Friday, May 22, 2015

ဓမ္မစကူးလ်ကျောင်းများ ယခုနှစ်တွင် ဆဋ္ဌမတန်းသင်ရိုးထပ်တိုး သင်ကြားမည်

မေ(၁၉) ကလေး။ ကလေးမြို့ရှိ ဓမ္မစကူးလ်ကျောင်းများအနေဖြင့် လာမည့် ဇွန်လ တစ်ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ယခုပညာသင်နှစ်တွင် ယခင်နှစ် ပဉ္စမတန်းသင်ရိုးထက် တစ်တန်းတိုးကာ ဆဋ္ဌမတန်းအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ကလေးမြို့ ဓမ္မစကူးလ်ပြန်ကြားရေးရုံးမှ သိရသည်။ “ ဒီနှစ်မှာ အတန်း တစ်တန်းတိုးဖွင့်လှစ်မယ်။ အရင်နှစ်က ပထမတန်းကနေ ပဉ္စမတန်းအထိ သင်ကြားခဲ့တယ်။ အခုနှစ် တစ်နိုင်ငံလုံးအနေနဲ့ ဆဋ္ဌမတန်းတိုး သင်ကြားမှာဖြစ်ပါတယ်။ ပထမတန်းကနေ စတုတ္ထတန်းအထိ ကလေးငယ်တွေကို ကိုယ်အမူအရာ နှုတ်အမူအရာဦးစားပေးရေးဆွဲတဲ့ သင်ရိုးတွေ သင်ပေးတယ်။ ပဉ္စမတန်းမှာတော့ အဘိဓမ္မာ မိတ်ဆက်တယ်။ အခု ဒီနှစ်တိုးမယ့် ဆဋ္ဌမတန်းမှာတော့ အခြေခံ ပါဠိဖတ်နည်းရယ် မင်္ဂလသုတ် ပါဠိတော်ရယ် သင်ပေးဖို့ပြဌာန်းလာတယ်။ ပြီးတော့ ထူးခြားတာက ပြဌာန်းစာအုပ်တွေမှာ စာပုဒ်အလိုက် ရေးသားသူ ကလောင်ရှင် နာမည်တွေ ဖော်ပြလာတာတွေ့ရတယ်” ဟု ကလေးမြို့ ဓမ္မစကူးလ်ဌာနမှ အရှင်ရေ၀တက မိန့်သည်။ ကလေးမြို့တွင် ဓမ္မစကူးလ်သင်ကြားရေးများအား ၂၀၁၃ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဌာနပေါင်း (၁၂၀) ထိရှိကာ ကျောင်းသားကလေးငယ်ပေါင်း (၁၃၃၇၄) ဦး တက်ရောက်သင်ကြားနေပြီဖြစ်ပြီး ဆရာ ဆရာမပေါင်း (၅၅၅) ဦးဖြင့် ဘာသာရေး ယာဉ်ကျေးမှု စာပေများ သင်ကြားပေးနေပြီဖြစ်သည်။ “ ဒီလို ဘာသာရေးစာပေတွေကို ကလေးတွေအတွက် တနင်္ဂနွေနေ့တိုင်း သက်ဆိုင်ရာကျောင်းတွေမှာ သွားပို့ရတယ်။ သူတို့လေးတွေ ဘုရား တရား သံဃာ ပိုသိလာတယ်။ အိမ်မှာလည်း မိဘကို ကူညီရင်း သူတို့ သင်ယူလာတဲ့ ဇာတ်ပုံပြင်လေးတွေကို ပြောပြကြတယ်။ ညဆို ကလေးတွေ ပြောတာ နားထောင်ရင်း သူတို့က ကျွန်မတို့ကို ချော့သိပ်သလိုပါပဲ။ အရမ်းကို သိမ်မွေ့တဲ့ ဘာသာရေးမှာ ကိုယ့်ကလေးတွေ ငြိမ်းချမ်းနေတော့ ပျော်ရွှင် လိမ္မာနေတော့ ကျွန်မတို့ အရမ်းဝမ်းသာရပါတယ်” ပဉ္စမတန်း ဓမ္မစကူးလ်ကျောင်းသား မိခင်တစ်ဦးက ဆိုသည်။ ကလေးမြို့တွင် ဓမ္မစကူးလ်ဌာနပေါင်း (၁၂၀) ရှိနေပြီဖြစ်သော်လည်း ဗဟိုဖောင်ဒေးရှင်းတွင် ကျောင်းအဆိုပြုလွှာတင်ထားသော ကျောင်း ပေါင်း (၅၁) ကျောင်းသာရှိနေသေးပြီး မှတ်ပုံတင်ရန် ကျန်ရှိနေသေးကာ အတန်းတစ်တန်းလျှင် ကလေးငယ်ပေါင်း (၁၅) ဦးမှ (၄၀) ထိသာ သင်ကြားပေးနေကြောင်း သိရသည်။ မင်းရဲစစ်နိုင်

Monday, May 18, 2015

ကျောင်းမှတ်ပုံတင် အဆိုပြုလွှာများ ပေးပို့ကြပါရန်

ကလေးမြို့ ဓမ္မစကူးလ်သင်ကြားရေးဌာနများအနေဖြင့် သင်ကြားရေးဌာနကျောင်းများ မှတ်ပုံတင် အဆိုပြုလွှာများ ဗဟိုဖောင်ဒေးရှင်းသို့ မပို့ရသေးသည့် ဌာနများ ကျောင်းမှတ်ပုံတင် အဆိုပြုလွှာစာရင်းများ ပို့ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကလေးမြို့ဓမ္မစကူးလ်ရုံးသို့ ဆက်သွယ်ပြီး ဆောင်ရွက်နိုင်ပါသည်။ ဆက်သွယ်ရန် ဦးနိသာကရ ဖုန်း ၀၉-၄၀၀၃၀၉၇၆၉၊ ဦးရေ၀တ - ၀၉ ၄၀၀၄၁၈၁၈၃၊ ဦးက္ကုန္ဒ၀ံသ - ၀၉၄၀၀၄၇၅၁၁၂

ကလေးမြို့ ဓမ္မစကူးလ် ကျောင်းများ မကြာမီ ဖွင့်လှစ်မည်

ကလေးမြို့နယ်ရှိ ဓမ္မစကူးလ်ကျောင်းများအနေဖြင့် ဇါန်လ တစ်ရက်နေ့နေ့မှစပြီး ကျောင်းအပ်လက်ခံမှုများကို ပြုလုပ်ကာ (၇) ရက်နေ့တွင် တစ်ပြီုင်တည်း ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ကလေးမြို့ ပြန်ကြားရေး