သြဂုတ် ၅ ကလေး။
ချင်းပြည်နယ်၏ အထိမ်းအမှတ် အမှတ်အသားဖြစ်သော အောက်ချင်းငှက် များ ချင်းတောင်ဒေသတွင် ရှားပါးလာနေပြီဖြစ်ကြောင်း တွန်းဇံ နယ်တွင် နေထိုင်သူ ချင်းအမျိုးသားတစ်ဦးက ပြောသည်။
အောက်ချင်းငှက်မျိုးစိတ်နှင့် ပတ်သက်ပြီး ချင်းတောင်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်ရေး Chin Green Nekwork မှ ဦးနီကျုံးထန်က အောက်ချင်းငှက်တွေက အရင်ကလောက် မတွေ့ရတော့ဘူး။ ဒါပေမယ့် တောအုပ်ထူထပ်တဲ့ နေရာမျိုးမှာတော့ အနည်းငယ်တွေ့ရပါတယ်။ အောက်ချင်းငှက်မျိုးစိတ်နဲ့ ပတ်သက်ပြီး သီးသန့် ထိန်းသိမ်းလုပ်ဆောင်တာမျိုးတော့ ကျွန်တော်တို့အနေနဲ့ မရှိသေးပါဘူး လို့ ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ချင်းပြည်အမှတ်အသား အောက်ချင်းငှက်များအနေဖြင့် ယခင် ၁၀ နှစ်ဝန်းကျင်ခန့်က အများအပြားတွေ့ရသော်လည်း ယခုနောက်ပိုင်း ချင်းတောင်ဒေသတွင် မမြင်တွေ့ရသလောက် ရှားပါးနေပြီဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်ရှိ ဘုန်းကြိုးဝိုင်း အတွင်းတွင် အနည်းငယ် ရံဖန်ရံခါ တွေ့နေရကြောင်း သိရသည်။
ချစ်သူမောင်
No comments:
Post a Comment