Sunday, September 21, 2014
ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း
ဓမ္မစကူးလ်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံအနှံ့အပြားတွင် တနင်္ဂနွေနေ့တိုင်း စနစ်တကျ သင်ကြားပေးနိုင်မည့် ဓမ္မစကူးလ်ကျောင်းတော်များ ပေါ်ပေါက်လာရေးအတွက် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းများကို စဉ်ဆက်မပြတ် ကျင်းပလျက် ရှိပါသည်။
ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် ဓမ္မစကူးလ်ဖောင်ဒေးရှင်းသို့ ကြိုတင်စာရင်းပေးသွင်းထားနိုင်ပါသည်။ စာရင်းပေးလိုသောသူသည်
၁။ ပြန်လည်သင်ကြားမည့် နေရာ (ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ ဓမ္မာရုံ) ရှိရမည်။
၂။ ပထမတန်း (Grade 1)၊ ဒုတိယတန်း (Grade 2)၊ တတိယတန်း (Grade 3)တို့ကို အတူတကွ သင်ကြားပေးနိုင်မည့် အသက် ၂၀ မှ ၆၀ အတွင်း ၁၀ တန်းအောင်မြင်ပြီးသူ ဆရာ ဆရာမ (ဘုန်းကြီး၊ သီလရှင်၊ လူပုဂ္ဂိုလ်) သုံးဦး ရှိရမည်။
၃။ ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းပြီးဆုံးပါက မိမိစာရင်းပေးသွင်းထားသော ဌာန၌ လမ်းညွှန်ချက်များနှင့်အညီ တနင်္ဂနွေနေ့တိုင်း ပြန်လည်သင်ကြားပေးရမည်။
အထက်ပါ သုံးချက်နှင့်သုံးချက်ပါ စည်းကမ်းများနှင့် ပြည့်စုံသူသည် ဓမ္မစကူးလ်ဖောင်ဒေးရှင်းမှ စီစဉ်ထုတ်ဝေသော သင်ရိုးညွှန်းတမ်းစာအုပ်များ (ကျောင်းသားကိုင်စာအုပ်၊ ဆရာကိုင်စာအုပ်)၊ သင်ထောက်ကူပစ္စည်းများကို လှူဒါန်းထောက်ပံ့ပေးပါမည်။
သင်တန်းကာလမှာ ၇ ရက်ကြာမြင့်ပါမည်။ နေစရိတ်၊ စားစရိတ်၊ ခရီးစရိတ်အားလုံး တာဝန်ယူပါသည်။
စိတ်ပါဝင်စားပြီး အတူတကွ လက်တွဲသာသနာပြုလိုသူများအနေဖြင့်
၀၉ ၄၅၀၀၅ ၇၆၀၉၊ ၀၉ ၄၉ ၂၃၄ ၆၂၉၊ ၀၉ ၄၂၀ ၇၂၄ ၀၉၀ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းပြီး စာရင်းပေးသွင်းနိုင်ကြပါသည်။
ဓမ္မစကူးလ် ဖောင်ဒေးရှင်း (Dhamma School Foundation)
မြိတ်ကျားကျောင်း၊ အိမ်တော်ရာဘုရားဝင်း၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : ၀၉ ၄၉၂၃ ၄၆၂၉၊ ၀၉ ၄၅၀၀၅ ၇၆၀၉၊ ၀၉ ၄၂၀ ၇၂၄ ၀၉၀၊ ၀၁ ၃၈၅ ၁၉၃၊ ၀၁ ၃၉၅ ၁၈၀
Email : dhammaschoolfoundation@gmail.com
Web : http://www.dhammaschoolfoundation.com/
Facebook : https://www.facebook.com/DhammaSchoolFoundation.mm
No comments:
Post a Comment