Wednesday, November 26, 2014

(၁၁၈) ဌာနမြောက် ဓမ္မစကူးလ်ကျောင်းဖွင့်ပွဲ ကျင်းပ

နိုဝင်ဘာ(၂၆)၊ကလေး။ ကလေးမြို့ရှိ ဓမ္မစကူးလ် ကျောင်းပေါင်း (၁၁၈) ကျောင်းမြောက် ဓမ္မစကူးလ်ကျောင်းအား ကလေးမြို့၊ စမ်းမြို့ရပ်ကွက် ရွှေရတနာဥယျာဉ် ပရိယတ္တိ စာသင်တိုက်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ အဆိုပါ (၁၁၈) ဌာနမြောက် ဓမ္မစကူးလ်ကျောင်း ဖွင့်လှစ်နိုင်ခြင်းနှင့် ပတ်သက်၍ ရွှေရတနာဥယျာဉ်ဆရာတော် ဦးဝိမလမှ ဦးဇင်းတို့အနေနဲ့ ကိုယ့်ဘာသာ သာသနာ အဓွန့်ရှည် ကြာအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ ဒါဟာ အသိစိတ် တာဝန်ပါ။ ဘယ်သူမှ တာဝန်မပေးအပ်ပေမယ့် ကိုယ်က သာသနာမှာ မြတ်ဘုရားသားတော်တစ်ပါးအနေနဲ့လုပ်ကို လုပ်သင့်နေပါတယ်။ ဒီလို ဓမ္မစကူးလ်ဖွင့်ရတယ်ဆိုတာလည်း ကိုယ့်သာသနာမှာ ကိုယ့် ဘာသာရင်သွေးတွေကို ငယ်ငယ်ကတည်း ကိုယ့်ဘာသာ သာသနာအကြောင်း သိစေအောင် လိမ္မာယဉ်ကျေးအောင် ဘယ်ဟာကုသိုလ် ဘယ်ဟာ အကုသိုလ် စသဖြင့် ငယ်ငယ်ကတည်းက ငြိမ်းချမ်းအောင် သင်ပေးပြောပြပေးနိုင်တဲ့ အခွင့်အရေးကို ယူလိုက်တာပါ။ ကလေးငယ်တွေ ငယ်ငယ်ကတည်းက စိတ်ငြိမ်းချမ်းမှ ကြီးတဲ့အခါ တိုင်းပြည်တာဝန် တစ်နေရာကနေ ၀င်ထမ်းဆောင်ကြတဲ့အခါ တိုင်းပြည်လည်း ငြိမ်းချမ်းအေးမြစေမှာပါ လို့ မိန့်ကြားခဲ့သည်။ (၁၁၈) ဌာနမြောက် ဓမ္မစကူးလ် စာသင်ဌာနဖွင့်ပွဲအား (၂၃.၁၁.၂၀၁၄) ရက် တနင်္ဂနွေနေ့ နေ့လည် (၁း၀၀) နာရီတွင် စတင်ခဲ့ပြီး ဖွင့်ပွဲသို့ ကလေးမြို့ အမျိုးဘာသာ စောင့်ရှောက်ရေး အဖွဲ့(မဘသ) မှ ဥက္ကဋ္ဌ ဆရာတော်၊ အတွင်းရေးမှူးဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ဓမ္မစကူးလ်သတင်းနှင့် ပြန်ကြားရေး (ကလေးမြို့)

No comments:

Post a Comment