Sunday, June 29, 2014

ယာဉ်မှတ်တင်အ၀ိုင်းများ ပျောက်ပျက်ပါက တစ်ကြိမ်လျှင် (၅၀၀၀) ကျပ် တိုးမြင့်ကောက်ခံမည်

ဇွန် (၃၀)၊ကလေး။ ဆိုင်ကယ် ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် (အ၀ိုင်း) ပျောက်ဆုံး ပျက်စီးမှု ရှိပြီး မိတ္တူ ပြန်လည်လျှောက်ထားပါက တစ်ကြိမ် ပျောက်ပျက်တိုင်း ပျောက်ပျက်တိုင်း ငွေကျပ် (၅၀၀၀) စီ တိုးမြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ကညန (ကလေး)၏ ကြေငြာစာအရ သိရသည်။ ပျက်စီး ပျောက်ဆုံး မိတ္တူလျှောက်ခြင်းနှင့် ပတ်သက်ပြီး ကလေးမြို့ ကညန ရုံးမှ ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အ၀ိုင်း ထုတ်ပေးသည့်အချိန်မှ (၃) လပြည့်ပြီး ယာဉ်ထိန်းဌာနမှ ပြစ်ချက်ဖြင့် သိမ်းယူထားခြင်းမရှိကြောင်း ထောက်ခံစာပါမှသာ မိတ္တူပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း ကြေငြာထားသည်။ ဆိုင်ကယ်မှတ်ပုံတင် (အ၀ိုင်း) မိတ္တူလျှောက်သူ တစ်ဦးက “ ကျွန်တော့်ဆိုင်ကယ်မှာ လိုင်စင်လုပ်ပြီး အ၀ိုင်းပျောက်မှာစိုးလို့ မိတ္တူ တပ်ထားတာ ယဉ်ထိန်းက နောက်တစ်ခါ မူရင်းပဲ တပ်ပါလို့ သတိပေးလို့ တပ်ထားတာ အဲဒါ မတော်တဆ ကျနေခဲ့တယ်။ နတ်ပါ ပြုတ်ကျခဲ့တာပါ။ ဒါကို အခုပြန်ရောက်လျှောက်တော့ မှတ်ပုံတင် အ၀ိုင်းခ (၅၀၀၀) ကျပ် ပေးရတယ်။ ယဉ်သက်တမ်းတိုးတာနဲ့ အ၀ိုင်းမိတ္တူလျှောက်တာတော့ (၁၀) ရက်လောက်တော့ စောင့်ရတယ်။ နောက်တစ်ခါပျောက်ရင် (၁၀၀၀၀) ကျပ် ပေးရမယ်တဲ့။ ဒါ့ကြောင့် ကိုယ့်ဆိုင်ကယ်က မှတ်ပုံတင် အ၀ိုင်းကို မပျောက်ပျက်အောင် ထိန်းသိမ်းသင့်တယ် “ လို့ ပြောသည်။ ဆိုင်ကယ် မှတ်ပုံတင် သက်သေခံ (အ၀ိုင်း) မိတ္တူလျှောက်ထားရန် ရပ်ကွက်၊ ရဲစခန်း၊ ယာဉ်ထိန်းဌာနတို့မှာ ထောက်ခံစာနှင့် ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃) ပါ အမည်ပေါက်ပိုင်ရှင်ကိုယ်တိုင်လာရောက်ဆောင်ရွက်ရန် ပိုင်ရှင် မှတ်ပုံတင် မိတ္တူ တစ်စောင်ပါ ယူဆောင်လာရန် လိုအပ်ပြီး ကညန ရုံးသို့ လာရောက်ကာ လျှောက်ထားရန် လိုအပ်ကြောင်း၊ ကိုယ်စားလှယ်လာရောက် လျှောက်ထားပါက ယာဉ်မှတ်ပုံတင်စာအုပ်ပါ အမည်ပေါက်ပိုင်ရှင်၏ မှတ်ပုံတင်မူရင်းနှင့် လာရောက်လျှောက်ထားသူ၏ မှတ်ပုံတင် မိတ္တူ တစ်စောင်ပါ ယူဆောင်လာရန် လိုအပ်ကြောင်း ကိုလည်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။ ကညန ရုံး၏ အသိပေး ထုတ်ပြန်ချက်တွင် (၁.၈.၂၀၁၃) နေ့မှ စပြီး ပျောက်ဆုံးမိတ္တူခ ကျပ် (၅၀၀၀) ၊ ဒုတိယအကြိမ်ပျောက်ပျက်လျှင် (၁၀၀၀၀) ကျပ်၊ တတိယအကြိမ် ပျောက်ပျက်လျှင် (၁၅၀၀၀) ကျပ်၊ တစ်ကြိမ်းတိုး ပျောက်ပျက်တိုင်း ငါးထောင်ကျပ်စီ တိုးမြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ပျက်စီးမိတ္တူ လျှောက်ထားရာတွင် ပျက်စီး အ၀ိုင်းတွင် ဟိုလိုဂရမ် ပြန်လည်ပါရှိမှသာ လက်ခံမည်ဖြစ်ကြောင်း သိရသည်။ ချစ်သူမောင်

No comments:

Post a Comment