Saturday, January 3, 2015

တစ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာညီလာခံ ကျင်းပ

ဒီဇင်ဘာ(၂၅)မန္တလေး။ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာညီလာခံကြီးအား မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ခြေရှိ သစ္စဝေဒဂူ မိုးကုတ်ရိပ်သာတွင် ဒီဇင်ဘာလ (၂၅) ရက်နေ့မှ စတင်ကာ ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ညီလာခံကြီးအား မြန်မာတစ်နိုင်ငံလုံးအဆင့် ညီလာခံကြီးဖြစ်မြောက်ရေး မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေးနှင့် လူမှုကူညီရေးအဖွဲ့ များမှ တာဝန်ယူ ကျင်းပခဲ့ခြင်းဖြစ်ပြီး တတိယအကြိမ်အဖြစ် ကျင်းပခြင်းလည်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ညီလာခံကြီး ကျင်းပခြင်းနှင့် ပတ်သက်၍ ဟိတဓရ ဆရာတော် ဦးဝိမလာဘိဝံသ မှ အလွန်မြင့်မားတဲ့ နည်းပညာတွေကို အသုံးပြုပြီး အလွန်မြင့်မားတဲ့ ဥစ္စာဓနတွေ အသုံးပြုပြီး မီဒီယာလက်နက်နဲ့ ဥစ္စာဓန လက်နက်နဲ့ လက်နက်မျိုးစုံဖြင့် မမြင်နိုင်တဲ့ လက်နက်နဲ့ လက်နက်မျိုးစုံဖြင့် အရှိန်ဟုန် ပြင်းပြင်းဖြင့် တိုက်ခိုက်လာနေတာကို မိမိတို့ ဗုဒ္ဓဘာသာဝင်တွေက တစ်ကျောင်း တစ်ဂါဌာ တစ်ရွာ တစ်ပုဒ်ဆန်းနဲ့ လုပ်နေမယ်ဆိုရင် အခုခေတ် အင်အားကြီးမားတဲ့ မိစ္ဆာဒိဌိ အန္တရာယ်ကို ဘယ်လို နည်းနဲ့မှ ကာကွယ်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ရည်ရွယ်ချက် လုပ်ငန်းစဉ်တူတဲ့ ဆရာတော် သံဃာတော်များ အသင်းအဖွဲ့များ ပူးပေါင်းပြီးတော့ နိုင်ငံနဲ့ အ၀ှမ်း တစ်ခဲနက် ဆောင်ရွက်မှ ဖြစ်နိုင်လိမ့်မယ်လို့ ဘုန်းကြီးတို့ ဆရာတော်ကြီးတွေ ပေါင်းပြီးတော့ သဘောတူညီကြပြီး ဒီနေ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေး အဖွဲ့ကြီးကို ဖွဲ့စည်းလိုက်ပြီး ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွေ အခိုင်အမာ ရေးထားပြီး လှုပ်ရှားဆောင်ရွက်နေပြီဖြစ်ပါတယ်။ နောက်ပြီးနေရာဒေသ အသီးသီးဆိုတော့ အတွေ့အကြုံတွေ မတူညီနိုင်ဘူး အဲလို မတူညီတော့ အချင်းချင်း အပြန်အလှန်ကူညီ ရိုင်းပင်း ဆွေးနွေး ကူညီကြမယ်ဆိုရင် အလွန့်အလွန် ကောင်းမွန်တဲ့ ဘာသာ လူမျိုး နိုင်ငံအတွက် ရလာဒ်ကောင်းတွေ ထွက်လာမယ်။ မှန်ကန်တဲ့ အဖြေတွေ မှန်ကန်တဲ့ လုပ်ငန်းတွေ စနစ်တကျ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို ကောင်းတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာမကို မျှော်မှန်းပြီးတော့ ဒီလို ယဉ်ကျေးလိမ္မာ ညီလာခံကြီးကို ကျင်းပရခြင်းဖြစ်ပါတယ် လို့ မိန့်ကြားခဲ့သည်။ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာညီလာခံကြီးအား ပထမအကြိမ်အဖြစ် မိုးကုတ်မြို့ ဓမ္မရံသီ ရိပ်သာတွင် တက်ရောက်အင်အား (၁၀၀၀) ကျော်ဖြင့် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို အင်အား (၃၀၀၀) ကျော်တက်ရောက်ခဲ့ကာ ဟိုပုံးမြို့ နောင်တောင်း ပရဟိတ (ဘက) ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ မန္တလေးမြို့ ရေတခွန်တောင် သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာ မဂ္ဂဓမ္မရိပ်သာ တွင် ကျင်းပသော တတိယအကြိမ် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာညီလာခံကြီးသို့ မြန်မာနိုင်ငံ အရပ်ရပ်မှ သံဃာတော် ပါး (၁၁၀၀) ခန့်နှင့် လူအင်အား (၄၀၀၀) ခန့် တက်ရောက်ခဲ့ကာ မန္တလေးတိုင်းဝန်ကြီးချုပ်ကိုတယ်တိုင် ဆရာတော်များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာညီလာခံကြီးကို ဒီဇင်ဘာ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ (၅) ရက် ကျင်းပသွားမည်ဖြစ်သည်။ သတင်းနှင့် ပြန်ကြားရေး(ကလေးမြို့ဓမ္မစကူးလ်)

No comments:

Post a Comment