Tuesday, November 25, 2014
ကလေးမြို့တွင် မျိုးစောင့်ဥပဒေအမြန်ပြဌာန်းရေး ဆန္ဒဖော်ထုတ်မည်
နိုဝင်ဘာ (၂၆)၊ကလေး။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် မျိုးစောင့်ဥပဒေ
အမြန်ပြဌာန်းရေး ဆန္ဒဖော်ထုတ်ပွဲကို ဆင်နွှဲသွားမည်ဖြစ်ကြောင်း ကလေးမြို့
မဘသ အဖွဲ့ပြန်ကြားရေးထံမှ သိရသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲနှင့် ပတ်သက်ပြီး ကလေးမြို့
အမျိုးဘာသာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော်
မင်္ဂလာဥယျာဉ်ဆရာတော်မှ ဘုန်းကြီးတို့ ဒီလို ဆန္ဒဖော်ထုတ်တာဟာ အဓိကကတော့
အမြန်ဆုံး လွှတ်တော်က မျိုးစောင့်ဥပဒေကို ပြဌာန်းပေးဖို့ သက်သက်ပါပဲ။
ဘယ်သူ့ကိုမှ ပုတ်ခတ်ချင်တာမျိုး ပျက်ပြားစေလိုတာမျိုး မရှိပါဘူး။ ဒီ
ဥပဒေကိုလည်း အသေအချာ လေ့လာစေချင်ပါတယ်။ အားလုံးကို သိစေချင်ပါတယ်။ လေ့လာ
ဖတ်ရှု့ချင်တယ်ဆို ဘုန်းကြီးတို့ဆီမှာ ရှိပါတယ်။ အမျိုးစောင့်ဥပဒေဟာ
လူ့အခွင့်အရေး ချိုးဖောက်နေတာလား မချိုးဖောက်ဖူးလားဆိုတာ သေချာ
ဖတ်ကြည့်ပြီးမှ သိမှာမို့ လေ့လာစေချင်ပါတယ်လို့ မိန့်ကြားသည်။
အမျိုးစောင့်ဥပဒေ အမြန်ပြဌာန်းရေး ဆန္ဒပြဖော်ထုတ်ပွဲအား လာမည့် ဒီဇင်ဘာ
(၆) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပထမဆုံး ကလေးမြို့ မင်္ဂလာဥယျာဉ်
ရပ်ကွက် မင်္ဂလာဥယျာဉ်စာသင်တိုက်တွင် နေ့လည် တစ်နာရီတွင်
စတင်ထွက်ခွာမည်ဖြစ်ပြီး ရွှေဘုံသာ ဘုရားကြီးတွင် ပြီးဆုံးမည်ဖြစ်ကြောင်း
သိရသည်။
ဆန္ဒဖော်ထုတ်ပွဲတွင် အဓိက ကြွေးကျော်သံများအဖြစ် အမျိုးစောင့်ဥပဒေ
အမြန်ပြဌာန်းရေး၊ အမြန်ဖော်ဆောင်ရေး၊ အမြန်ပေါ်ပေါက်ရေး ဒို့အရေး ဟူသော
ကြွေးကျော်သံများကို ကြွေးကျော်မည်ဖြစ်ပြီး ကိုင်ဆောင်မည့် ဆိုင်းဘုတ်
များမှာ အမျိုးစောင့်ဥပဒေ အမြန်ပြဌာန်းနိုင်ရေး ကလေးမြို့နယ် လူထု
ဆောင်းဆိုပွဲ ထိပ်စာတန်းကြီးနှင့်အတူ အမျိုးစောင့်ဥပဒေဆိုသည်မှာ၊
အမျိုးစောင့်ဥပဒေသည် အခြား သော ဘာသာ၏ ဥပဒေနှင့် မဆန့်ကျင်ပါ၊ စသည်ဖြင့်
ဆိုင်းဘုတ်စာတမ်းပေါင်း ၁၇ ခု ထိ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
ချစ်သူမောင်
No comments:
Post a Comment