Wednesday, November 26, 2014

(၁၃) ကြိမ်မြောက် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း အောင်မြင်စွာ ပြီးဆုံး

နိုဝင်ဘာ(၂၆)၊ကလေး။ ကလေးခရိုင်အတွင်းရှိ ဓမ္မစကူးလ်ဌာနများအတွက် ဆရာ ဆရာမများကို အစဉ်မွေးထုတ်ပေးလျှက်ရှိသော ကလေးမြို့ မဘသ၏ (၁၃) ကြိမ်မြောက် ဓမ္မစကူးလ် ဆရာဖြစ် သင်တန်းကြီးအား နိုဝင်ဘာ (၂၆) ရက်နေ့တွင် အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။ အဆိုပါ သင်တန်းကြီးတွင် ဓမ္မစကူးလ် ဆရာ ဆရာမ အင်းအား (၆၀) ဦး မွေးထုတ်ပေးခဲ့ပြီး သင်တန်းကြီးအား ကလေးမြို့ အောင်သစ္စာရပ်ကွက် ရွှေကျောင်းတော် ဓမ္မရိပ်သာကြီးတွင် ပြုလုပ်ခဲ့သည်။ ဓမ္မစကူးလ် ဆရာဖြစ် သင်တန်း ပို့ချခြင်းအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အဆိုပါ သင်တန်းကြီးမှာ (၂၃၆) ကြိမ်မြောက်ကျင်းပသော သင်တန်းကြီးဖြစ်ပြီး ကလေးဒေသအနေဖြင့် (၁၃) ကြိမ်မြောက်သင်တန်းဖြစ်သည်။ သင်တန်းကာလမှာ နိုဝင်ဘာ (၂၀) ရက်နေ့မှ (၂၆) ရက်နေ့အထိကျင်းပခဲ့ပြီး အဆိုပါ (၂၆) ရက်နေ့တွင် ဆရာဖြစ်သင်တန်းတက်ရောက်အောင်မြင်သူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲကို ရွှေကျောင်းတော် သာသနာ့ရိပ်သာကျောင်းတော်ကြီးမှာပင် ပေးအပ်ခဲ့ပြီး အဆိုပါ သင်တန်းဆင်းပွဲသို့ မဘသ (ကလေးမြို့) ဒုတိယ ဥက္ကဋ္ဌ ဆရာတော်နှင့်တကွ အဖွဲ့ဝင် ဆရာတော်များ တက်ရောက်ချီးမြင့်ခဲ့သည်။ ဓမ္မစကူးလ် သတင်းနှင့် ပြန်ကြားရေး (ကလေးမြို့)

(၁၁၈) ဌာနမြောက် ဓမ္မစကူးလ်ကျောင်းဖွင့်ပွဲ ကျင်းပ

နိုဝင်ဘာ(၂၆)၊ကလေး။ ကလေးမြို့ရှိ ဓမ္မစကူးလ် ကျောင်းပေါင်း (၁၁၈) ကျောင်းမြောက် ဓမ္မစကူးလ်ကျောင်းအား ကလေးမြို့၊ စမ်းမြို့ရပ်ကွက် ရွှေရတနာဥယျာဉ် ပရိယတ္တိ စာသင်တိုက်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ အဆိုပါ (၁၁၈) ဌာနမြောက် ဓမ္မစကူးလ်ကျောင်း ဖွင့်လှစ်နိုင်ခြင်းနှင့် ပတ်သက်၍ ရွှေရတနာဥယျာဉ်ဆရာတော် ဦးဝိမလမှ ဦးဇင်းတို့အနေနဲ့ ကိုယ့်ဘာသာ သာသနာ အဓွန့်ရှည် ကြာအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ ဒါဟာ အသိစိတ် တာဝန်ပါ။ ဘယ်သူမှ တာဝန်မပေးအပ်ပေမယ့် ကိုယ်က သာသနာမှာ မြတ်ဘုရားသားတော်တစ်ပါးအနေနဲ့လုပ်ကို လုပ်သင့်နေပါတယ်။ ဒီလို ဓမ္မစကူးလ်ဖွင့်ရတယ်ဆိုတာလည်း ကိုယ့်သာသနာမှာ ကိုယ့် ဘာသာရင်သွေးတွေကို ငယ်ငယ်ကတည်း ကိုယ့်ဘာသာ သာသနာအကြောင်း သိစေအောင် လိမ္မာယဉ်ကျေးအောင် ဘယ်ဟာကုသိုလ် ဘယ်ဟာ အကုသိုလ် စသဖြင့် ငယ်ငယ်ကတည်းက ငြိမ်းချမ်းအောင် သင်ပေးပြောပြပေးနိုင်တဲ့ အခွင့်အရေးကို ယူလိုက်တာပါ။ ကလေးငယ်တွေ ငယ်ငယ်ကတည်းက စိတ်ငြိမ်းချမ်းမှ ကြီးတဲ့အခါ တိုင်းပြည်တာဝန် တစ်နေရာကနေ ၀င်ထမ်းဆောင်ကြတဲ့အခါ တိုင်းပြည်လည်း ငြိမ်းချမ်းအေးမြစေမှာပါ လို့ မိန့်ကြားခဲ့သည်။ (၁၁၈) ဌာနမြောက် ဓမ္မစကူးလ် စာသင်ဌာနဖွင့်ပွဲအား (၂၃.၁၁.၂၀၁၄) ရက် တနင်္ဂနွေနေ့ နေ့လည် (၁း၀၀) နာရီတွင် စတင်ခဲ့ပြီး ဖွင့်ပွဲသို့ ကလေးမြို့ အမျိုးဘာသာ စောင့်ရှောက်ရေး အဖွဲ့(မဘသ) မှ ဥက္ကဋ္ဌ ဆရာတော်၊ အတွင်းရေးမှူးဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ဓမ္မစကူးလ်သတင်းနှင့် ပြန်ကြားရေး (ကလေးမြို့)

Tuesday, November 25, 2014

ကလေးမြို့တွင် မျိုးစောင့်ဥပဒေအမြန်ပြဌာန်းရေး ဆန္ဒဖော်ထုတ်မည်

နိုဝင်ဘာ (၂၆)၊ကလေး။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် မျိုးစောင့်ဥပဒေ အမြန်ပြဌာန်းရေး ဆန္ဒဖော်ထုတ်ပွဲကို ဆင်နွှဲသွားမည်ဖြစ်ကြောင်း ကလေးမြို့ မဘသ အဖွဲ့ပြန်ကြားရေးထံမှ သိရသည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲနှင့် ပတ်သက်ပြီး ကလေးမြို့ အမျိုးဘာသာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော် မင်္ဂလာဥယျာဉ်ဆရာတော်မှ ဘုန်းကြီးတို့ ဒီလို ဆန္ဒဖော်ထုတ်တာဟာ အဓိကကတော့ အမြန်ဆုံး လွှတ်တော်က မျိုးစောင့်ဥပဒေကို ပြဌာန်းပေးဖို့ သက်သက်ပါပဲ။ ဘယ်သူ့ကိုမှ ပုတ်ခတ်ချင်တာမျိုး ပျက်ပြားစေလိုတာမျိုး မရှိပါဘူး။ ဒီ ဥပဒေကိုလည်း အသေအချာ လေ့လာစေချင်ပါတယ်။ အားလုံးကို သိစေချင်ပါတယ်။ လေ့လာ ဖတ်ရှု့ချင်တယ်ဆို ဘုန်းကြီးတို့ဆီမှာ ရှိပါတယ်။ အမျိုးစောင့်ဥပဒေဟာ လူ့အခွင့်အရေး ချိုးဖောက်နေတာလား မချိုးဖောက်ဖူးလားဆိုတာ သေချာ ဖတ်ကြည့်ပြီးမှ သိမှာမို့ လေ့လာစေချင်ပါတယ်လို့ မိန့်ကြားသည်။ အမျိုးစောင့်ဥပဒေ အမြန်ပြဌာန်းရေး ဆန္ဒပြဖော်ထုတ်ပွဲအား လာမည့် ဒီဇင်ဘာ (၆) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပထမဆုံး ကလေးမြို့ မင်္ဂလာဥယျာဉ် ရပ်ကွက် မင်္ဂလာဥယျာဉ်စာသင်တိုက်တွင် နေ့လည် တစ်နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ရွှေဘုံသာ ဘုရားကြီးတွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။ ဆန္ဒဖော်ထုတ်ပွဲတွင် အဓိက ကြွေးကျော်သံများအဖြစ် အမျိုးစောင့်ဥပဒေ အမြန်ပြဌာန်းရေး၊ အမြန်ဖော်ဆောင်ရေး၊ အမြန်ပေါ်ပေါက်ရေး ဒို့အရေး ဟူသော ကြွေးကျော်သံများကို ကြွေးကျော်မည်ဖြစ်ပြီး ကိုင်ဆောင်မည့် ဆိုင်းဘုတ် များမှာ အမျိုးစောင့်ဥပဒေ အမြန်ပြဌာန်းနိုင်ရေး ကလေးမြို့နယ် လူထု ဆောင်းဆိုပွဲ ထိပ်စာတန်းကြီးနှင့်အတူ အမျိုးစောင့်ဥပဒေဆိုသည်မှာ၊ အမျိုးစောင့်ဥပဒေသည် အခြား သော ဘာသာ၏ ဥပဒေနှင့် မဆန့်ကျင်ပါ၊ စသည်ဖြင့် ဆိုင်းဘုတ်စာတမ်းပေါင်း ၁၇ ခု ထိ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ ချစ်သူမောင်

နုနယ်သော ဦးနောက်နှင့် ကလေးငယ်များအတွက် ယနေ့ မြန်မာ့ပညာရေး မူလတန်းအဆင့် သင်ရိုး

သူရ(ကလေး) ++++++++++++++++++++++++++++++++++++++++++++++++++++++++++ အဖြူအစိမ်း ၀တ်စုံလေးနဲ့ ကျောင်းကပြန်လာတဲ့ သမီးလေးက အိမ်ပြန်ရောက်ရောက်ခြင်း လွယ်အိတ်ကလေးဖွင့်လို့ ဗလာစာအုပ်လေးကို ထုတ်လိုက်တယ်။ “ ဘာရေးမလို့လည်း သမီး။ ကျောင်းစာအုပ်တွေထဲမှာ အရုပ်ပုံတွေ မဆွဲရဘူးနော်။ စာအုပ်တွေ ပေကုန်ရင် ဆရာမက သမီးစာအုပ်ကို အမှန်ခြစ် လှလှလေးတွေ ခြစ်ပေးမှာ မဟုတ်တော့ဘူး” “ ရုပ်ပုံဆွဲမလို့ မဟုတ်ပါဘူး ဦးဦး။ သမီး ကျောင်းမှာ စာရေးတာ မပြီးသေးလို့ ဆရာမက အိမ်ရောက်ရင် ဆက်ရေးဆိုလို့ ရေးမလို့ပါ။ ” “ ဘာရေးမှာလဲ သမီး ဦးကို ပြပါဦး” သမီးလေးရဲ့ ရေးစာအုပ်လေးကို ယူကြည့်လိုက်သည်။ တစ် ညီမျှခြင်း တစ် (၁ = တစ်) ကနေ ငါး ညီမျှခြင်း ငါး (၅= ငါး) အထိ ကို ဂဏန်းဖြင့် တစ်ကနေ ငါးအထိ ရေးထားပြီး ညီမျှခြင်းအနောက်ကနေ အက္ခရာ စာလုံးပေါင်းဖြင့် ငါးအထိ ရေးခိုင်းထားသည်ကို တွေ့ရသည်။ မကျူးရင့်ရွှေချည်သည် ယခုနှစ်မ စကာ သူငယ်တန်းတက်နေသော ကျောင်းသူမလေး တစ်ဦးဖြစ်ပါသည်။ ယခုနှစ်မှ စတက်သော သူငယ်တန်းကျောင်းသူ ဆိုပေမယ့် မူကြိုကျောင်းကိုတော့ (၂) နှစ် တက်ဖူးထားတဲ့ အတွေ့အကြုံရှိသည်။ မူကြို (၂) နှစ် တက်ထားသည့် အတွက် သမီးလေး ကျူးရင့်ရွှေချည် အနေဖြင့် ဂဏန်းများကို မြန်မာအက္ခရာဖြင့် တစ်မှ တစ်ဆယ်အထိ စာလုံးပေါင်းရေးနိုင်သည်။ သို့အတွက် သူ့အတွက် ခက်ခဲမှုမရှိပဲ အားတတ်သရော ရေးချင်နေခြင်းဖြစ်သည်။ တူမလေး ကျူးရင့် စာအုပ်ကို ကြည့်ရင်း စိတ်မကောင်းဖြစ်မိသည်။ ဘယ်အရာအတွက် စိတ်မကောင်းဖြစ်မိသလဲဆိုရင် သမီးလေး ကျူးရင့်လို မူကြို မတက်နိုင်ပဲ ဒီနှစ်မှ စတင်ကာ သူငယ်တန်းပညာကို သင်ကြားနေကြမည့် အခြားကလေးငယ်လေးများ အတွက်ပင် ဖြစ်သည်။ ကျွန်တော်တို့ ငယ်ငယ်က သင်္ချာဘာသာရပ်တွင် မြန်မာအက္ခရာဖြင့် စားလုံးပေါင်းရေးသားခြင်း မပါဝင်ခဲ့ဘူးလို့ ထင်ပါသည်။ သိပ်ပင် မမှတ်မိတော့။ သို့သော် ဒီနေ့ မြန်မာပညာရေး သင်ရိုးတွင် သူငယ်တန်း ကလေးများအတွက် သင်္ချာ ဘာသာ သင်ရိုးတွင် မြန်မာအက္ခရာများကို စားလုံးပေါင်းရေးခိုင်းခြင်း ပါနေသည်။ ကျွန်တော် ကလေးအတွေးဖြင့် ထိုကလေးငယ်များ နေရာတွင် ၀င်ပြီး စိတ်ကူးထဲတွင် သူငယ်တန်း ပြန်တက်ကြည့်သည်။ ဆရာမက ဂဏန်း (၁ မှ ၁၀)ထိ ကို ပထမလ သင်ချိန်တွင် လက်ထပ်သင်ကြားပေးလိုက်သဖြင့် ကျွန်တော် ရေးတတ်သွားပါသည်။ ရေးတတ်သည့် အတွက် ရေးရာမှာလည်း မခက်ခဲသောကြောင့် ပျင်းရိခြင်းမရှိ။ ကျောင်းတက်ရတာလဲ ပျော်သည်။ ဒါသည် သင်္ချာ ဘာသာရပ်အတွက် ဖြစ်သည်။ သမီးလေး။ ဦးကို နောက်တစ်အုပ်ပြပါဦးဆိုပြီး နောက်ထပ် မြန်မာဘာသာ ရေးစာအုပ်လေးကို ကြည့်မိသည်။ ထင်သည့်အတိုင်းပင် မြန်မာဘာသာသင်ရိုးတွင် ပထမတစ်လကျော်မှာ က မှ အ အထိလောက်သာ ပြီးနေသေးသည်။ သူငယ်တန်း ကလေးငယ်တစ်ဦးသည် အသက်အားဖြင့် (၆) နှစ်ခန့်သာရှိပြီး သူတို့လေးတွေ ဦးနှောက်ဖြင့် ဘာသာရပ် ပြဌာန်းမှုမှာ များပြားပြီး ကျွန်တော့် ခံစားချက် အယူအဆတွင် တစ်ဘာသာနှင့် တစ်ဘာသာ အချိန်အဆက်မမိဖြစ်နေကြောင်း သုံးသပ်မိသည်။ မြန်မာစာ ဘာသာတွင် က မှ အ အထိလောက်သာ သင်ထားပြီး သချာင်္ ဘာသာတွင် သဝေးထိုး၊ အသတ်၊ တစ်ချောင်းငင်၊ ဟထိုး၊၀စ်စံ နှစ်လုံးပေါက် စတာတွေ ရေးခိုင်းနေပြီ ဖြစ်သည်။ ကျွန်တော် သူငယ်တန်းပထမဆုံးနှစ် တက်ရောက် ပညာသင်ကြားမည့် ကလေးငယ်တစ်ယောက် နေရာက ၀င်တွေးကြည့်သည်။ သဝေထိုးတွေ အသတ်တွေ ကျွန်တော် မကျွမ်းကျင် မရေးတတ်။ မရေးတတ်တော့ ရေးရမှာ ပျင်းလာသည်။ မရေးချင်တော့။ ကျောင်းမှာ ဆရာမကို ကြောက်လို့ သူများရေးတဲ့အတိုင်း ပုံတူ အရုပ်ပုံဆွဲသလို ရေးချလာသည်။ အိမ်ရောက်တော့ မရေးချင်တော့ ပစ်ထားလိုက်သည်။ မြန်မာနိုင်ငံတွင် ကျောင်းပညာရေး မူလတန်း အခမဲ့ ဖြစ်နေ၍သာ မူလတန်းများတွင် ကျောင်းသား/သူလေးများ အတော်လေး တက်ရောက် ပညာသင်ကြားနိုင်နေသည်မှာ ငြင်းချက်ထုတ်စရာ အကြောင်းမရှိပါ။ တချို့ဆိုလျှင် ဆင်းရဲလွန်းသောကြောင့် သုံးတန်းလေးတန်းအ ထိသာ တက်ရောက်ပညာသင်ကြားရပြီး ကျောင်းထွက်ကာ မိဘကူကာ အိမ်စားဝတ်နေရေး ရုံးကန်နေကြရသည့် ကလေးငယ်များ၏ ဘ၀များစွာသည် ဒုနဲ့ဒေးပင်။ ဒါသည်က တစ်ကြောင်းဖြစ်သည်။ ဆိုလိုချင်သည်က မူလတန်းအဆင့် သင်ရိုးနှင့် နုနယ်သော ကလေးငယ်များ၏ လက်ခံနိုင်မှု ဖြစ်သည်။ လူဆိုလျှင် ကြီးသည်ပဲ ဖြစ်ပစေ။ ငယ်သည်ပဲ ဖြစ်ပစေ မနိုင်ဝန်ထမ်းခိုင်လျှင် ထိုအလုပ်ကို နှစ်ကြိမ် နှစ်ခါ မလုပ်လိုကြ။ ထိုအလုပ်တွင်လည်း ပျော်ရွှင်ခြင်း မရှိလာကြသည်မှာ ဓမ္မတာတစ်ရပ်ပင်ဖြစ်သည်။ သို့အတွက် ကလေးငယ်များ၏ မူလတန်းအဆင့် သင်ရိုး ဘာသာတစ်ခုနှင့် တစ်ခု ချိတ်ဆက်မှု အလွဲများကြောင့် ကလေးငယ်များ မနိုင်ဝန် ထမ်းခိုင်းသလိုဖြစ်လာမည်ကို စိုးရိမ်လာသည်။ ကလေးငယ်များ ကျောင်းမပျော်မှာ စာမတော်မှာကို စိုးရိမ်လာသည်။ ကလေးငယ်များ၏ ပညာရေး အနာဂတ်ကို မဖြောင့်မတန်းဖြစ်ကုန်မှာ စိုးရိမ်လာသည်။ ပညာကို ငွေနဲ့ ၀ယ်ယူရသည့် အခြေအနေသည် ဆင်းရဲခြင်းအကျိုးရလာဒ် တစ်ခုထဲ မဟုတ်ပဲ လက်ညှိုးထိုးပြစရာထဲတွင် ပညာရေး သင်ရိုး ပြဌာန်းချက်များပါ ပါဝင်လာသည်။ “ အဖေတို့ ငယ်ငယ်က အင်္ဂလိပ်စာဆိုရင် ငါးတန်းရောက်မှ သင်ရတာကွ။ လေးတန်းအထိကတော့ မြန်မာစာ သင်ပုန်းကြီးပဲ။ ကျွမ်းသလားလဲ မမေးနဲ့ က ကနေ အ အထိ ပြောင်းပြန်တောင် ဆိုနိုင်ရေးနိုင်သေးတယ်။ မြန်မာစာတင် ဘယ်ကမလဲ ပါဋ္ဌိစာတွေတောင် ဖတ်တတ်တယ်။ အေး ငါးတန်းတက်ရပြီဆိုတော့မှ အင်္ဂလိပ်စာ စတင်တာ။ စတင်တော့လဲ မြန်မာစာလိုပဲ။ Ka က၊ Kha = ခ၊ အဲသလို သင်တာ။ လေးတန်းအောင်ရင် မူလတန်း ပြန်ပြလို့ရတဲ့ ကျောင်းဆရာတောင် ပြန်လုပ်လို့ရသေးတယ် ” လို့ ကျွန်တော့်အဖေက ပြောသည်။ “ မူကြိုတက်ဖူးတဲ့ ကလေးတွေကလည်း တစ်တန်း နှစ်တန်းလောက်ထိ ရသေးတယ်။ သုံးတန်းလောက်ရောက်ရင် မလိုက်နိုင်တော့ဘူး။” ကျွန်တော့် သူငယ်ချင်း လို့ ကျောင်းဆရာတစ်ဦးကလည်း လက်တွေ့ လျှောက်နေရသည့် ကလေးငယ်များ၏ အနာဂတ်နှင့် ပတ်သက်၍ ပြောသည်။ သူငယ်တန်း သင်ရိုးတွင်ပင် တော်ရုံစိတ်မျိုးနှင့် မူကြိုအခံမရှိသော မူကြိုကျောင်းကို ငွေကြေးအခက်အခဲအရ မသင်နိုင်ခဲ့သော ကလေးငယ်များဆိုလျှင် သင်ရိုး အချိတ်အဆက် မရှိတာတွေကြောင့် ကျောင်းနေမပျော် စာမတော် အရာရာကို သိမ်ငယ်ပြီး အရွယ်မရောက်ခင် အမွှေးသပ်ခံရတဲ့ ဗူးသီး လေးများလို ဦးနှောက် မကြီးထွား မရှင်သန်နိုင်တော့ပဲ အားငယ်စိတ်တွေ ၀င်သွားမှာမည်ကို စိုးရိမ်စရာဖြစ်လာသည်။ အနာဂတ်ကို ဦးဆောင်မယ့် ကလေးငယ်များ မဖွံ့ဖြိုးလျှင် ကျွန်တော်တို့ နိုင်ငံ ဘယ်မှာ တိုးတက်နိုင်ဦးမည်နည်။ သင်ကြားရေးစနစ်က ကလေးဗဟိုပြုအဖြစ်လည်း ပြောင်းလည်းလိုက်ကြောင်း သိရသည်။ သို့သော် ကျွန်တော်တို့ ငယ်စဉ် မူလတန်းကျောင်းသားဘ၀ လေးတန်းအရွယ်ကပင် မြန်မာစာ ၀တ္ထုတိုများကို စားလုံးမပေါင်းရတော့ပဲ ဖတ်တတ်နေပြီဖြစ်သည်။ ကျူရှင်တွေ အချိန်ပိုတွေလည်း ဘယ်ကျောင်းသားမှ မူလတန်းကျောင်းသားဘ၀မှာ မတက်ခဲ့ကြ။ ဘယ်ဆရာမှလည်း မသင်ခဲ့ကြ။ အတန်းထဲမှာ စာညံ့သည် စာမလိုက်နိုင်ဆိုသည့် ကျောင်းသား တစ်ဦးနှစ်ဦး အနည်းငယ်တော့ ရှိသည်။ သူတို့အတွက်ကိုတော့ ဆရာတွေက အိမ်ကို ခေါ် အဆောင်ကိုခေါ်ကာ ဆရာတွေအတွက် အလုပ်ကူလုပ်ရင်း သင်ပေးလေ့ရှိခဲ့တာတော့ ရှိသည်။ အိမ်ရောက်တော့ မိဘကလည်း မသင်ပေးခဲ့။ ရေးတာ ဖတ်တာ မှားလို့ ပြင်ပေးအဆင့်လောက်တော့ ရှိခဲ့သည်။ အခုတော့ သမီးလေး ကျူးရင့် အနေဖြင့် မူကြိုလည်း (၂) နှစ် သင်ကြားစေခဲ့ပြီ။ သူ့မေမေဖြစ်သူကလည်း ကျောင်းပိတ်ချိန် ကျောင်းဆင်း ညနေခင်းများဆိုလျှင် လက်ထပ် သင်ကြားပေးနေရသေးသည်။ အဒေါ်တွေ အဖွားတွေကလည်း ၀င်သင်ပေးတတ်သည်။ “ ကျွန်မ သမီးတော့ လက်ရေးလည်း မလှဘူး။ ဘာမှလည်း ကောင်းကောင်းမရေးတတ်ဘူး။ ကျောင်း မတက်ချင်ဘူးလို့ပဲ ပြောနေတာ။ အဲဒါ မုန့်လေးဘာလေး တတ်နိုင်သလောက်ဝယ်ပေးပြီး ချော့ ခြောက် ကျောင်းတက်ခိုင်းနေရတယ်” လို့ အိမ်နီးချင်း ကျောင်းသားမိဘတစ်ဦးကလည်း ပြောသည်။ မိဘတိုင်း သားသမီးအပေါ် မျှော်လင့်ချက်ထားကြသော်လည် ထုတ်ဖော်ပြောလေ့ မရှိကြောင်း ကျွန်တော်သိသည်။ ကလေးငယ်တိုင်း တိုင်းပြည်အတွက် မျှော်လင့်ချက်ဖြစ်ကြောင်း ပါးစပ်ရှိသူများ ခဏခဏ ပြောနေကြသည်။ လက်တွေ့မှာတော့ အလွဲကြီးကို လွဲနေသည်ဟု ကျွန်တော် မြင်မိပါတော့သည်။ သူရ(ကလေး)

တိုင်းပြည်အနာဂတ်အရေးမို့ ပညာရေးကဏ္ဍ လက်ညှိုးထိုး အကြံပြုချင်ပါသည်။

သူရ(ကလေး) ပညာရေးဝန်ကြီးဌာန၏ ဆရာ ဆရာမများ အပြောင်းအရွှေ့ကိစ္စ စီမံမှု အားနည်းခြင်းများရှိသောကြောင့် ဒေသ အတော်များများက ကလေးငယ်တွေရဲ့ ပညာရေး ထိခိုက်နေတယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ၏ ကျောင်းပညာရေးသည် ဆရာဗဟိုပြု စနစ်မှ ယခုနောက်ပိုင်း ကလေးဗဟိုပြု သင်ကြားနည်းစနစ်ကို ပြောင်းလာသည်ဆိုသော်လည်း ဆရာများအနေဖြင့် ကလေးငယ်များ၏ အရည်အသွေးအား ကောင်းစွာ ရုပ်လုံးပေါ်အောင် မမြင် မကြည့်တတ်သေးသည်ကာ ပြဿနာ မဟုတ်ပါ။ အဲဒီ ပြဿနာကို ကျွန်တော်တို့ ဘယ်လိုသွားမလဲ ဆိုတာကို အဖြေရမည့် ကိစ္စသည်သာ အဓိကဖြစ်နေသည်။ အရင်က ကျနော့်ကလေးကို အိမ်ရောက်တာနဲ့ စာသင်ပေးစရာမလိုဘူး။ သူ စာဖတ်တတ်တယ်။ အခု သူ့ဆရာမ ပြောင်းသွားလို့ အစားထိုးမရောက်သေးပဲ အခြားဆရာမကို ကိုယ်တိုင်သွားအပ်တာ ကလေးက ပြောတယ် အဲဒီဆရာမ သင်တာ နားမလည်ဘူးတဲ့။ ဒါဟာ အထူး ဂရုပြုသင့်စရာ အချက်တစ်ချက်လို့ ကျနော်မြင်မိပါသည်။ ကျနော်တို့ ချင်းပြည်နယ်မှာဆိုရင် အားလုံး သိသင့်သလောက်သိကြသည်။ ကလေးငယ်များကို သင်ကြားမည့် ဆရာ ဆရာမများ ဘာသာစကား အခက်အခဲဖြစ်သည်။ ပညာရေးဝန်ကြီးဌာနကလည်း ဆရာမတွေ ဆရာတွေကို လစာ ဆတိုးပေးပြီး စေတနာထား လုပ်ဆောင်ကြသည်။ သို့သော် အဆင်ပြေပါသလားလို့ မေးလျှင် အဆင်မပြေပါဟုသာ အဖြေထွက်နေလိမ့်မည်ဖြစ်သည် ပြဿနာ တစ်ရပ် သို့ မဟုတ် အခက်အခဲတစ်ခု ဖြစ်တိုင်း မေးခွန်းမေးရန် အဖြေရှာရန် လိုအပ်ပါသည်ဆိုလျှင် လူတိုင်းသိသည့်ကိစ္စဖြစ်သည်။ သို့သော် ဘယ်လို အဖြေရှာမလဲ။ ဘယ်လို မေးခွန်းကို ဖြေရမလဲ။ သိချင်မှ သိလိမ့်မည်။ ကျနော်သာ ပညာရေးဌာနမှ လုပ်ပိုင်ခွင့်ရှိသူ တစ်ဦးသာ ဖြစ်ခဲ့လျှင် ဒါဟာ ဘာကြောင့်လဲ ဟု ကျနော်ကို ကျနော် မေးဖြစ်မည် ဖြစ်သည်။ သို့သော် အဖြေကို ကျနော် ကောင်းစွာ မရရှိနိုင်သည်များလည်း အများအပြားရှိလိမ့်မည်ဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲသော ကိစ္စပင်။ ဘာကြောင့်လဲလို့ ထပ်မေးလျှင် နေရာတိုင်း၏ ဓလေ့စရိုက်နှင့် ပတ်ဝန်းကျင် ဒေသန္တရ ဗဟုသုတနှင့် အလုံးစုံ ကိုက်ညီအောင် ကျနော် သိနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ချင်းပြည်နယ်ကို ဆရာသွားလုပ်ရမယ်။ လစာ (၂) ဆရတယ်။ ဒါပေမယ့် ပျင်းစရာကြီး သူတို့တွေကို စာသင်ရမှာ သူတို့ စကားကိုက နားမလည် ကိုယ့်စကား သူတို့က နားမလည်နဲ့ အစပိုင်းတော့ ဒုက္ခတွေ့ဦးမှာပဲ လို့ သူငယ်ချင်း ဆရာမ အသစ်ကလေးတစ်ယောက်က ပြောဖူးသည်။ မှန်သည်။ မည်သည့်အလုပ်မဆို အစပိုင်းမှာ အခက်အခဲ အတားအဆီးဆိုတာ ရှိစမြဲဖြစ်သည်။ ချင်းပြည်နယ်သည် ကျနော့် မျက်စိရှေ့မှာ ရှိနေသဖြင့် ချင်းပြည်နယ်ကို အခြေခံပြီး တင်ပြနေခြင်းသာဖြစ်သည်။ ချင်းပြည်နယ်တွင် ဆရာမလေးများ ဆရာများ စာသင်လာကြသည်။ ခုနကပြောသလို အစပိုင်းမှာ ကလေးတွေက ဗမာစကားနားမလည်တော့ သူတို့စိတ်မ၀င်စား လုပ်ချင်တာလုပ် နေချင်သလို နေကြပေလိမ့်မည်။ သို့အတွက် သင်ကြားရသော ဆရာများအနေဖြင့် ဒေါသထွက်သူက ထွက် စိတ်ညစ်သူက စိတ်ညစ် ချင်းပြည်မှာ စာသင်နေရတာ ပျင်းတယ်ကွာ။ မြေပြန့်ကိုပဲ ပြောင်းတော့မယ် ဖြစ်လာသည်။ သို့သော် သူတို့အဖို့ နိုင်ငံတာဝန်ထမ်းနေသော ၀န်ထမ်းများဖြစ်သည့်အတွက် သူ့သဘောနှင့်သူ ပြောင်းချင်တိုင်း ပြောင်းလို့ မရ။ သို့အတွက် ကြိတ်မှိတ်ကာ စာသင်ကြရသည်။ ဒီလိုနှင့် ဘာမှန်းမသိ စာသင်နှစ် တစ်နှစ်လောက် ကျော်ဖြတ်ပစ်လိုက်ကြသည်။ သို့သော် စာသင်နှစ် တစ်နှစ် ပြီးဆုံးသည်နှင့် ဆရာတွေ ဒေသ ဘာသာစကား ဒေသရိုးရာ ဒေသ ဓလေ့ကို အတော်အတန်ရင်းနှီးလာကြပေသည်။ သို့အတွက် ဒုတိယ စာသင်နှစ်မှာ ပထမနှစ်ကလောက် ဆရာတွေ မခက်ခဲကြတော့တာ တွေ့လာရသည်။ ကလေးတွေနဲ့ သဟဇာတဖြစ်လာသည်။ ဓလေ့ ဘာသာ စကားအနည်းငယ်ကို တတ်ကျွမ်းလာသည်။ ပျော်လာသည်။ သို့သော် ဆရာတွေ ပျော်လာပြီ ကလေးတွေနဲ့ အံဝင်ခွင်ကျဖြစ်လာပြီဆိုတော့ ဒီဆရာတွေ ဆရာမတွေ ပြောင်းရွေ့ဖို့ တာဝန်ကျလာသည်။ ပြောင်းရွေ့ဖို့ တာဝန်ကျတာက နှစ်ကုန်ပိုင်းဆိုရင် တော်သေးသည်။ စာသင်နှစ် အလည်မှာ ပြောင်းရွေ့ခွင့်ပေးခြင်းက ပညာရေးဌာနတွေအတွက် အမှားကြီးမှားသည့် လုပ်ရပ်ဖြစ်ကြောင်း သုံးသပ်မိသည်။ ကလေးတွေက သူ့ဆရာနဲ့သူ ပထမနှစ်ဝက်ကို အောင်မြင်စွာ နေသားတကျဖြစ်ခါနီးအချိန် ကျော်ဖြတ်ခဲ့ချိန်တွင် ကိုယ်နှင့် သဟဇာတဖြစ်လာသည့် ဆရာက အပြောင်းအရွေ့ကျလာပြီး အခြားတစ်ယောက်ရောက်လာတော့ ကလေးငယ်လေးတွေခဗျာ စာသင်ခုံပေါ် တက်ထိုင်သူက ထိုင် အချင်းချင်း စကားပြောသူက ပြော ရှေ့က ဆရာ အသစ်ပြောတာ နားမလည် နားမလည်တော့ စိတ်မ၀င်စား။ ဒီလိုနဲ့ စာသင်နှစ် တစ်ခုရဲ့ အရှိန်အဟုန်ကို တိကနဲ့ ဖြတ်ချပစ်လိုက်သလိုမျိုးဖြစ်သွားသည်။ ချင်းပြည်နယ်ရှိ ကျောင်းများတွင် ဆရာများ စာသင်ရန် နိုင်ငံတော် အစိုးရ ပညာရေးဝန်ကြီးဌာနမှ သုံးနှစ်ခန့် ဆရာ ဆရာမများအား စေလွှတ်ကြသည်။ ဆရာများဘက်မှ နေ၍ ကိုယ်ချင်းစာပေးသော်လည်း ဆရာများအနေဖြင့် ခေါင်ဖျားသည့် နေရာများတွင် ဘယ်ဆရာနေချင်ပါမည်နည်း ကိုယ်ချင်းစာမိပါသည်။ သို့သော် ဆရာဟူသည်မှာ စေတနာ ၀ါသနာ အနစ်နာ နာသုံးနာကျေရမှ လုပ်ရတာ အဆင်ပြေမည့် အလုပ်ဖြစ်ကြောင်း ရှေးကတည်းက ဆရာတိုင်း သိကြ လက်ခံကြရမည်ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် တကယ်ဝါသနာ စေတနာ အနစ်နာ မခံချင်လျှင် အစကတည်းက ဆရာမလုပ်ရန် တိုက်တွန်းချင်ပါသည်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်တစ်ခု တည်ဆောက်ရာမှာ ကလေးတွေက အဓိကဖြစ်သည်။ ကလေးငယ်များသည် တိုင်းပြည်၏ အနာဂတ် အစစ်များဖြစ်ကြောင်း ယုံကြည့်နိုင်ရမည်။ သို့အတွက် ကလေးငယ်များကို ပညာတွေ သင်ပေးကြမည့် ဆရာများသည်လည်း တိုင်းပြည်အနာဂတ်အတွက် အရမ်းကို အရေးပါသည့် တိုင်းပြည်တာဝန်ကို ထမ်းရပါမည်။ နိုင်ငံတော် အစိုးရက ၀န်ဆောင်မှု အပြည့် မပေးတော့ ဘယ်လုပ်နိုင်မလဲ ဆိုသည့် ဆရာများပင် ဒုနဲ့ဒေး ကြားဖူးပါသည်။ ဒါလည်း အမှန်ဖြစ်ခဲ့သည့် ကိစ္စတစ်ရပ်ဖြစ်ပါသည်။ သို့သော် ယခုဆိုလျှင် နိုင်ငံတော်ကလည်း ဆရာများအတွက် လစာကို တစ်နေ့ ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်နေရတဲ့ ဆင်းရဲသားပြည်သူများထက် အဆင့်မီအောင် ပေးနေပြီဖြစ် ဖြစ်သည်။ သို့အတွက် ဆရာများ တာဝန်ကျေစေချင်ပါသည်။ ဒါသည်ကား မပါလျှင် မပြည့်စုံသောကြောင့် ထည့်ပြောမိသည့် ဆရာများ အခန်းကဏ္ဍဖြစ်ပါသည်။ အစကပြောခဲ့သလို ပညာရေးဌာနက ဆရာတွေ အပြောင်းအရွေ့မှာ ကလေးငယ်တွေကို အခြေခံ တွေးပြီး စနစ်တကျ လုပ်ဆောင်မှသာ ကလေးငယ်တွေအတွက် ပညာရေးဟာ ကျောင်းနေပျော်ပြီး စာတော်မည်ဖြစ်ပါသည်။ တချို့ကျောင်းများဆို ပထမနှစ်ဝက်မှာတင် ဆရာမတွေ တစ်သုတ်ကြီး ပြောင်းရွေ့ပစ်သည်။ ၄င်းဆရာမများ နေရာတွင် အစားထိုးရန်အဖို့ကျတော့ ပညာရေးဌာနက ဘယ်အချိန် အစားထိုးပေးပို့မည်မသိ။ ဆရာ အခက်အခဲ အများအပြားကြုံရသည်။ နောက်ပြီး ဒေသနှင့် ကိုက်ညီပြီး သဟဇာတဖြစ်အောင် နေတတ်ထိုင်တတ် အခြေအနေရောက်လာတော့ ချက်ခြင်းကြီး ပြောင်းပစ်သည်ကိစ္စကလည်း ကလေးငယ်များ ပညာရေးကို လွန်စွာမှ ထိခိုက်ကြောင်း တွေ့ရသည်။ ဒီအခက်အခဲက မြန်မာပြည်မြေပြန့် ဗမာတိုင်းရင်းသား အများစုမှာတော့ အခက်အခဲ ဖြစ်ချင်မှ ဖြစ်မည်။ အခြား ဘာသာစကားကွဲ တိုင်းရင်းသား အနည်းစု ပြည်နယ်များမှာတော့ တကယ်ကို ကလေးတွေ ပညာရေးထိခိုက်လွန်းလှသည်ဟု ထင်မြင်မိပါသည်။ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်မည်ဆိုလျှင် အစိုးရအနေဖြင့် ပညာရေးကဏ္ဍကို ယုံကြည်မှု အပြည့်အ၀ထားပြီး စီမံခန့်ခွဲမှုများအား ကွင်းဆင်းကာ ဆုံးဖြတ်သင့်နေပြီဖြစ်ပါသည်။ ဒေသဆိုင်ရာ ပညာရေးဝန်ထမ်းများအနေဖြင့်လည်း ယခင် အစိုးရခေတ်က ပုံစံအတိုင်း ကျောင်းစစ်ဆေးရေး မြို့နယ်ပညာရေးက လာတော့မယ် ခရိုင် တိုင်း ပြည်နယ် လာတော့မယ်။ အကုန်ရှင်း အကုန်မြင်ကောင်းအောင် ခဏလေးနဲ့ ကံရာဇာငယ်လို အနွယ်တွေနဲ့ ဘုရားတည်သလို လုပ်ရမယ့် အချိန်က ခေတ်နောက်ကျန်ခဲ့ပါပြီလို့ ပြောချင်ပါသည်။ ဒါတွေလည်း မလိုအပ်တော့ကြောင့် နောက်မှာ ကျန်ရစ်ခဲ့သည့် ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အမှတ်စဉ်က သက်သေပြနေပြီဖြစ်ပါသည်။ ကျောင်းအုပ်လုပ်သူကလည်း ရာထူးတိုးအောင် တစ်ခုခုဆို အဆူအငေါက် မခံရအောင် ဟန်ဆောင်မှုတွေလုပ် ဒါတွေလည်း နားသင့်ပါပြီ။ အထက်အရာရှိတွေကလည်း ဘာတဲ့ဆို အောက်ကို ခွနင်းတာမျိုး ထုထောင်းရာထူးချ ဒဏ်ခတ် တာမျိုး ဒီခေတ်မှာ မရှိသင့်တော့ပါဘူး။ ရှိလည်း မရှိတော့ပါဘူး။ အထက်လူဆိုတာ ခေါင်းဆောင်ပါ။ အမှန်တရားကို မြင်အောင်ကြည့်ပြီး ပြဿနာဇစ်မြစ်ကို မြင်အောင်ရှာပြီး ၀ိုင်းကာဝန်းကာဖြင့် ဖြေရှင်းကြဖို့လည်း အထူးကို လိုအပ်နေပါပြီ။ ဒီတော့ ဘာဖြစ်လဲ။ သို့အတွက် တိုင်းပြည် အနာဂတ်အရေးမို့ ပညာရေးကဏ္ဍကို လက်ညှိုးထိုးပြရလျှင် တိုင်းပြည်၏ အနာဂတ် ရင်သွေး အမြုတေ ကလေးငယ်လေးများအရေးကို အားလုံးပူးပေါင်းပြီး တကယ် ဗဟိုပြု စဉ်းစားပြီး ဆရာ ဆရာမတွေ အပြောင်းအရွေ့ကို သေချာစွာ ကိုင်တွယ်ပေးကြပါလို့ အကြံပြု ပြောကြားလိုက်ရပါသည်။ သူရ (ကလေး)

Wednesday, October 8, 2014

သီတင်းကျွတ်မီးထွန်းပွဲနှင့် ဓမ္မစကူးလ်ကျောင်းသားများ စွမ်းရည်ပြပွဲများကျင်းပ

အောက်တိုဘာ (၈) ကလေးမြို့။ သီတင်းကျွတ် အခါသမယ ညများတွင် ကလေးမြို့ဓမ္မစကူးလ်ကျောင်းသားများ စွမ်းရည်ပြပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။ ဓမ္မစကူးလ်ကျောင်းသား ကျောင်းသူလေးများ စွမ်းရည်ပြပွဲများနှင့် ပတ်သက်၍ ကလေးမြို့ မြို့ဦးစံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော် ဦးဓမ္မာနန္ဒမှ ဘုန်းကြီးတို့ ခုလို ကလေးငယ်တွေကို စွမ်းရည်ပြပွဲတွေ စီစဉ် ကျင်းပပေးရတာ အရမ်းကို မျှော်လင့်ချက်ထားပြီး လုပ်ပေးတာပါ။ ဘယ်လို မျှော်လင့်ချက်ထားလည်းဆိုတော့ ကလေးတွေဟာ တချိန်မှာ နိုင်ငံတာဝန်ကို လက်ဆင့်ကမ်းထမ်းဆောင်မယ့် ကလေးတွေပါ။ ဒီကလေးတွေမှာ သူတို့ကိုယ်ပိုင် စွမ်းရည်တွေရှိကြတာကို သူတို့ကိုယ် သူတို့ သိအောင် ထုတ်ဖော်လို့ ရတယ်ဆိုတာ သိစေချင်တာရယ် သူတို့လေးတွေ သူတို့ ကိုယ့်ကိုယ်ကို ယုံကြည့်မှုတွေ ရှိလာစေချင်တာရယ်ဆိုတဲ့ မျှော်လင့်ချက်တွေပါ။ ဒါ့ကြောင့် ဘုန်းကြီးတို့ ကလေးငယ်တွေကို စွမ်းရည်ပြပွဲတွေ ကျင်းပပေးခဲ့တာပါ လို့ မိန့်ကြားခဲ့သည်။ ကလေးမြို့တွင် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့နှင့် လပြည်နေ့ ညများတွင် ကလေးမြို့ မြို့ဦးစံကျောင်းတိုက်နှင့် နတ်ကြီးကုန်း ကျောက်ကာရွာတွင် ဓမ္မစကူး ကလေးငယ်များ စွမ်းရည်ပြပွဲများ ကျင်းပပေးခဲ့ပြီး စွမ်းရည်ပြပွဲများတွင် ကလေးငယ်များ၏ ပုံပြင်ကဏ္ဍများ ဗုဒ္ဓ၀င် ဇာတ်တော်များသရုပ်ဆောင်ခြင်းများ ဓမ္မတေး ကဗျာ သီဆို သရုပ်ဖော်မှုများ ထည့်သွင်းကျင်းပခဲ့ပြီး အဆိုပါ စွမ်းရည်ပြပွဲများသို့ ဓမ္မစကူးလ်ဌာနပေါင်း (၅) ဌာနမှ ကလေးငယ်များ ပါဝင် စွမ်းရည်ပြသခဲ့ကြောင်း သိရသည်။ ချစ်သူမောင်

Tuesday, September 30, 2014

(၁၁)ကြိမ်မြောက် ဓမ္မစကူးလ်ဆရာဖြစ် သင်တန်းဆင်းပွဲ ကျင်းပ

စက်တင်ဘာ (၃၀) ကလေး။ ကလေးဒေသရှိ ဓမ္မစကူးလ် ကျောင်းများအတွက် သင်ကြားရေးဆရာ ဆရာမများ ဆရာဖြစ် သင်တန်းဆင်းပွဲအား စက်တင်ဘာ ၃၀ ရက် နေ့ ညနေ ၃ နာရီက ကလေးမြို့ အောင်သစ္စာရပ်ကွက်ရှိ ရွှေကျောင်းတော် ရိပ်သာ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းနှင့် ပတ်သက်၍သင်တန်းနည်းပြ ဆရာဇော်ဝင်းထွန်းက သင်တန်းနဲ့ပတ်သက်ပြီး ဆရာ ဆရာမတွေကို အဓိက ပြောချင်တာက ဓမ္မစကူးလ်ဆရာတွေ အနေနဲ့ ဓမ္မစကူးလ် ဖောင်ဒေးရှင်းက ကလေးတွေကို သင်ကြားတဲ့အခါမှာ ကိုယ်တိုင်နားလည်ဖို့လည်း လိုပါတယ်။ ပေးတယ်ဆိုပေမယ့် ပေးသူက ပေးတဲ့နေရာမှာ ပေးတတ်မှ အဆင်ပြေမှာပါ။ တကယ်တော့ သင်တန်းမှာ သင်ပေးတာက ပညာရေး နည်းစနစ်လောက်ပါ မျိုးစေ့လောက်ပဲ ပေးတာပါ။ ပြည့်ပြည့်စုံစုံ မပေးနိုင်ဘူးလေ။ ဒီမျိုးစေ့ကို ရှင်သန်အောင်တော့ ဆရာ ဆရာမတွေကပဲ ကြိုးစားရမှာပါ လို့ ပြောသည်။ အဆိုပါ သင်တန်းသည် တစ်နိုင်ငံလုံး အနေဖြင့် (၁၀၃) ကြိမ်မြောက် ဓမ္မစကူးလ် သင်တန်းဖြစ်ပြီး ကလေးဒေသအနေဖြင့် ၁၁ ကြိမ်မြောက် သင်တန်းဖြစ်ကာ သင်တန်းသား ၆၀ ဦးထိ တပြိုင်တည်း သင်ကြားခဲ့သော ပထမဆုံး အကြိမ် ပို့ချခဲ့သည့် သင်တန်းကြီး အမျိုးအစားဖြစ်ကြောင်းလည်း သိရသည်။ ဓမ္မစကူးလ် သင်တန်းများအား ယခင် ၁၀ ကြိမ်က သင်တန်းတစ်ကြိမ်လျှင် (၃၆) ဦးသာ သင်ကြားခဲ့ပြီး ယခုသင်ကြားသော ၁၁ ကြိမ်မြောက် သင်တန်းတွင် ဆရာ ဆရာမ ၆၀ ဦးထိ သင်ကြားခဲ့ခြင်း ဖြစ်သည်။ သင်တန်းသို့ သင်တန်းနည်းပြဆရာ ၄ ဦး သင်ကြားပေးခဲ့ပြီး ဓမ္မစကူးလ်ဌာနပေါင်း ၂၅ ဌာနမှ ဆရာ ဆရာမများ တက်ရောက်ခဲ့ကာ ရက်သတ္တပတ် သင်ကြားမှု အချိန်ကြာမြင့်ခဲ့ကြောင်း သိရသည်။ ချစ်သူမောင်

Sunday, September 21, 2014

အမှတ်တံဆိပ်နှင့်ဆောင်ပုဒ် အတည်ပြုရွေးချယ်ခြင်း

---------------------------------------------------------- "လိမ္မာယဉ်ကျေး၊ ပညာရေး၊ သင်ပေးဓမ္မစကူးလ်" ယနေ့ (၃.၅.၂၀၁၂) ဓမ္မစကူးလ်ဖောင်ဒေးရှင်း လပတ်အစည်းအဝေးတွင် တက်ရောက်လာကြသော ဆရာတော်သံဃာတော်များ၊ ဆရာကြီး၊ ဆရာလေးများနှင့် လူပုဂ္ဂိုလ်အပေါင်းတို့က ပြိုင်ပွဲဝင်လာသော Logo ၃၃-ခုအနက် ဦးဣန္ဒာလင်္ကာရ (မွန်ဘိုင်းတက္ကသိုလ်) ရေးဆွဲထားသော လိုဂိုကို ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ လိုဂိုအဖြစ် မဲစနစ်ဖြင့် အတည်ပြုရွေးချယ်လိုက်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပေးပို့ယှဉ်ပြိုင်လာသော ဆောင်ပုဒ် ၃၈-ခုအနက် စာရေးဆရာမောင်မင်းစိုး (ရွှေနံ့သာ) (ခ) ဦးရာဇိန္ဒ ရေးဖွဲ့ထားသော "လိမ္မာယဉ်ကျေး၊ ပညာရေး၊ သင်ပေးဓမ္မစကူးလ်" ဟူသော ဆောင်ပုဒ်ကို မဲစနစ်ဖြင့် အတည်ပြု ရွေးချယ်လိုက်ကြပါသည်။

သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့ ဓမ္မစကူးလ် ဗဟို (မူလတန်းအဆင့်)

မူလတန်းအဆင့် သင်ရိုးရေးဆွဲရေး ပညာရှင်အဖွဲ့ အတည်ပြု ဖွဲ့စည်းခြင်း ၁။ ဒေါ်ချိုချိုဦး (အဖွဲ့ခေါင်းဆောင်) ၂။ ဒေါ်မြင့်မြင့်သန်း ၃။ ဒေါ်ဌေးဌေးဟန် ၄။ ဒေါ်နန့်မာလာသန်း ၅။ ဒေါ်လွယ်လွယ်ခိုင် ၆။ ဦးသူရအောင် ၇။ ဦးကိုကိုအောင် ၈။ ဒေါ်တင်မာဝေ ၉။ ဒေါ်သိန်းသိန်းရည် ကြီးကြပ်မည့် ပညာရှင်များအဖွဲ့ ၁။ ဒေါက်တာထိန်ဝင်း ၂။ ဒေါက်တာဒေါ်ခင်အေးဝင်း ၃။ ဒေါက်တာကျော်ဝင်း ၄။ ဦးဝင်းမောင် (မင်းယုဝေ) ၅။ ဦးသန်းထွတ် ၆။ ဦးဝင်းအောင် အကြံပေး ပညာရှင်များအဖွဲ့ ၁။ လေးအိမ်စုဆရာတော် ဦးဝိစိတ္တသာရ ၂။ ဦးသာသန၀ရ ၃။ ဒေါက်တာဓမ္မပိယ ၄။ ဒေါက်တာဝဏ္ဏသီရိ (လင်္ကာ) ၅။ ဒေါ်ညွန့်ညွန့်ရီ ၆။ ဦးအောင်မွန် ၇။ ဦးကျော်စိုး (မောင်ကျေးဇူး) ၈။ ဦးသန်းလွင် ၉။ ဦးရာဇိန္ဒ (မောင်မင်းစိုး) ၁၀။ ဒေါ်ခင်သန်းနွယ် ၁၁။ ဦးသန်းနိုင် ၁၂။ ဒေါ်ခင်စိန်ဝင်း ၁၃။ ဒေါ်သင်းသင်းအောင် ၁၄။ ဒေါ်စန္ဒာသန့် ၁၅။ ဒေါ်ကေသီ ၁၆။ ဦးဘိုဘိုလွင်

စိတ်ကူးယဉ်အိပ်ယာထဲမှာ

ညောင်အိုင်သားရေးသည်။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ နဖူးပေါ်ကို လက်တင်လိုက်ပါတယ်။ အတွေးက ဓမ္မစကူးလ်(Dhamma School) ကျောင်းလေးဆီကို ရောက်သွားတယ်ဗျ။ ဟုတ်ပြီ ကျုပ်ကျောင်းတိုက်ကလေးရဲ့ အကျယ်အ၀န်းက ပေ(၂၀၀)ပတ်လည်နီးပါးရှိ တယ်။ လက်ရှိဆောက်ထားတဲ့ကျောင်းဆောင်တွေက ယာယီကျောင်းဆောင်တွေ ချည်းပဲ။ ဒီတော့ အခိုင်အမာ ဆောက်ထားတာဆိုလို့ ကျုပ်ရဲ့စံကျောင်းလေးရယ်၊ သိမ်ကျောင်းဆောင်ရယ် ဆောက်စရာ ကွက်လပ်တွေက အများကြီး ရှိသေးတယ်။ ဟုတ်ပြီ...ဟုတ်ပြီ။ ကျောင်းရဲ့အနောက်ဘက်တည့်တည့်မှာ ဓမ္မစကူးလ်ကျောင်းကလေးဆောက်မယ်။ နှစ်ထပ်ဆောက်မယ်။ ကျယ်ကျယ်လေးဆောက်မယ်။ အာစီချမယ်။ အပေါ်ထပ်မှာ ကလေးငယ်တွေကို ဘာသာရေးသင်္ခန်းစာတွေ သင်မယ်။ ဘုရားရှိခိုးမယ်။ တရားထိုင်ကြမယ်။ ကဗျာတွေ ရွတ်ကြမယ်။ ဓမ္မတေးလေးတွေနဲ့ ကလေးတွေကို ဘာသာရေးဘက် ပျော်လာအောင် ဆွဲဆောင်မယ်။ ယောဂီရောင် တူညီဝတ်စုံလေးတွေနဲ့ ကလေးတွေကို မျက်လုံးထဲမှာ မြင်ယောင်လာပြီ။ ကျုပ်ရှေ့မှာ လက်အုပ်ကလေးတွေချီပြီး တီတီတာတာ ကဗျာရွတ်နေကြပြီ။ ပြီးတော့ ကလေးတစ်ယောက်က ကျုပ်ကို လက်အုပ်ချီ ငိုယိုပြီး ပြဿနာတစ်ခုကို လာတိုင်တယ်။ တရားခံကလေးကို ကျုပ်က ခေါ်လိုက်တယ်။ ပြီးတော့ အချင်းချင်း ညှာတာဖို့၊ နိုင်ထက်စီးနင်း မပြုဖို့ ပြောလိုက်တယ်။ ပြီးတော့ သူတို့လေးတွေကို တစ်ယောက်လက်တစ်ယောက်ဆွဲစေပြီး ကဗျာလေးတစ်ပုဒ် ရွတ်ဆိုခိုင်းလိုက်တယ်။ ငိုတဲ့ကလေးမှာ မျက်ရည်တွေ မရှိတော့ဘူး။ ရန်စတဲ့ကလေးကလည်း ပြုံးနေတယ်။ ပြီးတော့ လက်အုပ်သေးသေးလေးတွေနဲ့ ကျုပ်ကို ဦးချပြီး လက်အုပ်ချီလျက် နောက်ဆုတ်သွားတယ်။ ဟိုး...ကျောင်းတိုက်အ၀င်ကို ကြည့်လိုက်တော့ ယောဂီရောင်ဝတ်စုံလေးတွေနဲ့ ကလေးတစ်ယောက်ကို လက်တွဲပြီး ၀င်လာတဲ့ မိခင်တစ်ယောက်ကို တွေ့ရတယ်။ သူ့ကလေးကို ကျုပ်ဖွင့်တဲ့ဓမ္မစကူးလ်ကျောင်းကို လာပို့တာဗျ။ လိမ္မာစေချင်လို့၊ ယဉ်ကျေးစေချင်လို့၊ အမျိုး ဘာသာ သာသနာကို ချစ်တတ်စေချင်လို့။ ဟုတ်ပြီ ဟုတ်ပြီ လာကြလာကြ။ ကျုပ် အားလုံးကို လက်ခံမယ်။ အစားအသောက် အနေအထိုင် ပြည့်စုံအောင် ကျုပ်လုပ်မယ်။ မရရအောင် ကြိုးစားမယ်။ ဖြစ်ရမယ်။ ဟော...တနင်္ဂနွေဓမ္မစကူးလ်ခေါင်းလောင်းသံနဲ့အတူ ကျောင်းဆင်းချိန်တောင် ရောက် ပြီ။ ကဲ..ကဲ သားတို့သမီးတို့ စာအုပ်တွ သိမ်းမယ်။ ၀တ်စုံကို ညီညီညာညာ ဖြစ်အောင် ပြင်မယ်။ လက်အုပ်ချီမယ်၊ နှုတ်ဆက်မယ်။ ပြီးရင် တန်းစီ လက်အုပ်ချီပြီး ဖြည်းဖြည်းလေး ဆင်းမယ်။ ကျောင်းဝင်းအထွက်ထိ လက်အုပ်ချီထားမယ်၊ နောက်တစ်ပတ် Sunday မှာလည်း လာရမယ်နော်။ ။။။။။။။။။။။။။။။။။။။။။။။။။ အမလေး....ဗျာ။ စိတ်ကူးယဉ်နေတာပါဗျ။ မနေ့က ဓမ္မစကူးလ်သင်တန်းတက်ဖို့ ဆိုပြီး ဒဂုံမြို့နယ်က မြိတ်ကျားကျောင်းကို ရောက်တယ်။ အဲဒီက ရလာတဲ့ ပန်းဖလက်နဲ့ ဓမ္မစကူးလ် တေးကဗျာများနှင့် ဖောင်ဒေးရှင်းမိတ်ဆက်ဆိုတဲ့ ဒီဗီဒီအခွေကို ထပ်ခါထပ်ခါ နားထောင်ကြည့်ရှုပြီး စိတ်ကူးနဲ့ ရူးသွပ်နေတာပါဗျ။ ကျုပ်က ဆရာဖြစ်သင်တန်းတောင် မတက်ရသေးဘူး။ ဆောက်လုပ်မယ် ဓမ္မစကူးလ်ကျောင်းဆောင်ဆိုတာလည်း ဘယ်နားနေမှန်း မသိသေးဘူး။ စိတ်ကူးယဉ်လို့တော့ အကောင်းသားဗျ။ သြော်...ဒါနဲ့ ပြောရဦးမယ်ဗျ။ ဓမ္မစကူး ခေတ်စားလာရင် ကျုပ်တို့တိုင်းပြည် အများကြီး ကောင်းလာမှဗျ။ ကျုပ်ယုံကြည့်တယ်၊ မျှော်လည်း မျှော်တယ်။ အဲဒါက ရေရှည်လုပ်ငန်းဗျ။ သမ္မတလေးတွေ၊ လွှတ်တော်ကိုယ်စားလှယ်လေးတွေ၊ အုပ်ချုပ်ရေးမှူးလောင်းလေးတွေ ဓမ္မစကူးလ်မှာ ရှိမယ်ဗျ။ ဘာလိုလိုနဲ့ ''နိုင်ငံတော်ဘာသာနေ့'' ဆိုတဲ့ နေ့တစ်နေ့ကို ရောက်တော့မယ်ဗျ။ ပျော်စရာကြီးနော်။ အင်း ......အဲဒီနေ့ရောက်ရင် ငါ ဘာလုပ်မလဲ၊ ဟုတ်ပြီ...။ ကျောင်းမှာ သာသနာ့အလံတွေ အများကြီး ရှိတယ်။ ကျောင်းရှေ့မှာရော ကျောင်းတွင်းမှာပါ လွင့်နေအောင် ထောင်မယ်။ အလံထောင်မယ့် ၀ါးလုံးလေးတွေကို ထုံးဖွေးဖွေးလေးသုတ်မယ်။ ဟုတ်ပြီ.....။ ထုံးအိတ်လည်း နှစ်အိတ်ရှိသေးတယ်။ အလံထောင်တာကိုတော့ (၂၅၊ ၈၊ ၂၀၁၃) မနက်ပိုင်းကတည်းက စတင်မယ်။ မနက်(၄)နာရီလောက်ကတည်းက တရားတစ်ပုဒ်ဖွင့်မယ်။ ပြီးတော့ ဓမ္မစကူးလ်က ထုတ်ဝေတဲ့(ကလေးလေးတွေဆိုထားတဲ့) ငြိမ့်ငြိမ့်ညောင်းညောင်း တေးသံလေးတွေ ဖွင့်မယ်။ ဒီထက် အဆင်ပြေသေးရင်တော့ ဒကာ,ဒကာမပရိသတ်တွေ ဖိတ်ဦးမယ်။ စားကြ သောက်ကြ၊ တရားနာကြ၊ သြ၀ါဒခံယူကြ။ ဆွေးနွေးကြ ပြောဆိုကြ။ ဟုတ်ပြီ...။ မနက်ပိုင်းနဲ့ ညပိုင်းမှာ ကျောင်းမှာရှိတဲ့ ဦးပဉ္ဇင်းရော ကိုရင်ရော အားလုံး ပဌာန်းရွတ်မယ်။ အဲဒီနေ့ တစ်နေ့လုံး ကုသိုလ်ဖြစ်အောင် နေမယ်။ ဘုရားပန်းတွေကို ဝေနေအောင် တင်ပြီး ဘုရားရှိခိုးမယ်။ ပြီးတော့ ဗုဒ္ဓ၀င်ကဗျာတွေလည်း ရွတ်ကြမယ်။ အမလေး...အမလေး ကောင်းလိုက်တာ။ ဒီထက် တိုးချဲ့နိုင်ရင်တော့ ၀ိုင်အမ်ဘီအေ(အသင်းခွဲ ၂၁)ရဲ့ ဥက္ကဌလည်း ဖြစ်၊ ကျုပ်ရဲ့ ကျောင်းဒကာလည်း ဖြစ်တဲ့ ဒကာကြီး ဦးစိန်အောင်ဆီ အကြောင်းကြားပြီး ကျုပ်တို့ ဖွဲ့ပေးထားတဲ့ ယဉ်ကျေးမှုသင်တန်းက တပည့်လေးများဖြစ်ကြတဲ့ ''မျိုးစောင့်ကုမ္မာရီအဖွဲ့''ကို ခေါ်မယ်။ ပြီးတော့ ကျောင်းမှာ ဗုဒ္ဓစာပေတွေ၊ ကဗျာတွေ၊ ပရိတ်၊ ပဌာန်းတွေ ရွတ်ကြမယ်။ အင်း ....ရပ်ကွက်ထဲကိုလည်း တတ်အားသလောက် အကြောင်းကြားပေးဦးမှပဲ။ မသိလို့သာ မလုပ်ချင်ကြတာ၊ သူတို့လည်း ဒီလို ကောင်းမွန်မြင့်မြတ်တဲ့အလုပ်တွေကို လုပ်ချင်ကြမှာပဲနော်။ ဟုတ်ပြီ....ဟုတ်ပြီ။ ဦးအဂ္ဂ၀ံသနဲ့ တိုင်ပင်ထားဦးမှပဲ။ ကျောင်းဒကာကြီးဆီကိုလည်း ဖုန်းဆက်မယ်။ ပြီးတော့ သိမ်ဒကာ ဦးမြင့်ဦးနဲ့ ''ပုတ္တ၀ိသုဒ္ဓိ''ကျောင်းဒကာမ ဒေါ်စွမ်းမီ ဆိုတဲ့ တရုတ်မကြီးဆီလည်း အကြောင်း ကြားထားမယ်။ ဟိုက်.....တစ်ခု မေ့ကျန်တော့မလို့ တော်သေးတယ်။ ဟိုဒင်း .... ဗီနိုင်း ဗီနိုင်း။ ''နိုင်ငံတော်ဘာသာနေ့မှသည် နောင်နှစ်ပေါင်းထောင်နှင့် ချီကာ မြန်မာပြည် အေးချမ်းပါစေသတည်း'' ဆိုတဲ့ ဗီးနိုင်းကြီးထုတ်ပြီး ကျောင်းရှေ့မျက်နှာစာမှာ ထောင်ရဦးမယ်ဗျ။ ။ ကံ့ကော်ပင်ကျောင်းဆရာတော်(ညောင်အိုင်သား) ၁၃၇၅ ခုနှစ်၊ ၀ါဆိုလပြည့်ကျော်(၄)ရက်၊ (၂၆၊ ၇၊ ၂၀၁၃)သောကြာနေ့

ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း

ဓမ္မစကူးလ်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံအနှံ့အပြားတွင် တနင်္ဂနွေနေ့တိုင်း စနစ်တကျ သင်ကြားပေးနိုင်မည့် ဓမ္မစကူးလ်ကျောင်းတော်များ ပေါ်ပေါက်လာရေးအတွက် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းများကို စဉ်ဆက်မပြတ် ကျင်းပလျက် ရှိပါသည်။ ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် ဓမ္မစကူးလ်ဖောင်ဒေးရှင်းသို့ ကြိုတင်စာရင်းပေးသွင်းထားနိုင်ပါသည်။ စာရင်းပေးလိုသောသူသည် ၁။ ပြန်လည်သင်ကြားမည့် နေရာ (ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ ဓမ္မာရုံ) ရှိရမည်။ ၂။ ပထမတန်း (Grade 1)၊ ဒုတိယတန်း (Grade 2)၊ တတိယတန်း (Grade 3)တို့ကို အတူတကွ သင်ကြားပေးနိုင်မည့် အသက် ၂၀ မှ ၆၀ အတွင်း ၁၀ တန်းအောင်မြင်ပြီးသူ ဆရာ ဆရာမ (ဘုန်းကြီး၊ သီလရှင်၊ လူပုဂ္ဂိုလ်) သုံးဦး ရှိရမည်။ ၃။ ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းပြီးဆုံးပါက မိမိစာရင်းပေးသွင်းထားသော ဌာန၌ လမ်းညွှန်ချက်များနှင့်အညီ တနင်္ဂနွေနေ့တိုင်း ပြန်လည်သင်ကြားပေးရမည်။ အထက်ပါ သုံးချက်နှင့်သုံးချက်ပါ စည်းကမ်းများနှင့် ပြည့်စုံသူသည် ဓမ္မစကူးလ်ဖောင်ဒေးရှင်းမှ စီစဉ်ထုတ်ဝေသော သင်ရိုးညွှန်းတမ်းစာအုပ်များ (ကျောင်းသားကိုင်စာအုပ်၊ ဆရာကိုင်စာအုပ်)၊ သင်ထောက်ကူပစ္စည်းများကို လှူဒါန်းထောက်ပံ့ပေးပါမည်။ သင်တန်းကာလမှာ ၇ ရက်ကြာမြင့်ပါမည်။ နေစရိတ်၊ စားစရိတ်၊ ခရီးစရိတ်အားလုံး တာဝန်ယူပါသည်။ စိတ်ပါဝင်စားပြီး အတူတကွ လက်တွဲသာသနာပြုလိုသူများအနေဖြင့် ၀၉ ၄၅၀၀၅ ၇၆၀၉၊ ၀၉ ၄၉ ၂၃၄ ၆၂၉၊ ၀၉ ၄၂၀ ၇၂၄ ၀၉၀ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းပြီး စာရင်းပေးသွင်းနိုင်ကြပါသည်။ ဓမ္မစကူးလ် ဖောင်ဒေးရှင်း (Dhamma School Foundation) မြိတ်ကျားကျောင်း၊ အိမ်တော်ရာဘုရားဝင်း၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း : ၀၉ ၄၉၂၃ ၄၆၂၉၊ ၀၉ ၄၅၀၀၅ ၇၆၀၉၊ ၀၉ ၄၂၀ ၇၂၄ ၀၉၀၊ ၀၁ ၃၈၅ ၁၉၃၊ ၀၁ ၃၉၅ ၁၈၀ Email : dhammaschoolfoundation@gmail.com Web : http://www.dhammaschoolfoundation.com/ Facebook : https://www.facebook.com/DhammaSchoolFoundation.mm

ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း တာဝန်ခံများလိုက်နာဆောင်ရွက်ရမည့်အချက်များ

၁။ ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းသားများအတွက် ဖောင်ဒေးရှင်းမှ ချမှတ်ထားသော သတ်မှတ်ချက် များ၊ စည်းကမ်းများနဲ့အညီ သင်တန်းသားများကို ကြိုတင်ရွေးချယ်၍ သင်တန်းအဆိုပြုလွှာတွင် ဖြည့်စွက်ရမည်။ ၂။ တက်ရောက်မည့်သင်တန်းသားစာရင်းကို အပြီးသတ်ရွေးချယ်၍ ဆရာဖြစ်သင်တန်းအဆိုပြုလွှာ တွင် ဖြည့်စွက်ပြီး သင်တန်းမတိုင်မီ (၁ဝ) ရက်အလိုတွင် ဖောင်ဒေးရှင်းသို့ ပေးပို့ရမည်။ ၃။ သင်တန်းသားဦးရေကို အနည်းဆုံး (၃၅) ဦးမှ အများဆုံး( ၆၀)ဦးအထိ သတ်မှတ်ထားသည်။ သင်တန်းအဆိုပြုလွှာတွင် ဖော်ပြထားသော သင်တန်းသားဦးရေကို အပြောင်းအလဲပြုလုပ်၍ မရပါ။ တက်ရောက်မည့်သူ အမည်အပြောင်းအလဲရှိပါက နည်းပြအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်နိုင်ပါသည်။ ၄။ ဖြည့်စွက်ထားသော သင်တန်းသားလျှောက်လွှာများကို ဖောင်ဒေးရှင်းသင်တန်းနည်းပြများအား ပေးအပ်ရမည်။ ၅။ ဆရာဖြစ်သင်တန်းတွင်လိုအပ်သော စာရွက်စာတမ်းများ၊ ကျောင်းသားကိုင်စာအုပ်များ၊ဆရာလမ်းညွှန်စာအုပ်များနှင့် သင်တန်းသုံးပစ္စည်းများကို သင်တန်းမတိုင်မီဖောင်ဒေးရှင်းမှထုတ်ယူရမည်။၎င်းပစ္စည်းများကို သေချာစွာစိစစ်ထုတ်ယူပြီး သင်တန်းအတွက်ကြိုတင်စီစဉ်ထားရမည်။ ၆။ ဆရာဖြစ်သင်တန်းတွင် အသုံးပြုရန် ဖောင်ဒေးရှင်းမှ ထုတ်ယူသွားသော ကျောင်းသားကိုင်စာအုပ်များနှင့် ဆရာလမ်းညွှန်စာအုပ်များကို သင်တန်းပြီးဆုံးလျှင် ဖောင်ဒေးရှင်းသို့ မပျက်စီးအောင် သေချာစွာထုပ်ပိုး၍ ပြန်လည်ပို့ဆောင်ပေးရမည်။ (မိုးရာသီတွင် ပလတ်စတစ်ဖြင့် ထုပ်ပိုးပေးရန်နှင့် ပို့ဆောင်ခ (တန်ဆာခ) များကို တစ်ပါတည်း ပေးချေရပါမည်။) ၇။ ဆရာဖြစ်သင်တန်းသို့ လာရောက်ပို့ချမည့် သင်တန်းနည်းပြများ၏ နေရေး၊ စားရေးနှင့် ခရီးစရိတ် (အသွား/အပြန်) တို့ကို တာဝန်ယူရမည်။ ၈။ ဆရာဖြစ်သင်တန်းဆင်း ဓမ္မစကူးလ်ကျောင်းများ၏ လိုအပ်သော ဆရာလမ်းညွှန်စာအုပ်များ၊ ကျောင်းသားကိုင်စာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများကို သင်တန်းတာဝန်ခံမှ တာဝန်ယူ၍ စီစဉ်ပေးရမည်။ ၉။ သင်တန်းတာဝန်ခံသည် သင်တန်းပြီးဆုံးလျှင် ကျောင်းများဖွင့်လှစ်နိုင်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် သင်တန်းဆင်းဆရာ/ ဆရာမများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ပေးရပါမည်။ ဓမ္မစကူးလ် ဖောင်ဒေးရှင်း (Dhamma School Foundation) https://www.facebook.com/DhammaSchoolFoundation.mm

နှစ်ပတ်တစ်ကြိမ် ဓမ္မစကူးဆရာများ အစည်းအဝေးသို့ ခေတ္တခရိုင်ရဲဌာနမှူး တက်ရောက် အသိဖလှယ်

စက်တင်ဘာ ၂၁ ကလေး ကလေးမြို့နယ်လုံးဆိုင်ရာ ဓမ္မကူးလ် သင်ကြားရေး ဆရာများ နှစ်ပတ်တစ်ကြိမ် အစည်းအဝေးနှင့် စွမ်းရည်မြှင့်တင်ရေး အစီအစဉ်သို့ ကလေးခရိုင် ခေတ္တရဲတပ်ဖွဲ့မှူး ဦးစိုးမြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆရာ ဆရာမများ အစည်း အဝေးနှင့် စွမ်းရည်မြှင့် အစီအစဉ် ပြုလုပ်ရခြင်းနှင့် ပတ်ကသ်၍ ဓမ္မစကူးလ် သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးမှ " ဆရာ ဆရာမတွေ အနေနဲ့ ဒီအပတ် ကလေး ရဲဌာနက ရဲမှူးကို ဖိတ်ကြား အသိဖလှယ်ရတာကတော့ ဆရာမတွေ မှု့ခင်းဆိုင်ရာ ဖြစ်စဉ်တွေ နားလည်စေချင်တယ်။ နောက်ပြီး နားလည်ပြီး ကလေး ရာဇဝတ်မှု့တွေကနေလည်း ကြိုတင်ကာကွယ် နိုင်မှာဖြစ်ပါတယ် " လို့ ပြောကြားခဲ့သည်။ ဓမ္မစကူလ် သင်တန်း ဆရာများ နှစ်ပတ်တစ်ကြိမ်အစည်း တွင် ရဲမှူးဦးစိုးမြင့်မှ သင်တန်း မှုခင်းကျဆင်းရေး အသိပညာ ဗဟုသုတများနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ကာကွယ်တားဆီးရေး ကိစ္စရပ်များအား မျှဝေကာ အသိဖလှယ် ဆွေးနွေးခဲ့ပြီး အစည်းအဝေးနှင့် စွမ်းရည် မြင့် အစီအစဉ်သို့ တက်ရောက် ဆရာ/ဆရာမပေါင်း ၅၀ ဦး ကျော်ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။ ချစ်သူမောင်

Wednesday, September 17, 2014

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော ( 11 )ကြိမ်မြောက် ဓမ္မစကူးလ် ဆရာဖြစ် ဆင့်ပွားသင်တန်းကြီး တက်ရောက်ကြမည့် ဆရာ/ ဆရာများစာရင်း

စဉ် အမည် ပညာအရည်အချင်း ကိုယ်စားပြုဌာန ဆက်သွယ်ရန် ၁ ဦးငွေလှိုင် BA, B.Ed (Myan) မင်္ဂလာဥယျာဉ်ကျောင်းတိုက် မင်္ဂလာဥယျာဉ်ရပ်၊ ကလေးမြို့ 09400476779 ၂ ဦးအောင်ဆန်းဝင်း BA (Geo) ။ 06256382105 ၃ ဒေါ်ဌေးဌေးကြွယ် BA (Geo) ။ 09400478099 ၄ ဒေါ်သီတာ BA (Geo) ။ 09400534322 ၅ ဒေါ်ခင်ခင်ဝေ BA (Myan) ။ 073 22551 ၆ ဒေါ်မိုးကလျာ BA (Eco) ကြောင်ပန်းကျောင်း ချမ်းမြေ့အောင်စည်ရပ်၊ ကလေးမြို့ 09256525357 ၇ ဒေါ်ဝိလာသီ ပထမကြီးတန်း ။ 09256423810 ၈ ဒေါ်ချိုချိုထွေး ၁၀-တန်းအောင် ရွှေကျောင်းတော်သာသနာ့ရိပ်သာ အောင်သစ္စာရပ်၊ ကလေးမြို့ 09259146779 ၉ ဒေါ်ဇင်ဝေဖြူ BSc (Maths) ။ 09256029729 ၁၀ ဒေါ်ခင်ကြူ BA, BE.d အထက (၃) ပင်လုံရပ်၊ ကလေးမြို့ 0933665094 ၁၁ ဒေါ်ခင်မိုးအေး BA (Geo) ။ 0933543548 ၁၂ ဒေါ်ခင်မော်မော်ဌေး BA (Geo) အထက (ခွဲ) အလက (၂) အောင်သစ္စာရပ်၊ ကလေးမြို့ 09400545431 ၁၃ ဒေါ်ခင်နှင်းမူ BA (Geo) ။ 09400534060 ၁၄ ဒေါ်သီရိအောင် ၁၀-တန်း အောင်ရတနာကျောင်းတိုက် စမ်းမြို့ရပ်၊ ကလေးမြို့ 0940051606 ၁၅ ဒေါ်ဇင်မျိုးဌေး ပထမနှစ်(မြန်မာ) ။ 0931456592 ၁၆ ဦးသက်ထူးဝေ ဒုတိယနှစ် (သင်္ချာ) မြို့ဦးစံ(ဘက)ကျောင်း ချမ်းမြေ့အောင်စည်ရပ်၊ ကလေးမြို့ 09400424227 ၁၇ ဒေါ်တင်တင်ဌေး B.sc (Zool) ။ 09400534124 ၁၈ ဒေါ်ခင်မိုးထွေး B.sc (Maths) မဟာသန္တိသုခကျောင်း ကျောင်းတိုက်စံပြရွာ၊ ကလေးမြို့နယ် 09400308033 ၁၉ ဒေါ်နန္ဒီလင်း B.Eco ။ 096472409 ၂၀ ဒေါ်အေးအေးကြွယ် BA (Myan) ကံကြီးကျောင်း ကံကြီးရွာ၊ ကလေးမြို့နယ် 0933665194 ၂၁ ဒေါ်ဇင်မာထွန်း B.Sc (Phys) ။ 0933568762 ၂၂ ဒေါ်စန်းစန်းဦး B.Sc (Chem) သီရိရတနာကျောင်း နန်းစောင်းပုရွာ၊ ကလေးမြို့နယ် 0933236184 ၂၃ ဒေါ်စောနွယ် BA (Myan) ။ 09400534460 ၂၄ ဒေါ်တင်ဇာဦး ၁၀-တန်း ။ ၂၅ ဒေါ်နှင်းနှင်းခိုင် B.Sc (Zool) မဏိဇောတကျောင်း နန်းဗဟိုရ်ရွာ၊ ကလေးမြို့နယ် 0933667321 ၂၆ ဒေါ်နှင်းနုနုနိုင် ပထမနှစ်(သင်္ချာ) ။ 0933380199 ၂၇ ဦးမျိုးသန့်ဇင် B.Sc (Phys) မင်းကျောင်း ရာဇဂြိုဟ်စံပြရွာ၊ ကလေးမြို့နယ် 09444014796 ၂၈ ဦးကုမာရ ပထမကြီး ။ 09256300475 ၂၉ ဒေါ်စုစုအေး BA (Hist) သာသနာ့ရောင်ခြည်ကျောင်း ရာဇဂြိုဟ်စံပြရွာ၊ ကလေးမြို့နယ် 0933662159 ၃၀ ဒေါ်စုလှိုင်နှင်း BA (Eng) ။ 09255769972 ၃၁ ဒေါ်မျိုးမျိုးလွင် ၁၀-တန်းအောင် ရန်မျိုးအောင်ထေရ၀ါဒသာသနာပြု ရန်မျိုးအောင်ရွာ၊ ကလေးမြို့နယ် 0933350877 ၃၂ ဒေါ်ပြည့်ပြည့်ထွန်း ၁၀-တန်းအောင် ။ 0933350877 ၃၃ ဒေါ်မြင့်မြင့်ထွေး B.Sc (Zool) ထောက်ကြန့်ကျောင်း ထောက်ကြန့်ရွာ၊ ကလေးမြို့နယ် 09400526043 ၃၄ ဒေါ်သူဇာဝင်း B.Sc (Maths) ။ ၃၅ ဒေါ်အိအိဖြိုး BA (Myan) ။ ၃၆ ဒေါ်ခိုင်ခိုင်လင်း B.Sc (Zool) ကောသလ္လာရာမကျောင်း ထိုမာရွာ၊ ကလေးမြို့နယ် 09400526043 ၃၇ ဒေါ်ယုယုမွန် B.Sc (Chem) ။ ၃၈ ဒေါ်ဇင်မာငြိမ်း B.Sc (Chem) ။ ၃၉ ဒေါ်မိုးမိုးဆွေ B.Sc (Maths) ။ ၄၀ ဒေါ်ချိုနွယ်ထွေး B.Sc (Maths) အထက (ခွဲ) သာစည်၊ သာစည်စံပြကျေးရွာ၊ ကလေးမြို့နယ် 09420023081 ၄၁ ဒေါ်ငွေစန္ဒာကြူ BA (Geo;) ။ 09400541737 ၄၂ ဒေါ်အိသန္တာလှိုင် B.Sc (Chem) ။ 09256179023 ၄၃ ဒေါ်ခင်ငြိမ်းအေး BA (Eng) ။ 09400411123 ၄၄ ဒေါ်ဌေးဌေးယု B.Sc (Chem) ဓမ္မရံသီကျောင်း တောင်စည်းရွာ၊ ကလေးမြို့နယ် 0933380825 ၄၅ ဒေါ်မီမီထွေး ၁၀-တန်း ။ 09251024689 ၄၆ ဒေါ်မေဇင်ဝင်း ၁၀-တန်း ။ 09256157288 ၄၇ ဒေါ်ချောစုထွေး B.Sc (Maths) သဒ္ဓမ္မဇောတိကာရုံကျောင်း ခုံတိုးမြို့သာရွာ၊ ကလေးမြို့နယ် 09256069303 0933307931 ၄၈ ဒေါ်နီနီထွေး ဒုတိယနှစ်(ဓာတုဗေဒ) ။ ၄၉ ဒေါ်သီတာဦး BA (Myan) သာသနာ့ဗိမာန်ကျောင်း ဒိုးနွယ်ရွာ၊ ကလေးမြို့နယ် 0933543223 ၅၀ ဒေါ်သူဇာငြိမ်း B.Sc (Zool) ။ 0933537680 ၅၁ ဒေါ်ခင်မာလွင် B.Sc (Geo) ။ 09256190557 ၅၂ ဒေါ်ကြည်ကြည်မိုး ၁၀-တန်း ။ ၅၃ ဒေါ်မေစိုးနိုင် စီးပွားရေး (ပထမနှစ်) သာသနာ့ဝေပုလ္လကျောင်း တင်သားရွာ၊ ကလေးမြို့နယ် ၅၄ ဒေါ်အေးသူငြိမ်း ၁၀-တန်း သာသနာ့ဝေပုလ္လကျောင်း တင်သားရွာ၊ ကလေးမြို့နယ် ၅၅ ဒေါ်လေးမြင့်နွယ် BA (Myan) ဇယမေဒနီကျောင်း အရှေ့စည်းရွာ၊ ကလေးမြို့နယ် 09256445174 ၅၆ ဦးပြည့်ဖြိုးလှိုင် BA (Myan) ။ 09256202716 ၅၇ ဒေါ်အိသက်သက်လင်း ၁၀-တန်း မြနန္ဒာသီရိကျောင်း ဥယျာဉ်ရွာ၊ ကလေးမြို့နယ် C/o 0933380920 ၅၈ ဒေါ်ချိုလဲ့လဲ့ဦး ၁၀-တန်း ။ ၅၉ ဒေါ်ဇင်မာဝေ B.Sc (Ghem) မဟာဗောဓိကျောင်း အင်ဒိုင်းလေးရွာ၊ ကလေးမြို့နယ် ၆၀ ဒေါ်မြမြ ၁၀-တန်း ဓမ္မရောင်ခြည်ကျောင်း စံပြရွာ၊ ကလေးမြို့နယ် 09420763296

Thursday, September 11, 2014

ကလေးမြို့တွင် ဓမ္မစကူးကျောင်းသားကျောင်းသူများ ရွှေရိုး ဒေါ်မိုးအကပြိုင်ပွဲကျင်းပ

စက်တင်ဘာ(၈) ကလေးမြို့။ စက်တင်ဘာ (၈) ရက်နေ့က ကလေးမြို့ မြို့ဦးစံ ဘုန်တော်ကြီးသင် ပညာရေးကျောင်းတွင် ၂၀၁၃-၁၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ဓမ္မစကူးလ် ကျောင်းသူ ကျောင်းသားလေးများ ဦးရွှေရိုး ဒေါ်မိုးအက စွမ်းရည်ပြိုင်ပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ အက စွမ်းရည်ပြိုင်ပွဲ ကျင်းပခြင်းနှင့် ပတ်သက်၍ မြို့ဦးစံ ဆရာတော် ဦးဓမ္မာနန္ဒမှ “အခုလို ဘုန်းကြီးတို့နဲ့ အက အတီးအမှုတ်တွေက မပတ်သက်ပေမယ့် ကလေးတွေကို မြန်မာ့ယဉ်ကျေးမှု အခြေခံရစေချင်တာရယ် နောက်ပြီး လူထဲ သူထဲမှာ ကိုယ့်ကိုယ်ကို ရဲရဲဝံ့ဝံ့ ပြောရဲ ဆိုရဲ ၀င်ရဲထွက်ရဲတတ်လာစေဖို့ရယ် ကို ရည်ရွယ်ပြီး လုပ်ပေးရတာပါလို့” မိန့်ကြားခဲ့သည်။ ကလေးများစွမ်းရည်ပြပွဲအနေဖြင့် ဦးရွှေရိုး ဒေါ်မိုးအကပြိုင်ပွဲအား ဓမ္မစကူးလ်ကလေးများအတွက် ကျင်းပပေးခြင်းသည် ယခုအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်နှစ်များမှာလည်း ဆက်လက် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲအတွက် ဓမ္မစကူးလ် ကျောင်းသူ ကျောင်းသား ကလေးငယ် အတွဲပေါင်း (၇) တွဲ ပါဝင်ရှင်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ပထမဆု ပဉ္စမတန်းကျောင်းသားဖြစ်သည့် မောင်မင်းသော်ခန့်နှင့် စတုတ္ထတန်းကျောင်းသူ မသက်နှင်းယုအောင်၊ ဒုတိယဆု ပဉ္စမတန်းကျောင်းသား မောင်သိန်းတန်နှင့် ပဉ္စမတန်းကျောင်းသူ မနှင်းအိဖြူ၊ တတိယဆုအား တတိယတန်းကျောင်းသားကျောင်းသူများဖြစ်သည့် မောင်တိုးတက်နိုင်နှင့် မချစ်လွန်းပုံတို့မှ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ သူရ(ကလေး) ဓမ္မစကူးလ် သတင်းနှင့် ပြန်ကြားရေး

ကလေးမြို့တွင် လူမျိုးရေးပဋိပက္ခ ဖြစ်လာနိုင်မှု အခြေအနေအား အချိန်မီ ထိန်းချုပ်နိုင်ခဲ့

စက်တင်ဘာ(၁၁)၊ကလေး။ ရဲဝန်ထမ်းများ အချိန်မီ ထိန်းသိမ်း အရေးယူနိုင်မှုကြောင့် ကလေးမြို့တွင် လူမျိုးရေး ပဋိပက္ခဖြစ်လာနိုင်ဖွယ်ရှိသည့် ပြဿနာတစ်ရပ် ငြိမ်သက်သွားခဲ့ခြင်းဖြစ်ကြောင်း ကလေးမြို့မ ရဲစခန်းမှူး ဦးစိုးမြင့်မှ ပြောသည်။ လက်ရှိ နိုင်ငံတွင်း မြန်မာ မွစ္စလင်အရေးအတွက် ပဋိပက္ခဖြစ်ပေါ်မှု များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ကလေးမြို့တွင်လည်း စက်တင်ဘာ (၁၁) ရက် ည (၇း၃၀) အချိန်ခန့်က လူမျိုးရေး ပဋိပက္ခဖြစ်ပေါ်လာစေနိုင်သော အခြေအနေတစ်ရပ် ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဗမာလူမျိုး မောင်းနှင်လာသော ဆိုင်ကယ်အား အနောက်ဘက်မှ ဗမာ မွတ်စလင် မောင်းနှင် စီးနင်းလာသည့် ဂျစ်ကားဖြင့် တမင်သေစေရန် ရည်ရွယ်ချက်ဖြင့် အသက်အန္တရာယ် စိုးရိမ်ရလောက်အောင် သုံးလေးကြိမ်ခန့် လိုက်တိုက်ခဲ့ကြောင်း ဂျစ်ကားယာဉ်မောင်းမှ ကားပြတတင်းပေါက်မှ ထွက်ကာ ရိုင်းစိုင်းစွာ ပြောဆိုဆဲရေးကြောင်း လက်ချောင်းထောင်ကာ ရိုင်းစိုင်းသည့် အမူအရာလုပ်ပြခဲ့ကြောင်း ဆိုင်ကယ်ရှေ့မှ ကားကို ပိတ်ရပ်ကာ ကားပေါ်မှ ဆင်းလာကာ ဆိုင်ကယ်မောင်းသူ ဇနီးမောင်နှံအား ရိုက်နက်ရန်အထိကြိုးစားခဲ့ကြောင်း အမျိုးသမီးအားလည်း ညစ်ညမ်းစွာ ပြောဆိုခဲ့ကြောင်း ပတ်ဝန်းကျင်မှ ၀ိုင်းအုံလာခါမှ အခြေအနေ ပြန်တည်ငြိမ်လာကာ ကလေးမြို့ ရဲစခန်းမှ ရဲဝန်ထမ်းများ အချိန်မီရောက်လာကာ တရားခံများအား ညတွင်းချင်း အမှုဖွင့်အရေးယူနိုင်ခဲ့ကြောင်း ရဲစခန်း အမှုမှတ်တမ်းများအရ သိရသည်။ အမှုတွင် တရားခံဖြစ်သူ ဗမာ- မွတ်ဆလင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ကလေးမြို့ ရဲစခန်းမှ (ပ)၄၇၇/၂၀၁၄၊ပြစ်မှု ၃၀၇/၂၉၄/၅၀၆/၃၅၄/၁၁၄တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ကလေးမြို့ဓမ္မစကူးလ် သတင်းနှင့် ပြန်ကြားရေး

Sunday, September 7, 2014

ဓမ္မစကူးလ် ဆရာများ စွမ်းရည်မြှင့် အစီအစဉ် ကျန်းမာရေးဝန်ထမ်းများ တက်ရောက် အသိဖလှယ်

စက်တင်ဘာ (၇) ကလေး။ စက်တင်ဘာ (7) ရက်နေ့က မင်္ဂလာဥယျာဉ်စာသင်တိုက်တွင် ကလေးမြို့ဓမ္မစကူးလ် သင်ကြားရေး ဆရာ ဆရာမများ အသိပညာမြှင့်တင်ရေး အစီအစဉ် အဖြစ် (၂)ပတ် တစ်ကြိမ် အစည်းအဝေးသို့ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများအားဖိတ်ကြားကာ ကျန်းမာရေးအသိပညာပေး ဖလှယ်မှုပြုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်နှင့်ပတ်သက်၍ ဓမ္မစကူးလ် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးမှ ကျွန်တော်တို့ ဒီအစီစဉ်ကို နှစ်ကြိမ် ပြုလုပ်နိုင်ပါပြီ။ အခုတစ်ကြိမ် ကျန်းမာရေး ဌာနကိုဖိတ်ကြားရတာကတော့ ရာသီအကူးအပြောင်းမှာ ကလေးတွေဖြစ်တတ်တဲ့ ရောဂါတွေကို သိစေချင်ပါတယ်။ ဆရာ ဆရာမတွေ သိမှ ကလေးတွေကို ကြိုတင်ကာကွယ်စောင့်ရှောက်နိုင်မှာပါ လို့ ပြောသည်။ ဓမ္မစကူးလ်ဆရာ ဆရာမများ အတွက် ဖော်ဆောင်နေသော ကလေးဗဟိုပြုစနစ် ပီပြင်လာစေရေး ဆရာ ဆရာမများ စွမ်းရည်မြှင့်အစီအစဉ် နှင့် အစည်းအဝေးသို့ ဆရာ ဆရာပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ပြီး ကလေးမြို့ ဆေးရုံကြီးမှ ဒေါက်တာ မြင့်မိုရ်ကျော် ။ မြို့နယ်သူနာပြုအဆင့် (1) ဒေါ်တိုးတိုးဆွေ တို့မှ ကျန်းမာရေးအသိပညာပေး ဟောပြော အသိဖလှယ် ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။ ချစ်သူမောင်

Thursday, September 4, 2014

၁၂ကြိမ်မြောက် ဓမ္မစကူးလ်ဆရာဖြစ် ဆင့်ပွားသင်တန်းကြီး ဖွင့်လှစ်နိုင်ရေး အစည်းအဝေးကျင်းပ

စက်တင်ဘာ(၅)၊ကလေး။ ၁၂ကြိမ်မြောက် ဓမ္မစကူးလ်ဆရာဖြစ် ဆင့်ပွားသင်တန်း ဖွင့်လှစ်နိုင်ရေး အစည်းအဝေးအား စက်တင်ဘာ (၄) ရက်နေ့က ကလေးမြို့ နေသာစာကြည့်တိုက်တွင် မဘသ အဖွဲ့ဝင်များ စည်းဝေးခဲ့ကြောင်း သိရသည်။ ယခု နှစ် စက်တင်ဘာလအတွင်း ကျင်းပမည့် သင်တန်းကြီးအား စက်တင်ဘာ (၂၄) ရက်မှ (၃၀) ရက်နေ့အထိ ကလေးမြို့ မင်္ဂလာဥယျာဉ် စာသင်တိုက်တွင် သင်တန်းပို့ချပေးမည်ဖြစ်ပြီး သင်တန်းသို့ တက်ရောက်မည့် သင်တန်းသားများအား ကလေးမြို့ မဘသ အဖွဲ့မှ ကိုယ်တိုင် လက်ရှိဓမ္မစကူးလ်ဌာနများ၏ ဆရာ ဆရာမ လိုအပ်ချက်များကို လေ့လာကာ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဆရာတော် ဦးနိသာကရာဘိဝံသထံမှ သိရသည်။ အဆိုပါ အစည်းအဝေးတွင် ယခင် သင်တန်း တစ်ကြိမ်လျှင် ဆရာ ဆရာမ (၃၆) ဦးတက်ရောက် သင်ကြားပေးခဲ့ခြင်း (၁၁) ကြိမ်ရှိခဲ့ကာ ယခု စက်တင်ဘာလတွင် ဓမ္မစကူးလ် ဆရာဖြစ် ဆင့်ပွားသင်တန်း သင်တန်းသား (၆၀) တက်ရောက်နိုင်သည့် သင်တန်းကြီးအား ပထမဆုံး အကြိမ်အဖြစ် ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရကာ သင်တန်းတက်ခွင့်ရသော ဆရာ ဆရာမများ၏ သင်တန်းလျှောက်လွှာများအား ကလေးမြို့ မင်္ဂလာဥယျာဉ် စာသင်တိုက်အတွင်းရှိ ဓမ္မစကူးလ်ရုံးသို့ စက်တင်ဘာလ (၁၀) ရက်နေ့အမီ ပေးပို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ ဓမ္မစကူးလ် သတင်းနှင့် ပြန်ကြားရေးအဖွဲ့(ကလေးမြို့)

ကလေးမြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့ကြီး နှစ်ပတ်လည် အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

သြဂုတ်(၃၀)၊ကလေး။ ကလေးမြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့ကြီး(မဘသ)၏ ဖွဲ့စည်းခြင်း (၂) နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် မဟာဝိသုဒ္ဓါရုံတိုက်သစ် ငွေရတု ဓမ္မဗိမာန်တော်ကြီးတွင် ဘာသာရေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲနှင့် ပတ်သက်၍ မဘသ အတွင်းရေးမှူးဆရာတော် မင်္ဂလာဥယျာဉ် စာသင်တိုက် ဆရာတော်မှ ယခုကဲ့သို့ နှစ်ပတ်လည်မှာ ဟောပြောပွဲ ထည့်သွင်းတာဟာ ကိုယ့်ဒေသမှာရှိတဲ့ ကိုယ့် ဘာသာဝင်တွေကို ဘာသာရေးနဲ့ ပတ်သက်ရင် ဗုဒ္ဓဘုရားဟောတာတွေတင်မကပဲ ကမ္ဘာအရပ်ရပ်မှာ ဘာသာရေးအနေနဲ့ ဘာတွေ ဖြစ်နေလဲ။ ဘာတွေ ဖြစ်ခဲ့လည်း ဘာသာရေး သမိုင်းဟာ ကမ္ဘာမှာ ဘယ်လို ရှိခဲ့လဲ ဆိုတာ ပိုပြီး သိစေချင်လို့ စာရေးဆရာခေါ်ပြီး ကျင်းပခြင်းလည်း ဖြစ်ပါတယ်။ လို့ မိန်ကြားခဲ့သည်။ ကလေးမြို့ မဘသ အဖွဲ့ကြီးအနေဖြင့် မဘသဖွဲ့စည်းနိုင်ခြင်း နှစ်ပတ်လည်သည် မြန်မာတစ်ပြည်လုံးနှင့် နှိုင်းယှဉ်လျှင် တစ်နှစ် ပိုစောနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် (၁) နှစ်ပြည့် နှစ်လည်အခမ်းအနားသာ ကျင်းပနိုင်ခဲ့သော်လည်း ကလေးမြို့အနေဖြင့် မြန်မာနိုင်ငံ အခြားနေရာများထက် စောစီးစွာ ဖွဲ့နိုင်ခဲ့သောကြောင့် (၂) နှစ်ပြည့် နှစ်လည် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။ ကလေးမြို့ မဘသ နှစ် နှစ်ပြည့် နှစ်လည် အခမ်းအနားအထိမ်းအမှတ် ဟောပြောပွဲသို့ မြန်မာစာပေလောကတွင် ထင်ရှားသော စာရေးဆရာ ဆရာမောင်သွေးချွန်နှင့် မဘသ ဗဟို ဥပဒေအကြံပေး ရှေ့နေကြီး ဦးအေးပိုင်တို့ တက်ရောက် ဟောပြောခဲ့ကြောင်း သိရသည်။ ဓမ္မစကူးလ် သတင်းနှင့် ပြန်ကြားရေး (ကလေးမြို့)

Thursday, August 21, 2014

ဂန့်ဂေါမြို့နယ် ကျောဒေသ (၁၉)ရွာတွင် ပထမတန်းမှ ပဉ္စမတန်းအထိ ဓမ္မစကူးလ်ပညာသင်ကြားရေး ကျောင်းများ ဖွင့်လှစ်နိုင်တော့မည်


သြဂုတ်လ(၂၁)၊ဂန့်ဂေါ။

ဂန့်ဂေါမြို့နယ် ကျောဒေသ ကျောရွာတွင် ဓမ္မစကူးလ် ဆရာဖြစ်သင်တန်းအား ပထမအကြိမ်အဖြစ် ဖွင့်လှစ်ပို့ချနိုင်ခဲ့ကြောင်း ဓမ္မစကူးလ် သင်ကြားရေး နည်းပြ ကိုအောင်မြင့်ထွန်းမှ ပြောသည်။

ကျောဒေသတွင် ပထမဆုံးအကြိမ် ဓမ္မစကူးလ် ဆရာဖြစ်သင်တန်းဖွင့်လှစ်နိုင်ခြင်းနှင့် ပတ်သက်၍ နည်းပြကိုအောင်မြင့်ထွန်းမှ “ ကျောဒေသမှာ ဒီသင်တန်းလုပ်လိုက်တာနဲ့ ပထမတန်းကနေ ငါးတန်းအထိ ဓမ္မစကူးလ်ကျောင်းတွေ ဖွင့်လှစ်နိုင်တော့မှာပါ။ ကျောဒေသ သံဃာ့နာယက ဥက္ကဌ ရွာငယ်ဆရာတော်ကြီးရဲ့ စီမံမှုကြောင့် ဖွင့်လှစ်ပို့ချနိုင်ခဲ့တာပါ။ ကျွန်တော့်အနေနဲ့ကတော့ ကလေးဒေသနဲ့လည်း နီးတော့ ဗဟိုဌာနကနေ တာဝန်ပေးချက်အရ သွားရောက် သင်ကြားပေးခဲ့တာပါ။ ကလေးမြို့ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး အတွင်းရေးမှူး ဆရာတော် ဦးနိသာဂရာဘိဝံသ ဆရာတော်နဲ့ အတူ သွားခဲ့တာပါ။ အခုသင်တန်းမှာက ပြီးခဲ့တဲ့ သင်တန်းတွေထက် ထူးခြားတာက လေးတန်း ငါးတန်း သင်ရိုးတွေပါ ထည့်သင်ကြားခဲ့ရတယ်။ အရင် ကလေးမှာ သင်တာကတော့ သုံးတန်းအထိပါ ”လို့ ပြောသည်။

ယခုပို့ချနိုင်ခဲ့သော သင်တန်းမှ ဂန့်ဂေါနယ် ကျောဒေသ (၁၉) ရွာ ဓမ္မစကူးလ်ကျောင်းပေါင်း (၁၉) ကျောင်းအတွက် ဆရာ/ဆရာမပေါင်း (၆၀) ဦးနှင့် အကူအားဖြည့် ဆရာမ (၄၀) ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဓမ္မစကူးသင်ရိုးအနေဖြင့် ၂၀၁၃ တွင် ပထမတန်းမ တတိယတန်းအထိသာ ရေးဆွဲနိုင်ခဲ့သော်လည်း ၂၀၁၄တွင် စတုတ္ထတန်းနှင့် ပဉ္စမတန်းအထိ ရေးဆွဲနိုင်ခဲ့ပြီဖြစ်သောကြောင့် ကျောဒေသ (၁၉) ရွာရှိ ဓမ္မစကူးလ်ကျောင်းများတွင် ပထမဦးဆုံး နှစ်တွင်ပင် ပထမတန်းမှ ပဉ္စမတန်းအထိ သင်ကြားခွင့်ရတော့မည်ဖြစ်သည်။

သင်တန်းသား အင်အား (၆၀) ထိ ပို့ချနိုင်သော ဆရာဖြစ်သင်တန်းအားလည်း ကျောဒေသတွင်ပင် ပထမဆုံး ဖွင့်လှစ်ခဲ့ပြီး ယခင်က သင်တန်း တစ်သုတ်လျှင် (၃၆) ဦးသာ ခွင့်ပြုထားခဲ့ကြောင်း သိရသည်။ ကလေးဒေသတွင်ပင် လာမည့် စက်တင်ဘာလလောက်မှသာ အင်အား(၆၀) ဦး တက်ရောက်နိုင်သော ပထမဆုံး ဆရာဖြစ်သင်တန်းဖွင့်လှစ်ပို့ချနိုင်မည်ဖြစ်သည်။

ချစ်သူမောင်


Saturday, August 16, 2014

မကွေးမြို့ မှ“ SHADE ”စကားဝိုင်း



              (၂၀-၁၁-၂၀၁၀ ) တနင်္ဂနွေနေ့ နေ့လည်(၁၂)နာရီ ကနေ
ညနေ(၃း၃၀)နာရီ အချိန်ထိ အချစ်ရွာ ဆိုင်မှာ ၀ိုင်းဖွဲ့ပေါင်းဆုံ
ဖြစ်ကြပါတယ်။ မကွေးမြို့ မှ ရှိတ်  စကားဝိုင်း အမှတ်(၂)ပါ။
ပေါင်းဆုံလာကြသူများကတော့ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊
သတင်းထောက်များဖြစ်ကြတဲ့ တင်လင်းဇော် (အမျိုးသားစာပေဆုရှင်)၊
ရေနံ့သာအောင်ချမ်းဇော်၊ နေခြည်(မကွေး)၊ မကွေးမြင့်သန်း၊
ဇော်မြင့်ဇော်(ဗန္ဓရ)၊ လွမ်းရ(မကွေး)၊ မောင်နန္ဒ(မြစ်ကြီးနား)၊
ဗိုလ်မြင့်ရှိန်(အောင်လံ)နှင့် စာရေးသူ ရှိတ်ဂျာနယ် သူကြီး(မကွေး)
တို့ဖြစ်ကြပါတယ်..။
               ဒီနေ့ဟာ နေ့ထူး၊နေ့မြတ် တန်ဆောင်တိုင် လပြည့်နေ့ ဆိုတော့
ရှိတ်စကားဝိုင်းကို လာရောက်ဖို့ စာရင်းပေးထားကြသူများ အကုန်
မလာရောက်နိုင်ပါ။ ဆေးပေါင်းခတဲ့ လပြည့်နေ့မှာ ရှိတ်ဂျာနယ်စကားဝိုင်းကလည်း
အများပြည်သူများကောင်းကျိုးအတွ
က် “စာ”ပေါင်း၊စကားပေါင်းခ ကြပါတော့မည်..။
                ထုံးစံအတိုင်း စာရေးသူ ရှိတ်စကားဝိုင်း သူကြီးဖြစ်တဲ့
ကျွန်တော် က အဖွင့်၊ အပိတ်မှာ လေရှည်ပါမည်.. ဒီ ရှိတ် စကားဝိုင်းမှာ
လာရောက်သူတိုင်း ရှိတ်ဂျာနယ် အတွဲ(၄)၊ အမှတ်(၅၀) အထူးထုတ် နဲ့ အတွဲ(၅)၊
အမှတ်(၁) ဂျာနယ်များကို လွတ်လပ်စွာ ပြောဆိုကြရပါမည်..။ အခြား
ပြင်ပကိစ္စများကို ပြောဆိုခြင်း မပြုကြပါရန် မေတ္တာရပ်ခံပြီး
စတင်လိုက်ပါတယ်..။
              စာရေးဆရာ တင်လင်းဇော် က ဒီလို ရင်ဖွင့်လာပါတယ်..“
ကျွန်တော်ကတော့ ရှိတ် စကားဝိုင်း ဒုတိယအကြိမ် ကို ပထမအကြိမ်အဖြစ်
လာရောက်ခဲ့သူဖြစ်ပါတယ်။ ကျွန်တော် အဓိကပြောချင်တာကတော့ဗျာ.. ရှိတ်ဂျာနယ်
အတွဲ(၄)၊ အမှတ်(၅၀) အထူးထုတ်ကြီးက ရှေ့မျက်နှာဖုံးမှာကို
(အောက်တိုဘာ(၃)ရက်မှ(၉)ရက်) ဆိုပြီးမှား ရေးထားပါတယ်။ အတွင်းမှာတော့
နိုဝင်ဘာလကို ပြန်ပြင်တော့ထားပါတယ်။ ဒီအမှားက ယခု ဘာမှ မဖြစ်ပေမယ့်
ဂျာနယ်ကို သိမ်းထားသူများအတွက်ကြတော့ ကာလကြာရင်
အမှတ်မှားသွားစေနိုင်ပါတယ်။ အဲ ဒုတိယ အမှားကြီးကလည်း အတွဲ(၅)၊ အမှတ်(၁) က
ကျောနောက်ဖုံးမှာ တစ်နိုင်ငံလုံးသိနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို
ဒေါ်အောင်ဆန်းဆုကြည် လို့ မှားနေပြန်ပါတယ်။ ကျွန်တော်ရေးတဲ့ သတင်း
ခေါင်းစဉ်တွေမှာလည်း သတ်ပုံတွေ မှားနေတာကို တွေ့မြင်နေရပါတယ်။ ဒါကြောင့်
အယ်ဒီတာတွေ အနေနဲ့ ရှိတ်ဂျာနယ် မှာ စာလုံးပေါင်း သတ်ပုံတွေကို
မှန်ကန်လာအောင် သေသေချာချာ အထူး စီစစ်ပေးကြစေလိုပါတယ်..။ ကဗျာကို
အချစ်ကဗျာအပြင် အခြားကဗျာကဏ္ဍ များကိုလည်း တိုးချဲ့စေလို
ပါတယ်။ဒီတစ်ပါတ်တော့ ဒါလောက်ပဲ ကျွန်တော်ပြောလိုက်ပါရစေ…။
              ရေနံ့သာအောင်ချမ်းဇော် ကလည်း ဒီလိုပဲ ပြောဆိုလာပါတယ်..။
ကျွန်တော်ကလည်း ဆရာတင်လင်းဇော် ပြောတဲ့ သတ်ပုံကိစ္စကို အရင် ပြောလိုပါတယ်။
ဒါကတော့ ကျွန်တော့် အပြစ်ပါ။ ဒီတစ်ပါတ် အတွဲ(၅)၊ အမှတ်(၁) က
ကျွန်တော်ရေးတဲ့ (ထမီမနိုင် ပ၀ါမနိုင် ခေါင်းက ပန်းခိုင်)ဆောင်းပါး မှာ
(ထမီ) မှာ မှားနေကြောင်း၊ (ထဘီ) ဆိုတာကသာ မှန်ကြောင်း ဆရာ
မောင်နန္ဒ(မြစ်ကြီးနား)က လာပြောမှ သိရပါတယ်။ မောင်နန္ဒကို
အထူးကျေးဇူးတင်ပါတယ်။ ဒီလို ရှိတ် ဂျာနယ် စကားဝိုင်း ဖြစ်အောင် စတင်ပြီး
ဦးဆောင်သူ(သူကြီး)ူကတော့ ဆရာရွှေလမ်းငွေလမ်းဝင်းကြည်ပါ။သူ
မန္တလေးရောက်စဉ်က စာရေးဆရာ တက္ကသိုလ်တေဇာလင်း ထံက ရှိတ်ဂျာနယ်လက်ဆောင်
ရရှိခဲ့ပြီး အင်တာနက်ကနေ အီးမေးနဲ့ ရှိတ်ဂျာနယ်ကို
သတင်းတွေစတင်ပို့ခဲ့ကြောင်း။အဓိက ရှိတ်ဂျာနယ်နဲ့ ကျွန်တော်တို့ကို
ဆက်သွယ်ပေးသူကတော့ မန္တလေးမှ စာရေးဆရာ တက္ကသိုလ်တေဇာလင်းဖြစ်ကြောင်း
သိရပါတယ်။ ယနေ့အထိ အယ်ဒီတာချုပ် ကိုသာဇော် ၊ အယ်ဒီတာအဖွဲ့နဲ့
သူကြီးတို့က မမြင်ဘူး၊ မတွေ့ကြဘူးပါ လို့ ပြောပါတယ် ။ လူချင်း
မတွေ့မမြင်ကြရသော်လည်း မကွေးသတင်းတာဝန်ခံများဖြစ်ကြတဲ့
ဆရာရွှေလမ်းငွေလမ်းဝင်းကြည်၊ ဆရာနေခြည်(မကွေး)၊ ဆရာ မကွေးမြင့်သန်း
တို့ကို ရှိတ်ဂျာနယ်က စာပေညီရင်းအကိုတွေလို စိတ်ဓာတ်နဲ့
ဆက်သွယ်နေကြပါတယ်။ ဒါကြောင့် သူတို့နဲ့အတူ ရှိတ်ဂျာနယ် အယ်ဒီတာများ
ကျေးဇူးကြောင့် မကွေးမှာ စာပေစကားဝိုင်းကြီး ဖြစ်ပေါ်လာခဲ့ပါတယ်။
ကျွန်တော်တို့ တစ်တွေ အနေနဲ့လည်း စာရေးကွက်အတွက် ဂျာနယ်တစ်စောင်
ရရှိလာခဲ့ကြပါတယ်။ ဒီအတွက် ရှိတ်ဂျာနယ်ကို အထူး ကျေးဇူးတင်ပါကြောင်း
ထပ်မံ ပြောလိုက်ပါရစေ..။
         ဆရာနေခြည်(မကွေး) ကလည်း ဒီလို ဆိုလာပြန်ပါတယ်..။ ဒီတစ်ပါတ်
ရှိတ်ဂျာနယ် မှာ ကျွန်တော်အကြိုက်ဆုံး ဟတ်အထိဆုံးကတော့ စာရေးဆရာ
ညိုရောင်(ရွှေလက်များ) ရေးသားတဲ့ (ကျွန်တော့်ပြူတင်းပေါက်)
ဆောင်းပါလေးပါပဲ။ ဆရာဖေမြင့်ရဲ့(The Window) ဇာတ်ကြောင်းလေးကို မကွေးက
အထက်ဆုံမကျီးပင် စာပေ၀ိုင်း၊ အောက် စွဲမက်စာပေ၀ိုင်းတွေမှာ လား ခဏ ခဏ
ပြောဖြစ်ခဲ့ကြပါတယ်။ တော်တော်လေး ကောင်းပါတယ်..။  နောက် တစ်ခုကတော့
စာရေးဆရာ မောင်ဆူးမင်း(ချပ်သင်း)ရေးတဲ့ (စုံနံ့သာမြိုင်ခရီးသည်) ပါ။
စာရေးသူက ဆရာဦးဘုန်း(ဓာတု) အပေါ် ဘယ်လောက် က္ကိဿာ မစ္ဆရစိတ် မရှိပါဘူးပဲ
ပြောပြော တစ်ခုခုကို ဦးတည် ပေါက်ကွဲပြီး ရေးထားတယ်လိုထင်ပါတယ်..။
ဘာကြောင့်လည်းဆိုတော့ သူရေးထားတာက(ကိုသာဇော်ရေ..အားမငယ်နဲ့ဗျ။ ခင်ဗျားလဲ
ဂျပန်ကတစ်ခေါက်ပြန်ခဲ့ပြီ မဟုတ်လား။ ရေးသာချဗျာ။ ဘယ်သူ ဘာပြောပြော
ကိုယ့်ဘာသာ ကိုယ်ရေးတာ ဘာဖြစ်လဲ..ဘာဖြစ်လဲ ဆိုပြီတော့လေ..) ဆိုတာရယ်။
နောက်အဆုံးသတ်မှာ လည်း (ပြောတော့ရန်ကုန်သား ဆိုတော့ အမေနဲ့
ရွာကိုလွမ်းတယ်) တဲ့ဗျာ။ လို့ အဆုံးသတ်ထားတဲ့ အတွက် တစ်ခုခု
တစ်ယောက်ယောက်ကို ရည်ရွယ်ပြီး၊ စာရေးဆရာမောင်ဆူးမင်း ပေါက်ကွဲနေပုံကို
ပေါ်လွင်နေပါကြောင်း မဟုတ်သော်ရှိ၊ ဟုတ်သော်ရှိ
…ကျွန်တော်တွေးထင်နေမိပါတယ်။ ယခုတစ်ပါတ်မှာ အရင်တစ်ပါတ်နဲ့ မတူ တမူ
ထူးခြားပေါ်လွင်အောင် မန္တလေးမြို့ ရေးဘေးဒုက္ခကို ပုံဖော်ရေးသားသူကတော့ ဆရာ
ဥက္ကာကျော်ရဲ့ (ကျွန်ုပ်နှင့်ဘေးကြီးများ) ပါ။ ဘာပဲပြောပြော ဒီတစ်ပါတ်
အတွဲ(၅)၊ အမှတ်(၁) ရှိတ်ဂျာနယ်က တော့ အရင်အပါတ်တွေထက် ကဏ္ဍများ အားလုံး
သိသိသာသာကို ကောင်းနေတာ တွေ့မြင်ရပါတယ်..။ ကိုယ့် ငါ့းချဉ်ကို
ကိုယ်ချဉ်တာတော့ မဟုတ်ပါဘူး။ ရေနံ့သာ အောင်ချမ်းဇော်ရဲ့( ထဘီ မနိုင်
မ၀ါမနိုင် ခေါင်းက ပန်းခိုင်)ကိုကြိုက်ပါတယ်။ ဒီလိုဆောင်းပါးမျိုးက ယနေ့
လူငယ်တွေအတွက် အကျိုးပြု ဆောင်းပါးတွေ လိုအပ်နေပါတယ်..။
ကျွန်တော်ပြောသွားတာတွေက များနေပါပြီ ဒါလောက်ပဲ ပြောခွင့်ပြုပါ
သူကြီးရေ..။
               ဒီတစ်ပါတ် ရှိတ်စကားဝိုင်းမှာတော့ ဆရာမကွေးမြင့်သန်းက
ဘာတောင်းဆိုမှုကိုမျှ လုံးဝမပြုပါ။ ဘာပြောကြတော့မှာလည်းကွယ်..
ဒီတစ်ပါတ်မှာ သူ့ သတင်းက(၅) ပုဒ်၊ ဆရာတင်လင်းဇော် ပညာရေး သတင်းကတစ်ပုဒ်။
ဆရာရေနံ့သာအောင်ချမ်းဇော်ရဲ့ ဆောင်းပါးက တစ်ပုဒ်။ မကွေးဆရာတွေကို
နေရာတော်တော်ပေးထာတာကိုး..။ ဆရာမကွေးမြင့်သန်း တရားရသွားပြီထင်ပါတယ်..။
သူက အတွဲ(၅)၊ အမှတ်(၁)မှာ ဆရာတော် အရှင်ကောမလ ရေးတဲ့ (လျှောက်မိ
လျှောက်ရာ ခြေလှမ်းများစွာ) ကို အကောင်းဆုံး၊ အကြိုက်ဆုံး
ဖတ်ကြားပြောဆိုသွားပါတယ်။ဆရာတော်ရဲ့ မှတ်သားစရာ စာသားလေးကို
ထုတ်ပြပေးပါတယ်..( ကုသိုလ် ဥစ္စာ ပညာ၊တန်ခိုး တစ်မျိုးမျိုးမှ မကျိုးမဖက်
ထိုနေ့အတွက် သက်သက်ဝမ်းနည်းဖွယ်..)။ ကောင်းလိုက်တဲ့ မှတ်သားစရာ
စကားပါခင်ဗျား။
       ကဗျာဆရာ၊ ကာတွန်းဆရာ ဇော်မြင့်ဇော်(ဗန္ဓရ) ကလည်း ဒီတစ်ပါတ်မှာ
စာသံပေသံတွေ ထွက်လာပါပြီ..။ သူ အကြိုက်ဆုံးကတော့ စာရေးဆရာ သူရ(ကလေး)ရဲ့
(စာရေးဆရာ ဆိုသည်မှာ) ကို ဖတ်ကြားပြီး၊ အကျယ်တ၀င့်
အနက်ဖွင့်ပေးသွားပါတယ်။ ကဗျာဆရာ လွမ်းရ(မကွေး) ကလည်း သူအကြိုက်ဆုံး
အချစ်ကဗျာဖြစ်တဲ့ မိုးဃ်စက်သော်ရဲ့ (ရှေးဟောင်းနှောင်းဖြစ်) ကဗျာကို
ခံစား ရွတ်ဆိုပြီး၊ အနက်ဖွင့်ပေးခဲ့ပါတယ်။
      ဒီစကားဝိုင်းကို ပထမအကြိမ်းလာရောက်သူဖြစ်တဲ့ စာရေးဆရာ
မောင်နန္ဒ(မြစ်ကြီးနား)ကလည်း.. ဒီစကားဝိုင်းကို ဖြစ်အောင် လုပ်ပေးတဲ့
ရှိတ်ဂျာနယ် အယ်ဒီတာချုပ် ကိုသာဇော်နဲ့ အယ်ဒီတာအဖွဲ့၊ မကွေးက
သတင်းတာဝန်ခံများကို အထူးကျေးဇူးတင်ပါကြောင်း။ ရှေးက နောင်တော်ကြီးတွေက
ရှိတ်ဂျာနယ်ပါစာမူတွေကို စာဖတ်သူကဏ္ဍအဖြစ် အကောင်းဆုံး အကြိုက်ဆုံး တွေကို
ရွေးပြီး၊ ခံစားပြောကြားသွားတာတွေဟာ အလွန်ကောင်းမွန်ပါကြောင်း၊ ရှိတ်က
မန္တလေးဂျာနယ် အနုပညာဂျာနယ် ဆိုတော့ မန္တလေးက မှတ်သားစရာ၊ မန္တလေးအငွေ့
အသက်ပါတဲ့ ဆောင်းပါးလေးတွေကို ကဏ္ဍတစ်ရပ်အနေနဲ့ ဖော်ပြပေးစေလိုပါကြောင်း၊
ဥပမာ ၃၅A လမ်းသာရှိပြီး Bလမ်းမရှိ။ ၂၆ Bလမ်းရှိပြီး Aလမ်းမရှိ။ ၂၂ C
လမ်းရှိပြီး A/B လမ်းမရှိ။ ၁၉ D လမ်း ဆိုတာရှိပြီး A/B/Cလမ်းတွေ မရှိတဲ့
ထူးခြားချက်ကလေးတွေ ကို ဖော်ပြပေးစေလိုပါတယ်။ မန္တလေးရဲ့သိသင့်သိထိုက်တဲ့
သမိုင်း ဆောင်းပါးကောင်းတွေကြောင့် ရှိတ်ဂျာနယ်ကို ယခုခေတ် လူငယ်တွေ
သိမ်းထားရမယ့် ဂျာနယ်ဖြစ်အောင်
ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုပါကြောင်း၊မြှောက်ပြောတာလည်း မဟုတ်ပါဘူး။
ရှိတ်ဂျာနယ်က တိုးတက်လာတာ အမှန်ပါ။ အယ်ဒီတာတွေက စေတနာကောင်း တော့
ဂျာနယ်ကလည်း ပိုလို့ ကောင်းလာတာ ဖြစ်ပါကြောင်း၊ ရေနံ့သာအောင်ချမ်းဇော်ရဲ့
ဆောင်းပါး သတ်ပုံကိစ္စကိုလည်း အပြုသဘောနဲ့ ထောက်ပြရတာပါ။ ကျွန်တော်
အကြိုက်ဆုံးကလည်း (ထဘီ မနိုင် ပ၀ါမနိုင် ခေါင်းက ပန်းခိုင်) ဆောင်းပါးသာ
ဖြစ်ပါကြောင်း ပြောကြားသွားပါတယ်။
              စကားဝိုင်း သူကြီး ကျွန်တော်ကတော့ ဒီတစ်ပါတ်မှာ တာဝန်ခံ
အယ်ဒီတာ ဆရာသျှိင်းရဲဝင့် အပါတ်စဉ်ရေးသားတဲ့ (အတွေးစကား..) ကိုကြိုက်လို့
ဖတ်ပြီး တင်ပြခဲ့ပါတယ် ။ မန္တလေး၊ ရန်ကုန် နဲ့ နယ်စုံက လာကြတဲ့ စာရေး
ဆရာများရဲ့ သံယောဇဉ်ကြီးစွာ အမျှင်တန်းပုံများ။ တချို့ကလည်း
နီးလျှက်နဲ့ဝေးနေရတယ်။ အပါတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာတွေခမြာမှာ.. ပြင်ပက
အလွန်ခင်မင်ကြတဲ့ မိတ်ဆွေများနဲ့ ကွင်းဆက်ပြတ်နေရတဲ့ဘ၀၊ ကိုယ့်မိသားစုရဲ့
အရေးတွေကို ပြန်မကြည့်အားတဲ့ဘ၀များကိုလည်း သနားလာမိပါတယ်။
နောက်ဆောင်းပါးတစ်ပုဒ် ကတော့ စာတိုသလောက် ခရီးပေါက်ခဲ့တဲ့ ဆရာသူရ(ကလေး)
ရေးတဲ့ (စာရေးဆရာဆိုသည်မှာ..)ကို လက်တို့ပြီးတော့ ပြောလိုက်ပါရစေ..။
               စကားဝိုင်းသိမ်းခါနီးမှ အချိန်မီရန်
အပြေးအလွှားရောက်လာသူကတော့ ဆရာဗိုလ်မြင့်ရှိန်(အောင်လံ)ပါ။ စကားဝိုင်းရဲ့
နောက်ဆုံးပိတ်ကို အိပ်နဲ့လွယ်လိုက်ပြန်ပါတယ်။ ဂျာနယ်မှာ သတ်ပုံများ
အမှားများနေကြောင်းကို ပြောဆိုလာပြန်ပါတယ်။ ဆရာမောင်နွေထက် ရဲ့
(သစ်ခွရောင်တောက်နေတဲ့ မြို့ကလေးက ငြိမ်းချမ်းရေးရုပ်ပုံလွှာ) ကို ခံစား
ဖတ်ကြားပြီး အမှားသတ်ပုံများကို အကွက်ကျကျ ထောက်ပြ ပြောဆိုသွားပါတယ်..။
ဆရာမောင်နွေထက်က မှားတာတော့ မဖြစ်နိုင်ပါကြောင်း။ စာစီစာရိုက်
သမားများကသာ မှားနိုင်ကြောင်းကိုလည်း ဖြည့်စွပ်ပြောဆိုသွားပါတယ်…။
ဆရာကြီး ဒဂုဏ်တာရာ ကို အထူးဂုဏ်ပြုပေးထားတဲ့ ဒီဆောင်းပါးကို သူက
အကြိုက်ဆုံးဖြစ်ကြောင်းနှင့် ဆရာသူရ(ကလေး)ရဲ့ (စာရေးဆရာဆိုသည်မှာ)
ဆောင်းပါးကိုလည်း ကြိုက်နှစ်သက်ပါကြောင်း၊ ဒါပေမဲ့ စာရေးဆရာ ဆိုသည်မှာ
ဆောင်းပါးက တို၍ နေပါကြောင်း ရင်ဖွင့်ပြောကြားခဲ့ပါတယ်။

(လွတ်လပ်စွာ ခံစားပြောဆိုမှုများကြောင့် လွန်တာလေးတွေများ ပါလာခဲ့ရင်ဖြင့်
စကားဝိုင်း သူကြီး မှ တောင်းပန်အပ်ပါ၏။)
စိတ် အဆာဖြေ ဖို့ ရှိတ် ဂျာနယ်ကို ဖတ်လို့ စကားပြောကြပါစို့…….။

ရှိတ် စကားဝိုင်း သူကြီး(မကွေး)

ရွှေလမ်းငွေလမ်းဝင်းကြည်
၁၃၇၂ ခု၊ တန်ဆောင်းမုန်း လပြည့်ည
၂၀၁၀ ခု၊ နိုဝင်ဘာ(၂၀)ရက်၊ ည(၁၁း၅၀)နာရီ
မကွေးမြို့။ ဖုန်း ၀၆၃-၂၅၁၉၇
မှတ်ချက်။။   ။။ စာမူရှည်နေပါလျှင် လိုအပ်သလိုပြင်ဆင်
အသုံးပြုနိုင်ပါသည်။ မလိုအပ်တာများကို ဖြတ်တောက်လိုက်ပါ။
”မကွေးမြို့မှာ ADSL အင်တာနက်လိုင်းများ ခဏ ခဏပျက်သည်”
        နိုဝင်ဘာ(၂၁)။  ။မကွေးမြို့တွင် အင်တာနက်ဆိုင်များ(၃၀)
ခန့်ရှိပါတယ်။ ရွေးကောက်ပွဲ မတိုင်မီ လအနည်းငယ်မှစ၍ အင်တာနက်လိုင်းများ
ကို ပြည်ပက တိုက်ခိုက်ခံနေရကြောင်း သိရပါတယ်။ ဒါပေမဲ့ အဲဒီ အချိန်တုံးက
တခါတရံ အချိန်များမှာ စိတ်ရှည်ရှည်နဲ့ စောင့်ပြီး သုံးရင် ရခဲ့ကြောင်း
အင်တာနက်သုံးစွဲ သူများက ပြောကြားလို့ သိရှိရပါတယ်။
       (၁၈-၁၁-၂၀၁၀) နံနက်(၈)နာရီက စပြီး ယခုစာရေးနေချိန်အထိ
အင်တာနက်လိုင်းများ လုံးဝပြတ်တောက်သွားခဲ့ ပါတယ်။ ရန်ကုန်၊ မန္တလေး၊၊
နေပြည်တော်သို့ ဖုန်းဆက်ကြည့်ရာ သူတို့ဆီမှာ
အင်တာနက်သုံးစွဲလို့ရနေကြောင်း ပြန်ကြားသိရှိရပါတယ်။ ဒါကြောင့်
မကွေးမြို့ တိုင်းဒေသကြီး ဆက်သွယ်ရေးရုံးမှ အင်တာနက်လိုင်း တာဝန်ခံ
ဦးစီးအရာရှိ ထံသို့ သွားရောက်သတင်းစုံစမ်းကြည့်ခဲ့ပါတယ်။
မကွေးမြို့တစ်မြို့ထဲမှာ အင်တာနက်လိုင်းများ ပျက်တာမဟုတ်ကြောင်း၊
ဒီဂျစ်တယ် လိုင်းဖုန်းနဲ့ တွဲသုံးနေရတဲ့ (ADSL) မြန်နှုန်းမြင့်
အင်တာနက်လိုင်းများ တစ်နိုင်ငံလုံးမှာ(ဆိုက်ဗာကို အတိုက်ခိုက်ခံနေရလို့)
ပျက်နေကြာင်း သိရပါတယ်။ အခြား အင်တာနက်လိုင်း အိုက်ပီစတားလိုင်းများ၊
ကြိုးမဲ့ ၀ိုင်ဖိုင် ၀ါယာလက်လိုင်းများ၊ ရတနာပုံ ဖိုင်ဘာ
အင်တာနက်လိုင်းများကတော့ အင်တာနက် သုံးစွဲ၍ ရရှိနေပါကြောင်း၊
ပြောကြားလို့ သိရပါတယ်။ ADSL အင်တာနက်လိုင်းများ ကို
ဘယ်တော့ပြန်ကောင်းပါမည်လဲ ဟု မေးကြည့်ရာ.. အဲဒါကိုတော့ ( ဆိုက်ဗာကို
အတိုက်ခံ)နေရတာဖြစ်တဲ့အတွက် ရက်ကို ခန့်မှန်းပြီး အတိအကျ
မပြောဆိုနိုင်ပါကြောင်း သတင်းရရှိခဲ့ပါတယ်။ မကွေးမြို့ က
အင်တာနက်ဆိုင်များပိတ်ထားကြတာကို မြင်ရပါတယ်။အင်တာနက်ဆိုင်မှ ကွန်ပျူတာ
ဂိမ်းဆိုင်များသို့ ပြောင်းရွေ့ဖွင့်လှစ်နေကြပြီး အင်တာနက်
အခွန်အခများအား ပေးဆောင်နိုင်ရန် ကြိုးစားလုပ်ကိုင် နေရကြောင်း
အင်တာနက်ဆိုင်ရှင်တစ်ဦးက ပြောကြား၍ သတင်းရရှိခဲ့ပါတယ်။

  ရွှေလမ်းငွေလမ်းဝင်းကြည်

ချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီ ကလေးတက္ကသိုလ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ



သြဂုတ် ၆ ။ကလေး

ကလေးတက္ကသိုလ် ချင်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ ချင်းတက္ကသိုလ်ကျောင်းသားများ မောင်မယ်သစ်လွင် ကြိုဆိုပွဲအား သြဂုတ်လ ၆ ရက် နေ့လည် ၁၁ နာရီ မှ စတင်ကာ ညနေ ၄ နာရီခန့်အထိ ကလေးတက္ကသိုလ် အားကစား ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ခစယ ( ကလေးတက္ကသိုလ်) ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့်ပတ်သက်ပြီး ခစယ ဥက္ကဋ္ဌ ကလေးတက္ကသိုလ် သချာင်္ဌာနမှ ဆရာ ငူလ်းဆွန်လျန်းမှ " အခုလို ပွဲမျိုး ကျင်းပရ ခြင်းကြောင့် ကျွန်တော်တို့ ချင်းလူမျိုးတွေ  မျိုးနွယ်စု တစ်ခုနဲ့တစ်ခု စည်းလုံးညီညွှတ်မှုတွေ အများကြီးရစေပါတယ်။ ချင်းပြည်နယ် အရပ်ရပ်က ကျောင်းသားတွေ တစ်ယောက်နဲ့ တစ်ယောက် မသိကြရင်တောင် ဒီပွဲမှာ ဆုံကြပြီး ရင်းနှီးမှု ရကြတယ်။ အရင်တုန်းက ဘာသာစကားတွေ မတူဘူးထင်တဲ့ဟာတွေက ဒီလိုစုစည်းတဲ့အချိန်ကြတော့ တူနေတာတွေ အများကြီးတွေ့ရတယ်။ ယဉ်ကျေးမှုတွေလည်း အများကြီးတူတယ်။ ဒါတွေ တွေ့ရတာဟာ ဒီလိုပွဲ ပြုလုပ်ခြင်းရဲ့ ရလာဒ်ကောင်းတွေပါ " လို့ ပြောသည်။

ခစယ ကလေးတက္ကသိုလ်၏ ၂၀၁၄ - ၁၅ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲတွင် ချင်းတိုင်းရင်းသား မျိုးနွယ်စုများ၏ ရိုးရာ အကအလှများ ဝတ်စားဆင်ယင်မှုများကို ထည့်သွင်းကျင်းပခဲ့ပြီး ထူးချွန် ချင်းကျောင်းသား/သူများအား ဆုချီးမြင့်ခြင်း ချင်းကျောင်းသားများ King နှင့် Queen များ ရွေးချယ်ခြင်းတို့အား ထည့်ဝင်ကျင်းပသည်။

ကလေးတက္ကသိုလ် ၂၀၁၄ - ၁၅ ပညာသင်နှစ်တွင် ကလေးတက္ကသိုလ်သို့ ချင်းပြည်နယ် ဟားခါး တီးတိန် ဖလမ်း မတူပီ မင်းတပ် ထန်တလန် တွန်းဇန် စသည့် မြို့နယ်များမှ ချင်းတိုင်းရင်းသားပေါင်း ၃၀၀၀ ကျော် ပညာသင်ကြားနေကြောင်း သိရသည်။

ချစ်သူမောင် 

ကလေးခရိုင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ ဖွဲ့စည်း



သြဂုတ် ၆ ကလေး။

သြဂုတ်လ ၆ ရက် နေ့လည် ၂ နာရီက ကလေးမြို့နယ်လုံးဆိုင်ရာ ရတနာပုံ ရွှေဘုံသာ ဘုရားကြီး ဓမ္မာရုံတွင် ကလေးခရိုင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့အား စတင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အဆိုပါ ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး ကလေးခရိုင်စီမံ ခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်ထူး က "  ဒီလို ဖွဲ့စည်းရခြင်းဟာ အဓိက ဘာသာပေါင်းစုံ ငြိမ်းချမ်းစေဖို့ပါ။ ဒီလိုဖွဲ့စည်းခြင်းအားဖြင့် ဘာသာရေး ပွတ်တိုက်မှုလေးတွေ ဖြစ်တဲ့ အခါ သူ့ဘာသာ ကိုယ့်ဘာသာ ဝိုင်းထိန်းသိမ်းကြဖို့ အတွက်ပါ။ ဒါမှ ဘာသာရေး ပဋိပက္ခတွေ ဖြစ်မလာမှာ ဖြစ်ပါတယ်။ အဖွဲ့ ဖွဲ့တဲ့ အခါမှာလည်း သူ့ဘာသာ ကိုယ့်ဘာသာ လေးစားရတဲ့ လူတွေကို ထည့် ဖွဲ့စည်းခဲ့တာပါလို့ " ပြောသည်။

အဆိုပါ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ ခရိုင် အား ယခု လက်ရှိ နာယကများ အပါအဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းထားခဲ့ပြီး ဗုဒ္ဓဘာသာ ဟိန္ဒူဘာသာ ခရစ်ယာန် ဘာသာနှင့် အစ္စလာမ် ဘာသာဝင်များ ပါဝင်ကြောင်း သိရပြီး ဖွဲ့စည်းရေး အစည်းအဝေးတွင် ခရိုင်အဖွဲ့ဆိုသော်လည်း ကလေးခရိုင်တွင်း ကလေးဝ မင်းကင်း ဒေသများမှ ဘာသာရေး အဖွဲ့များ တက်ရောက်ခြင်းမရှိခဲ့ကြောင်းလည်
း သိရသည်။

ချစ်သူမောင်

ရူပီးဈေးကျဆင်းမှုကြောင့် အိန္ဒိယ မြန်မာ ကုန်သွယ်မှု စားသောက်ကုန်သာ တင်ပို့မှုရှိနေ



သြဂုတ်လ ၅ ကလေး။

အိန္ဒိယ မြန်မာကုန်သွယ်ရေးတွင် အဓိက ကူးသန်းနေသော တီအိုချောင်း လမ်းကြောရှိ ရွာသစ် နယ်စပ်ဂိတ်ဈေးကွက်တွင် မြန်မာ့ကုန်စည်များ အနေဖြင့် အချဉ်ထုပ် နေကြာ မက်မန်း ဖရုံယို စတဲ့ စားကုန်များသာ ဇူလိုင် လမှ နှင့် သြဂုတ်လအတွင်း တင်ပို့မှု များပြားနေကြောင်း ပန်းချယ်ရီ တောင်ပေါ်လိုင်းကားဂိတ်မှ ဂိတ်တာဝန်ခံ ဦးမြင့်လွင်မှ ပြောသည်။

စားသောက်ကုန် အများဆုံးတင်ပို့နေခြင်းမှာ အိန္ဒိယငွေဈေး ကျဆင်းမှုနှင့် အခြား မူဆယ်ကုန် အထည်အလိပ်များ တင်ပို့မှုတွင် ငွေလက်ငင်း မပေါ်ပဲ စားသောက်ကုန်များသာ ငွေလက်ငင်း ပေးချေစနစ်ကြောင့်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယငွေဈေး အနေဖြင့် မြန်မာမှ ရောင်းလိုလျင် ၁၅ ကျပ်ရှိပြီး ဝယ်လိုလျင် ၁၅ ကျပ် ပြား ၃၀ အထိ ပေးဝယ်နေရပြီး စားသောက်ကုန် တင်ပို့ရာတွင် အခြား ကုန်ကြီးများကဲ့သို့ အမြတ်ငွေ မများသော်လည်း ငွေရ မြန်ဆန်ခြင်း ကြောင့် စားသောက်ကုန်တွေပဲ အဓိက သယ်နေတာပါလို့ နယ်စပ်ကုန်သည် တစ်ဦးက ပြောသည်။

ကုန်ပစ္စည်း တန်ဆာခများအနေဖြင့် ကုန်အကျစ် တစ်ပိဿာ ၁၂၀ ကျပ် အပွ ၁၃၀ ကျပ် ပေးကာ သယ်ဆောင်နေရပြီး မိုးတွင်းကာလ လမ်းပျက်စီးမှုများကြောင့် ကုန်တင်ကားကြီးများအား ဇူလိုင်လကတည်းက ပိတ်ထားပြီး ဟိုင်မွှာ ဂျစ်ကားငယ်များဖြင့်သာ သယ်ယူနေရကြောင်း သိရသည်။

အိန္ဒိယထွက်ကုန်များအနေဖြင့် အဓိက မြန်မာနိုင်ငံတွင်းသို့လတ်တလော
တွင် မြေဆီနှင့် ဆံပင်များ ဝင်နေပြီး အိန္ဒိယတွင် မြန်မာ့ ကွမ်းသီး အုန်းသီးများလည်း အဝယ်လိုက်နေကြောင်းသိရသည်။

ချစ်သူမောင်

ဓမ္မစကူးလ်း ဆရာမများ ၂ ပတ်တစ်ကြိမ် အစည်းအဝေးသို့ ပညာရှင်များ ဖိတ်ကြား အသိဖလှယ်



သြဂုတ် ၁၀ ကလေး။

ကလေးခရိုင် တနင်္ဂနွေ ဓမ္မစကူးလ် ကျောင်းများရှိ သင်ကြားရေး ဆရာမများ ၂ ပတ်တစ်ကြိမ် အစည်းအဝေ့း မင်္ဂလာဥယျာဉ် ဌာနသို့ ကလေးခရိုင်အုပ်ချုပ်ရေးမှူးကို
ယ်တိုင် တက်ရောက်ခဲ့ကြောင်း ဌာနပြန်ကြားရေးတာဝန်ရှိသူတစ်ဦးမှ ပြောသည်။

အဆိုပါ ၂ပတ် တစ်ကြိမ် အစည်းအဝေးသို့ ကလေးခရိုင် အုပ်ချုပ်ရေးမှူး တက်ရောက်ခြင်းနှင့် ပတ်သက်၍ ဓမ္မစကူးလ် သတင်းနှင့် ပြန်ကြားရေးမှ ဆရာတော် ဦးဓမ္မာနန္ဒ မှ "  ဒီနေ့ ခရိုင် အုပ်ချုပ်ရေးမှူး တက်တယ်ဆိုတာကို ကျေးဇူးတင်ပါတယ်။ ဦးဇင်းတို့ ရည်ရွယ်ချက်ကတော့ ဒီအပတ်က ဒီ အပတ်ကစပြီး ဌာနဆိုင်ရာတွေက ပုဂ္ဂိုလ်တွေ နောက်ပြီး ဆေးဆရာဝန်တွေ ရဲဌာနတွေ လက်လှမ်းမီသမျှ ပညာရှင်တွေကို ဖိတ်ကြားပြီး သူတို့ အနေနဲ့ လေ့လာစေချင်တာထက် သူတို့ ဆီက အသိပညာတွေကို မျှဝေစေချင်လို့ ဖိတ်ကြားတာပါ။ ဓမ္မစကူးလ်မှာ ဘာသာရေးစာပေ သင်ကြားမှု တစ်ခုထဲ မဟုတ်ပဲ ကလေးတွေကို ဘက်ပေါင်းစုံ ထူးချွန်သူများဖြစ်လာအောင် ပြုစုပျိုးထောင်တဲ့ ဆရာမတွေ အနေနဲ့ စာပဲသင်တတ်ရုံနဲ့ မလုံလောက်ဘူး ထင်လို့ ခုလို ပညာသင်ပေးမယ့် ဆရာမတွေကို ပညာရှင်တွေနဲ့ တွေ့ဆုံ အသိဖလှယ်ပေးစေရေး အကောင် အထည်ဖော်တာပါ " လို့ မိန့်ကြားခဲ့သည်။

ကလေးဒေသတွင် ကလေးမြို့ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးမှ လပ်ငန်းစဉ် ၂ ရပ် အဖြစ် ကာကွယ်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းကြီး ၂ ရပ်အား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပြီး ကာကွယ်ရေးအနေဖြင့် ဘာသာရေး အမြင်ဖွင့်ဟောပြောပွဲများပြုလုပ်ပြီး ကလေးငယ်များအားလည်း ဘာသာစာပေများ သင်ကြားနိုင်ရန် ကျောင်းများ ၁၄၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး စောင့်ရှောက်ရေးအနေဖြင့် ပဋိပက္ခများမဖြစ်စေရေး ကယ်ဆယ်ရေး လှူဒါန်းမှုများပြုလုပ်ကာ ဆောင်ရွက်နေကြောင်း သိရသည်။

ဓမ္မစကူးလ်များနှင့်ပတ်သက်၍ ကလေးခရိုင် အုပ်ချုပ်ရေးမှူးကြီးမှလည်း ၄င်းအနေဖြင့် ယခုလို တက်ရောက်ပြီးလေ့လာရတာ ဝမ်းမြောက်မိကြောင်း ကလေးငယ်များ အနာဂတ် တောက်ပြောင်လင်းလက်ရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အစုံအစုံသော ပညာရှင်များ ဖိတ်ကြားကာ အသိဖလှယ်ခြင်းအား ကျေနပ်မိပါကြောင်း ပြောသည်။

ကလေးခရိုင်တွင် ဓမ္မစကူးလ် ဌာနပေါင်း ၁၄၈ ဌာန ထိ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပြီး ဆရာမများ ၂ ပတ်တစ်ကြိမ် အစည်းအဝေး များအားလုံးတွင် ပညာရှင် တစ်ဦးစီအား ဆက်လက်ဖိတ်ကြားကာ ပြုလုပ်မည်ဖြစ်ပြီး လာမည့် အစည်းအဝေးတွင် မှုခင်းဆိုင်ရာ အသိပညာဖလှယ်နိုင်ရေး ကလေးခရိုင် ရဲဌာန ခရိုင်ရဲမှူးအား ဖိတ်ကြားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သူမောင်

လယ်မြေ အမွေဆိုင် တရားမမှုနှင့် ရင်ဆိုင်နေရခြင်းကြောင့် နိုင်ငံတော် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်မရမှု နှင့်ရင်ဆိုင်နေရ



သြဂုတ် ၁၅ ကလေး။

ကလေးမြို့ မြောက်စည်းရွာနေ ဒေါ်စောအေး အမည်ပေါက် လယ်ဧကများအတွက် ယခုနှစ် စိုက်ပျိုးရာသီ ချေးငွေ ထုတ်မရ ဖြစ်နေကြောင်း ဒေါ်စောအေး၏ မြေဖြစ်သူ ကိုယ်စားလှယ် မနွဲ့နွဲ့မူမှ ပြောသည်။

ဒေါ်စောအေးပိုင် မြေဧကများတွင် စိုက်ပျိုးမှုနှင့်ပတ်သက်၍ ဒေါ်စောအေး အနေဖြင့် နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် မောင်နှမ သားချင်း၆ဦးရှိသည့်အနက် ၅ ဦးမှ အမွေခွဲဝေ ရလိုမှုနှင့် စတင်ကာ တရားမမှု ရင်ဆိုင်နေရပြီး ၂၀၁၃ တွင် စိုက်ပျိုးစရိတ် ထုတ်ယူရရှိခဲ့ခြင်းကြောင့် အဆင်ပြေခဲ့ကြောင်း သိရသည်။

စိုက်ပျိုးစရိတ် ချေးငွေ မရရှိ သည့် ကိစ္စနှင့် ပတ်သက်၍ ဒေါ်စောအေး၏ ကိုယ်စားလှယ် မနွဲ့နွဲ့မူမှ ကျမတို့ လုပ်ကိုင်စားသောက်နေတာ ကြာပါပြီ။ ကျမတို့ အတိုးရော အရင်းပါ ပုံမှန်ဆပ်ပါတယ်။ နှစ်တိုင်းလည်း ချေးငွေ ထုတ်နေတာပါ။ ဒါကို ဒီနှစ်ကျမှ မထုတ်ပေးဘူးဆိုပြီး စိုက်ဘဏ် မန်နေဂျာ ဦးကျော်လွင်က ပြောတယ်။ အခုလို စိုက်ပျိုးစရိတ် ထုတ်မပေးတော့ ကျမတို့ ကောက်စိုက်ခတွေ ပေးဖို့ အခက်တွေ့နေရပြီ။ ကျမတို့ လက်ထဲမှာ အမည်ပေါက် ပိုင်ဆိုင်ကြောင်း ရှိရဲ့သားနဲ့ သူများက ကန့်ကွက်တိုင် ချေးငွေမထုတ်ပေးတာ မတရားပါဘူး။ ဒါမျိုး ရကြေးဆို လယ်ဧက အများကြီးရှိတဲ့သူကို မကျေနပ်ရင် လိုက်ကန့်ကွက်နေမှာပေါ့ လို့ ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကလေးမြို့နယ် စိုက်/ဘဏ် မန်နေဂျာ ဦးကျော်လွင်က "တရားရုံးမှာ အမွေ အမှု ဖြစ်နေတဲ့ အတွက် ပိုင်ဆိုင်မှု ပုံစံ ၇ ထုတ်ပေးထားတဲ့လက်မှတ်ကို မြေစာရင်းက ပြန်ပေးဖို့အတွက် တောင်းထားတာ အဲဒီ ကာယကံရှင်ကိုလေ။ စာထွက်ပြီးတော့ ပုံစံ ၇ ပြန်အပ်ပါလို့ မြို့နယ်မြေစာရင်း ဦးစီးဌာနက အဲဒီ ကာယကံရှင်တွေကို စာ ၂ ခါ ရှိပြီ ထွက်ထားတာ ။ သူတို့က ပြန်မအပ်ဘူး။ ငွေချေးခြင်ပါတယ်ဆိုပြီး ဇွတ်တောင်းဆိုနေတာပါ။ ၂၀၁၃ တုန်းက အမှုရင်ဆိုင်နေရတယ်လို့ ကျနော်တို့ကို ဘယ်သူမှ အသိမပေးဘူး။ မကန့်ကွက်ဘူး။ ဒီနှစ်ကျမှ တဖက်ငါးဦးကနေ ကန့်ကွက်လို့ မထုတ်းပေးတာပါ"လို့ ပြောသည်။

အဆိုပါ အမွေခွဲဝေခြင်း တရားမမှုတွင် မြို့နယ် အဆင့် ဒေါ်စောအေးက ရှုံးနိမ့်ခဲ့ပြီး ခရိုင်အဆင့် တွင် အနိုင်ရကာ တိုင်းတရားရုံးအထိ တက်ရောက်ပြီး အမှုရင်ဆိုင်နေကြောင်း သိရသည်။

ချစ်သူမောင်

အော်ရီဒူး ဆင်းကတ်လှိုင်းက ကလေးမြို့ ဆင်းကတ်ဈေးကွက်ကို မလှုပ်ခတ်နိုင်



သြဂုတ် ၁၅ ကလေး။

မြို့ကြီးတွေမှာ ရုတ်ရုတ်သည်းသည်း ဖြစ်ခဲ့သည့် အော်ရီဒူး ဆင်းကတ်ပေါ်ထွက်ဈေးကွက်ဝင်လာမှုက ကလေးမြို့ ဆင်းကတ်အရောင်းအဝယ် ဈေးကွက်ကို လှုပ်ခတ်လာမှု မရှိကြောင်း ဆင်းကတ် အရောင်းအဝယ်ပြုလုပ်သူ တစ်ဦးက ပြောသည်။

ကလေးမြို့တွင် သြဂုတ်လအစပိုင်းက မြို့ကြီးများဈေးကွက်ဝင်ခဲ့သော အော်ရီဒူး ဆင်းကတ်များကြောင့် GSM ဆင်းကတ်ဈေး ၃၅၀၀၀ ထိ တစ်ရက်ခန့် ကျဆင်းခဲ့သော်လည်း နောက်ပိုင်း ၅ သောင်းနှင့်အထက်သာ ဈေးပြန်လည်တည်ခဲ့သည်။

ဆင်းကတ်ဈေးနှင့်ပတ်သက်ပြီး ဖုန်းသုံးစွဲသူ တစ်ဦးကလည်း ကျွန်တော်တို့ ကလေးမြို့ကို အော်ရီဒူး ကတ်တွေ မန်းလေးသွားတဲ့သူတချို့ ဝယ်ခဲ့တာ ဒီမှာက သုံးလို့မရဘူးလေ နောက်ပြီး သူက မော်ဒယ်မြင့် ဟန်းဆက်မှဆိုတေnာ့ ကိုင်ချင်ကြတော့ဘူး။ နောက်ပြီး ကလေးမြို့က ဘာသာရေး ခံယူချက်ပြင်းတယ်ဗျ။ ဘာသာရေးအဖွဲ့အစည်းတွေ ပြောမှာလည်း မလိုချင်ဘူးထင်ပါတယ်။ ဘယ်ဆိုင်မှတောင် ရောင်းတာ မတွေ့ဘူး လို့ ပြောသည်။

ကလေးမြို့တွင် နိုင်ငံတော်အစိုးရမှ ၁၅၀၀ ကျပ်ဖြင့် ချပေးသည့် GSM , WCDMA,CDMA ဆင်းကတ်များ စတင်ပေါ်ချိန်က တစ်သိန်းခွဲကျပ်အထိ ပြင်ပ ဈေးကွက်တွင် ပေါက်ဈေးရှိသော်လည်း ၂၀၁၄ သြဂုတ်လ ၁၅ ရက်အထ GSM ငါးသောင်းခွဲ ကျပ် CDMA လေးသောင်းခွဲကျပ်ထက် ဈေးမကျသေးကြောင်း သိရသည်။

ချစ်သူမောင်

ကလေးဒေသ တောင်သူများ စိုက်ပျိုးစရိတ်ချေးငွေ ချေးပေးမှု ပြီးဆုံးတော့မည်



သြဂုတ် ၁၅ ကလေး။

ကလေးဒေသရှိ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးခြင်း လုပ်ငန်းများ သတ်မှတ်ရက်မတိုင်မီ စောစီးစွာ ပြီးဆုံးတော့မည်ဖြစ်ကြောင်း ကလေးမြို့နယ် စိုက်ဘဏ်မန်နေဂျာ ဦးကျော်လွင်မှ ပြောသည်။

ကလေးဒေသတွင် မိုးစပါးစိုက်ရာသီ ငွေချေးရန် စိုက်ဘဏ်အနေဖြင့် တောင်သူတစ်ဦးခြင်းအပေါ် စည်းကမ်းချက် ၆ ချက် ချမှတ်ကာ အမတော်ကြေးအား ချေးပေးခဲ့ပြီး စည်းကမ်းချက် ၆ ရပ်တွင် ချေးငွေ မကျေသည့် တောင်သူများ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဌာနထုတ် ပုံစံ ၇ မရှိသူများ ဘဏ်တွင် ငွေတူ စာရင်းဖွင့်မထားသူများ ငါးယောက်မှ ဆယ်ရောက် အုပ်စုမဖွဲ့နိုင်သူများ သီးနှံပေါ်ချိန် အတိုးရော အရင်းပါ ပြန်မဆပ်နိုင်သူများ ချေးငွေကျေရန် တာဝန်မယူနိုင်သူများအား ချေးငွေ ထုတ်ပေးခြင်း မပြုလုပ်ပဲ အချက် ၆ ချက်နှင့် ပြည့်စုံမှသာ အမတော်ကြေး ချေးယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် စိုက်ပျိုးစရိတ် ချေးငွေ အတိုးနှုန်းအား နိုင်ငံတော်မှ တစ်လျင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားပြီး ကလေးဒေသတွင် ၁၄ ရက် ၈ လပိုင်းအထိ အုပ်စု ၅၅ အုပ်စုထိ ချေးငွေ ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

ကလေးဒေသတွင် အုပ်စုပေါင်း ၆၀ အုပ်စုရှိပြီး ချေးငွေထုတ်ပေးရန် ၅ အုပ်စုသာကျန်ကာ အဖွဲ့ အားဖြင့် ၈၈၅၉ ဖွဲ့ စုပေါင်း စိုက်ဧက ၄၈၃၁၉ ဧကအတွက် ချေးငွေပေါင်း ၄၈၃၁၉ သိန်း ထုတ်ချေးနိုင်ခဲ့ကြောင်း သိရသည်။

ချစ်သူမောင်

သွေးသစ်အရုဏ် စာကြည့်တိုက် ဖွင့်ပွဲ အမှတ်တရ စာပေဟောပြောပွဲ ကျင်းပ



သြဂုတ် ၁၃ ကလေး။

၈၈ မျိုးဆက်ကျောင်းသားများ ငြိမ်း/ပွင့် ၏ သွေးသစ်အရုဏ် စာကြည့်တိုက်ဖွင့်ပွဲ အမှတ်တရ အဖြစ် ကလေးမြို့ မြို့တော်ခန်းမတွင် သြဂုတ် ၁၃ ရက်နေ့က စာပေဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာပေဟောပြောပွဲသို့ နိုင်ငံကျော် စာရေးဆရာကြီးများအား ဖိတ်ကြားခဲ့ပြီး ၈၈ ငြိမ်း/ပွင့် ဥက္ကဋ္ဌ မှ ဒီလို စာပေဟောပြောပွဲ လုပ်တာဟာ ကလေးနယ်မှာ စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားစေချင်လို့ပါ။ ကလေးမြို့မှာ မြို့နယ် စာကြည့်တိုက်လို့လည်း မရှိတော့ပါဘူး။ ဒါကြောင့် မြို့နယ်စာကြည့်တိုက်လည်း ပေါ်စေချင်ပါတယ် လို့ ပြောသည်။

စာကြည့်တိုက်ဖွင့်ပွဲ အထိမ်းအမှတ် စာပေဟောပြောပွဲသို့ နိုင်ငံကျော် စာရေးဆရာများဖြစ်သည့် နေဝင်းမြင့်  ကိုလေး ( အင်းဝဂုဏ်ရည် )  နှင့် ညီပုလေးတို့ တက်ရောက်ဟောပြောခဲ့သည်။

ကလေးမြို့ ၈၈ မျိုးဆက် ကျောင်းသားများ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဆောင်ကျင်းပသော စာကြည့်တိုက် ဖွင့်ပွဲ အထိမ်းအမှတ် ဟောပြောပွဲများအပြင် ကလေးတက္ကသိုလ် ကျောင်းတိုက်ရွာ ကျောက်ဖူးရွာ တို့တွင်လည်း ဟောပြောခဲ့ပြီး သွေးသစ်အရုဏ် စာကြည့်တိုက်အား ၁၅ .၃. ၂၀၁၄ နေ့တွင် ဖွင့်လှစ်ခဲ့ကာ စာအုပ်ပေါင်း ၅၀၀ ကျော် လက်ရှိ ဖတ်ရှုနိုင်ရန် စီစဉ်ထားပြီဖြစ်ကြောင်း သိရသည်။

ချစ်သူမောင်

ကလေးမြို့ ရာဇဂြိုဟ်ဆည်နှင့် ပတက်သက်သော လုပ်ငန်းဆိုင်ရာ ရှင်းလင်းပွဲ ကျင်းပ



သြဂုတ် (၁၆) ကလေး။

ကလေးမြို့ တည်ဆောက်ရေး (၄) ဌာနမှ ကလေးဒေသ ရာဇဂြိုဟ်ဆည်ရေလှောင်တမံ
လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်ပြီးစီးမှု အခြေအနေဖြင့် ပတ်သက်ပြီး
သြဂုတ်လ (၁၆) ရက်နေ့ကပဲ အဆိုပါ ဆည်တည်ဆောက်ရေးလုပ်ငန်း
ရှင်းလင်းဆောင်တွင် ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါရှင်းလင်းပွဲသို့ ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး
ဦးအောင်ဗို ကိုယ်တိုင် ဆည်တည်ဆောက်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ
ပြီးစီးမှု အခြေအနေများအား တက်ရောက်ရှင်းလင်းခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး တက်ရောက်လာသူ
ရှစ်လေးလုံး နိုင်ငံရေးအင်အားစု အဖွဲ့ဝင် တစ်ဦးက “ အမှန်တကယ်တော့
ကလေးဒေသမှာ လျှပ်စစ်မီး လိုနေတာ ကြာပါပြီ။ အခုဆို ကျွန်တော်တို့ နောက်မှ
လျှပ်စစ်မီးရအောင်လုပ်သွားတာ ချင်းပြည်နယ် မဟာဓာတ်အားလိုင်းနဲ့
လျှပ်စစ်မီးရပြီ။ ကျွန်တော်တို့မြို့က ဒီ ရာဇဂြိုဟ်ဆည်ကြီးတည်ဆောက်နေတာ
အစိုးရ (၂) ဆက်ရှိပြီ ရနိုးရနိုးနဲ့ ခုထိ မရသေးဘူး။ ကလေးမြို့
တောင်ဘက်မှာ မဏိပူရ်ဆည် ရှိသေးတယ်။ အဲဒီဆည်ကတော့
မလုပ်ဖြစ်လောက်တော့ဘူးထင်ပါတယ်။ ဘာလို့လည်းဆိုတော့ အိန္ဒိယ.ကလည်း
သူတို့နိုင်ငံထဲက မဏိပူမြစ်မှာ ဆည်ဆောက်မယ် ကြားနေရတယ်။ ခုဟာက ဒေသမှာ
ဆည်တွေနဲ့ ပတ်သက် ပြီး လုပ်ဆောင်မှုတွေ နှေးကွေးတာ ကြာတာတွေ အသံထွက်နေတယ်။
နောက်ပြီး ကျောက်မီးသွေး လျှပ်စစ်စက်ရုံဆိုတာက လာသေးတယ်။
ကျွန်တော်တို့ကတော့ ရှင်းပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်လွန်းမယ့်
ကျောက်မီးသွေးစက်ရုံမလိုချင်ဘူး
။ ဒီ ရာဇဂြိုဟ်ဆည်ကြီးမြန်မြန်ပြီးပြီး
လျှပ်စစ်မီး မြန်မြန်ရချင်တယ်” လို့ ပြောသည်။

ရာဇဂြိုဟ်ဆည်ကြီး တည်ဆောက်မှုအား ယခင် စစ်အစိုးရလက်ထက်ကတည်းက
လုပ်ကိုင်လာခဲ့ပြီး ဆည်အနေဖြင့် လာမည့် ၂၀၁၅ တွင်
တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမည်ဖြစ်သော်လည်း လျှပ်စစ်ထုတ်လုပ်မှု
လုပ်ငန်းအား ၄င်း ၂၀၁၅ ခုနှစ်တွင် ပြုလုပ်နိုင်ဦးမည်မဟုတ်ကြောင်း
သိရသည်။

ရှင်းလင်းပွဲတွင် တည်ဆောက်ရေး (၄) ကလေးမြို့မှ လက်ထောက်ညွှန်ကြားရေးမှူး
ဦးမော်မော်နိုင်မှ ၄င်းတို့ ဌာနအနေဖြင့် ယခု စီမံကိန်းကြီးအား အဆက်မပြတ်
ဆောင်ရွက်နေပါကြောင်း ကလေးဒေသအားလည်း ဒေသခံများထပ်သူ စေတနာထားကြောင်း
လုပ်ငန်းရပ်ဆိုင်းထားမှုများ မရှိပဲ အဆက်မပြတ် လုပ်ကိုင်နေကြောင်း
တည်ဆောက်ခြင်းအနေဖြင့် ရာခိုင်နှုန်း (၉၀) ကျော်နေပြီဖြစ်ကြောင်း မကြာမီ
ကာလတွင် ပြီးဆုံးတော့မည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားထုတ်
စက်ရုံတည်ဆောက်ရန် ပစ္စည်းများလည်း ရန်ကုန်ဆိပ်ကမ်းတွင်
ရောက်နေပြီဖြစ်ကြောင်း ပြောသည်။

အဆိုပါ ဆည်လုပ်ငန်းဆိုင်ရာ ရှင်းလင်းပွဲသို့ ကလေးဒေသရှိ
နိုင်ငံရေးအဖွဲ့အစည်းများ ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကလေးမြို့ မဘသ
ဆရာတော်များနှင့် မြို့မိ/ဖများ၊ ဒေသခံ သတင်းထောက်များပါ
တက်ရောက်ခဲ့ကြသည်။

ချစ်သူမောင်

Wednesday, August 6, 2014

ချင်းပြည် အမှတ်အသား အောက်ချင်းငှက်မျိုး မျိုးသုဉ်းလုနီးပါးဖြစ်လာ





သြဂုတ် ကလေး။

ချင်းပြည်နယ်၏ အထိမ်းအမှတ် အမှတ်အသားဖြစ်သော အောက်ချင်းငှက် များ ချင်းတောင်ဒေသတွင် ရှားပါးလာနေပြီဖြစ်ကြောင်း တွန်းဇံ နယ်တွင် နေထိုင်သူ ချင်းအမျိုးသားတစ်ဦးက ပြောသည်။

အောက်ချင်းငှက်မျိုးစိတ်နှင့် ပတ်သက်ပြီး ချင်းတောင်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်ရေး Chin Green Nekwork မှ ဦးနီကျုံးထန်က အောက်ချင်းငှက်တွေက အရင်ကလောက် မတွေ့ရတော့ဘူး။ ဒါပေမယ့် တောအုပ်ထူထပ်တဲ့ နေရာမျိုးမှာတော့ အနည်းငယ်တွေ့ရပါတယ်။ အောက်ချင်းငှက်မျိုးစိတ်နဲ့ ပတ်သက်ပြီး သီးသန့် ထိန်းသိမ်းလုပ်ဆောင်တာမျိုးတော့ ကျွန်တော်တို့အနေနဲ့ မရှိသေးပါဘူး လို့ ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ချင်းပြည်အမှတ်အသား အောက်ချင်းငှက်များအနေဖြင့် ယခင် ၁၀ နှစ်ဝန်းကျင်ခန့်က အများအပြားတွေ့ရသော်လည်း ယခုနောက်ပိုင်း ချင်းတောင်ဒေသတွင် မမြင်တွေ့ရသလောက် ရှားပါးနေပြီဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်ရှိ ဘုန်းကြိုးဝိုင်း အတွင်းတွင် အနည်းငယ် ရံဖန်ရံခါ တွေ့နေရကြောင်း သိရသည်။

ချစ်သူမောင်