Thursday, September 11, 2014
ကလေးမြို့တွင် လူမျိုးရေးပဋိပက္ခ ဖြစ်လာနိုင်မှု အခြေအနေအား အချိန်မီ ထိန်းချုပ်နိုင်ခဲ့
စက်တင်ဘာ(၁၁)၊ကလေး။
ရဲဝန်ထမ်းများ အချိန်မီ ထိန်းသိမ်း အရေးယူနိုင်မှုကြောင့် ကလေးမြို့တွင် လူမျိုးရေး ပဋိပက္ခဖြစ်လာနိုင်ဖွယ်ရှိသည့် ပြဿနာတစ်ရပ် ငြိမ်သက်သွားခဲ့ခြင်းဖြစ်ကြောင်း ကလေးမြို့မ ရဲစခန်းမှူး ဦးစိုးမြင့်မှ ပြောသည်။
လက်ရှိ နိုင်ငံတွင်း မြန်မာ မွစ္စလင်အရေးအတွက် ပဋိပက္ခဖြစ်ပေါ်မှု များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ကလေးမြို့တွင်လည်း စက်တင်ဘာ (၁၁) ရက် ည (၇း၃၀) အချိန်ခန့်က လူမျိုးရေး ပဋိပက္ခဖြစ်ပေါ်လာစေနိုင်သော အခြေအနေတစ်ရပ် ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဗမာလူမျိုး မောင်းနှင်လာသော ဆိုင်ကယ်အား အနောက်ဘက်မှ ဗမာ မွတ်စလင် မောင်းနှင် စီးနင်းလာသည့် ဂျစ်ကားဖြင့် တမင်သေစေရန် ရည်ရွယ်ချက်ဖြင့် အသက်အန္တရာယ် စိုးရိမ်ရလောက်အောင် သုံးလေးကြိမ်ခန့် လိုက်တိုက်ခဲ့ကြောင်း ဂျစ်ကားယာဉ်မောင်းမှ ကားပြတတင်းပေါက်မှ ထွက်ကာ ရိုင်းစိုင်းစွာ ပြောဆိုဆဲရေးကြောင်း လက်ချောင်းထောင်ကာ ရိုင်းစိုင်းသည့် အမူအရာလုပ်ပြခဲ့ကြောင်း ဆိုင်ကယ်ရှေ့မှ ကားကို ပိတ်ရပ်ကာ ကားပေါ်မှ ဆင်းလာကာ ဆိုင်ကယ်မောင်းသူ ဇနီးမောင်နှံအား ရိုက်နက်ရန်အထိကြိုးစားခဲ့ကြောင်း အမျိုးသမီးအားလည်း ညစ်ညမ်းစွာ ပြောဆိုခဲ့ကြောင်း ပတ်ဝန်းကျင်မှ ၀ိုင်းအုံလာခါမှ အခြေအနေ ပြန်တည်ငြိမ်လာကာ ကလေးမြို့ ရဲစခန်းမှ ရဲဝန်ထမ်းများ အချိန်မီရောက်လာကာ တရားခံများအား ညတွင်းချင်း အမှုဖွင့်အရေးယူနိုင်ခဲ့ကြောင်း ရဲစခန်း အမှုမှတ်တမ်းများအရ သိရသည်။
အမှုတွင် တရားခံဖြစ်သူ ဗမာ- မွတ်ဆလင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ကလေးမြို့ ရဲစခန်းမှ (ပ)၄၇၇/၂၀၁၄၊ပြစ်မှု ၃၀၇/၂၉၄/၅၀၆/၃၅၄/၁၁၄တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ကလေးမြို့ဓမ္မစကူးလ် သတင်းနှင့် ပြန်ကြားရေး
No comments:
Post a Comment