Saturday, August 16, 2014

ချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီ ကလေးတက္ကသိုလ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ



သြဂုတ် ၆ ။ကလေး

ကလေးတက္ကသိုလ် ချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ ချင်းတက္ကသိုလ်ကျောင်းသားများ မောင်မယ်သစ်လွင် ကြိုဆိုပွဲအား သြဂုတ်လ ၆ ရက် နေ့လည် ၁၁ နာရီ မှ စတင်ကာ ညနေ ၄ နာရီခန့်အထိ ကလေးတက္ကသိုလ် အားကစား ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ခစယ ( ကလေးတက္ကသိုလ်) ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့်ပတ်သက်ပြီး ခစယ ဥက္ကဋ္ဌ ကလေးတက္ကသိုလ် သချာင်္ဌာနမှ ဆရာ ငူလ်းဆွန်လျန်းမှ " အခုလို ပွဲမျိုး ကျင်းပရ ခြင်းကြောင့် ကျွန်တော်တို့ ချင်းလူမျိုးတွေ  မျိုးနွယ်စု တစ်ခုနဲ့တစ်ခု စည်းလုံးညီညွှတ်မှုတွေ အများကြီးရစေပါတယ်။ ချင်းပြည်နယ် အရပ်ရပ်က ကျောင်းသားတွေ တစ်ယောက်နဲ့ တစ်ယောက် မသိကြရင်တောင် ဒီပွဲမှာ ဆုံကြပြီး ရင်းနှီးမှု ရကြတယ်။ အရင်တုန်းက ဘာသာစကားတွေ မတူဘူးထင်တဲ့ဟာတွေက ဒီလိုစုစည်းတဲ့အချိန်ကြတော့ တူနေတာတွေ အများကြီးတွေ့ရတယ်။ ယဉ်ကျေးမှုတွေလည်း အများကြီးတူတယ်။ ဒါတွေ တွေ့ရတာဟာ ဒီလိုပွဲ ပြုလုပ်ခြင်းရဲ့ ရလာဒ်ကောင်းတွေပါ " လို့ ပြောသည်။

ခစယ ကလေးတက္ကသိုလ်၏ ၂၀၁၄ - ၁၅ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲတွင် ချင်းတိုင်းရင်းသား မျိုးနွယ်စုများ၏ ရိုးရာ အကအလှများ ဝတ်စားဆင်ယင်မှုများကို ထည့်သွင်းကျင်းပခဲ့ပြီး ထူးချွန် ချင်းကျောင်းသား/သူများအား ဆုချီးမြင့်ခြင်း ချင်းကျောင်းသားများ King နှင့် Queen များ ရွေးချယ်ခြင်းတို့အား ထည့်ဝင်ကျင်းပသည်။

ကလေးတက္ကသိုလ် ၂၀၁၄ - ၁၅ ပညာသင်နှစ်တွင် ကလေးတက္ကသိုလ်သို့ ချင်းပြည်နယ် ဟားခါး တီးတိန် ဖလမ်း မတူပီ မင်းတပ် ထန်တလန် တွန်းဇန် စသည့် မြို့နယ်များမှ ချင်းတိုင်းရင်းသားပေါင်း ၃၀၀၀ ကျော် ပညာသင်ကြားနေကြောင်း သိရသည်။

ချစ်သူမောင် 

No comments:

Post a Comment