Sunday, June 22, 2014
မြန်မာ့ဆက်သွယ်ရေးမှ ကလေးမြို့တွင် တာဝါတိုင်များထပ်တိုး တည်ဆောက်မည်
ဇွန်(၆)၊ကလေး။
ကလေးမြို့တွင် ဖုန်းလိုင်းများ ကြပ်ညှပ်မှုရှိနေပြီး ဖုန်းဆက်သွယ်မှုများ ခက်ခဲနေသည့် ပြဿနာအား ဖြေရှင်းပေးနိုင်ရန် ဖုန်းတာဝါတိုင်များ ဆိုးချဲ့ ဆောက်လုပ်နေပြီဖြစ်ကြောင်း ကလေးအိတ်ချိန်းရုံး တာဝန်ခံ အင်ဂျင်နီယာ ဦးမြင့်သန်းမှ ပြောသည်။
ကလေးမြို့တွင် GSM , CDMA 800,CDMA 450 ,WCDMA ဖုန်းလိုင်းများ အသုံးပြုနေမှု လေးသောင်းကျော်ခန့် ရှိနေပြီး မေလဆန်းပိုင်းလောက်မှ စတင်ကာ ဖုန်းလိုင်းများ မကြည်လင်မှု ကြပ်တောက်မှုများရှိနေကြောင်း ဆက်သွယ်မှုများလည်း ခက်ခဲနေကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကလေးအိတ်ချိန်းရုံး တာဝန်ခံ အင်ဂျင်နီယာ ဦးမြင့်သန်းက “ ကျွန်တော်တို့ ဖုန်းလိုင်းတွေ ပိုကောင်းလာအောင် ချိန်ညှိမှုတွေ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အခြားဒေသကနေ တဆင့်ပြီး တဆင့် ချိန်ညှိရတဲ့အတွက် အခက်အခဲ အနည်းငယ်ရှိနေပါတယ်။ မြိုင်ဘက်က တစ်နေရာမှာ Error တက်နေတယ်လို့ သိရပါတယ်။ ဒါကို အမြန်ဆုံး အဆင်ပြေအောင် ဆောင်ရွက်နေပါတယ်။ နောက်ပြီး ကလေးဒေသမှာ တာဝါတိုင် (၃) တိုင် တိုးချဲ့ဖို့ စတင်နေပါပြီ “ လို့ ပြောသည်။
ကလေးဒေသတွင် လက်ရှိ တာဝါတိုင် (၉) တိုင်ဖြင့်သာ လိုင်းချိတ်ဆက်မှုများ ဆောင်ရွက်နေပြီး ၂၀၁၄-၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ထပ်တိုးတာဝါတိုင် သုံးခုအား တိုးချဲ့တည်ဆောက်မှု အပြီးသတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အသစ်ထပ်မံတည်ဆောက်မည့် တာဝါတိုင် (၃) တိုင်အား ကလေးမြို့ပေါ်ရပ်ကွက်တွင် (၂) တိုင်နှင့် ကလေးမြို့နယ် မြောက်စည်းကျေးရွာတွင် (၁) တိုင် နေရာရွေးချယ်သတ်မှတ်ထားပြီး မြောက်စည်းကျေးရွာရှိ တာဝါတိုင် တည်ဆောက်မှုမှာ မကြာခင် အပြီးသတ်နိုင်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။
ကလေးဒေသ တစ်ခုလုံးအတွက် တယ်လီဖုန်း တာဝါတိုင် (၉) တိုင်ဖြင့်သာ ဆောင်ရွက်နေသော်လည်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ ဧပြီလအထိ တန်ဘိုးနည်း ဆင်းကတ် ချထားပေးမှု အရေအတွက်မှာတော့ GSM (၅၃၃၄) ကတ်နှင့် metel ဆင်းကတ် (၁၄၀၀၀) ကတ်အထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
ချစ်သူမောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment