Sunday, September 21, 2014

ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း တာဝန်ခံများလိုက်နာဆောင်ရွက်ရမည့်အချက်များ

၁။ ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းသားများအတွက် ဖောင်ဒေးရှင်းမှ ချမှတ်ထားသော သတ်မှတ်ချက် များ၊ စည်းကမ်းများနဲ့အညီ သင်တန်းသားများကို ကြိုတင်ရွေးချယ်၍ သင်တန်းအဆိုပြုလွှာတွင် ဖြည့်စွက်ရမည်။ ၂။ တက်ရောက်မည့်သင်တန်းသားစာရင်းကို အပြီးသတ်ရွေးချယ်၍ ဆရာဖြစ်သင်တန်းအဆိုပြုလွှာ တွင် ဖြည့်စွက်ပြီး သင်တန်းမတိုင်မီ (၁ဝ) ရက်အလိုတွင် ဖောင်ဒေးရှင်းသို့ ပေးပို့ရမည်။ ၃။ သင်တန်းသားဦးရေကို အနည်းဆုံး (၃၅) ဦးမှ အများဆုံး( ၆၀)ဦးအထိ သတ်မှတ်ထားသည်။ သင်တန်းအဆိုပြုလွှာတွင် ဖော်ပြထားသော သင်တန်းသားဦးရေကို အပြောင်းအလဲပြုလုပ်၍ မရပါ။ တက်ရောက်မည့်သူ အမည်အပြောင်းအလဲရှိပါက နည်းပြအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်နိုင်ပါသည်။ ၄။ ဖြည့်စွက်ထားသော သင်တန်းသားလျှောက်လွှာများကို ဖောင်ဒေးရှင်းသင်တန်းနည်းပြများအား ပေးအပ်ရမည်။ ၅။ ဆရာဖြစ်သင်တန်းတွင်လိုအပ်သော စာရွက်စာတမ်းများ၊ ကျောင်းသားကိုင်စာအုပ်များ၊ဆရာလမ်းညွှန်စာအုပ်များနှင့် သင်တန်းသုံးပစ္စည်းများကို သင်တန်းမတိုင်မီဖောင်ဒေးရှင်းမှထုတ်ယူရမည်။၎င်းပစ္စည်းများကို သေချာစွာစိစစ်ထုတ်ယူပြီး သင်တန်းအတွက်ကြိုတင်စီစဉ်ထားရမည်။ ၆။ ဆရာဖြစ်သင်တန်းတွင် အသုံးပြုရန် ဖောင်ဒေးရှင်းမှ ထုတ်ယူသွားသော ကျောင်းသားကိုင်စာအုပ်များနှင့် ဆရာလမ်းညွှန်စာအုပ်များကို သင်တန်းပြီးဆုံးလျှင် ဖောင်ဒေးရှင်းသို့ မပျက်စီးအောင် သေချာစွာထုပ်ပိုး၍ ပြန်လည်ပို့ဆောင်ပေးရမည်။ (မိုးရာသီတွင် ပလတ်စတစ်ဖြင့် ထုပ်ပိုးပေးရန်နှင့် ပို့ဆောင်ခ (တန်ဆာခ) များကို တစ်ပါတည်း ပေးချေရပါမည်။) ၇။ ဆရာဖြစ်သင်တန်းသို့ လာရောက်ပို့ချမည့် သင်တန်းနည်းပြများ၏ နေရေး၊ စားရေးနှင့် ခရီးစရိတ် (အသွား/အပြန်) တို့ကို တာဝန်ယူရမည်။ ၈။ ဆရာဖြစ်သင်တန်းဆင်း ဓမ္မစကူးလ်ကျောင်းများ၏ လိုအပ်သော ဆရာလမ်းညွှန်စာအုပ်များ၊ ကျောင်းသားကိုင်စာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများကို သင်တန်းတာဝန်ခံမှ တာဝန်ယူ၍ စီစဉ်ပေးရမည်။ ၉။ သင်တန်းတာဝန်ခံသည် သင်တန်းပြီးဆုံးလျှင် ကျောင်းများဖွင့်လှစ်နိုင်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် သင်တန်းဆင်းဆရာ/ ဆရာမများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ပေးရပါမည်။ ဓမ္မစကူးလ် ဖောင်ဒေးရှင်း (Dhamma School Foundation) https://www.facebook.com/DhammaSchoolFoundation.mm

No comments:

Post a Comment