါ်စေချင်ပါတယ် လို့ ပြောသည်။
စာကြည့်တိုက်ဖွင့်ပွဲ အထိမ်းအမှတ် စာပေဟောပြောပွဲသို့ နိုင်ငံကျော် စာရေးဆရာများဖြစ်သည့် နေဝင်းမြင့် ကိုလေး ( အင်းဝဂုဏ်ရည် ) နှင့် ညီပုလေးတို့ တက်ရောက်ဟောပြောခဲ့သည်။
ကလေးမြို့ ၈၈ မျိုးဆက် ကျောင်းသားများ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဆောင်ကျင်းပသော စာကြည့်တိုက် ဖွင့်ပွဲ အထိမ်းအမှတ် ဟောပြောပွဲများအပြင် ကလေးတက္ကသိုလ် ကျောင်းတိုက်ရွာ ကျောက်ဖူးရွာ တို့တွင်လည်း ဟောပြောခဲ့ပြီး သွေးသစ်အရုဏ် စာကြည့်တိုက်အား ၁၅ .၃. ၂၀၁၄ နေ့တွင် ဖွင့်လှစ်ခဲ့ကာ စာအုပ်ပေါင်း ၅၀၀ ကျော် လက်ရှိ ဖတ်ရှုနိုင်ရန် စီစဉ်ထားပြီဖြစ်ကြောင်း သိရသည်။
ချစ်သူမောင်
No comments:
Post a Comment